လာမည့် မတ်လဆန်း ၃၊ ၄ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ စည်းရုံးရေး ခရီးစဉ် အဖြစ်လာရောက်သည့်အခါ ခမ်းနားစွာကြိုဆိုရန် အန်အယ်လ်ဒီပါတီ ထောက်ခံသူများနှင့် မန္တလေးမြို့ခံများ၊က စီစဉ်လျှက်ရှိကြသည်ဟု မန္တလေးမြိ့မှ သတင်းထောက် တဦးကပြောသည်။
...
၎င်းက “ထားဝယ်ထက်သာအောင် ကြိုဖို့ပြင်ဆင်နေကြတယ်။ သင်္ကြန်ခါ မြို့မတေးဂီတအဖွဲ့က ငွေငန်းနဲ့ အလှပြယာဉ်ထွက်သလို အခုခွပ်ဒေါင်းရုပ် နဲ့ကြိုဖို့ပြင်နေကြတယ်။
ဟောပြောမယ့်နေရာကတော့ ၅၁ လမ်းနဲ့ ၅၂ လမ်းကြားက မြေကွက်လပ်မှာ ဖြစ်မယ်။ လူ ၇ သောင်းလောက်ဆန့်မယ်လို့ ခန့်မှန်းထားတယ်” ဟုပြောသည်။
မန္တလေးလူထုကဗိုလ်ချုပ်အောင်ဆန်းပုံ ပါသည့် တီရှပ်၊ အန်အလ်လ်ဒီအလံ၊ စသည်တို့ကို ၀ယ်ယူလျှက်ရှိရာ ရောင်းမလောက်အောင် ဖြစ်နေသည်ဟုလည်း မန္တလေးအန်အယ်လ်ဒီပါတီ တာဝန်ရှိသူများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေး မြိ့ရောက်ရှိစဉ်အတွင်း ၄ ရက်နေ့၌ မဟာမြတ်မုနိဘုရားကြီး ဖူးမြှော်မည်ဖြစ်၍ ၅ ရက်နေ့တွင် တံတားဦး၊ မြင်းခြံ၊ နွားထိုးကြီးတို့သို့ ဆက်လက်ထွက်ခွာကာ ၎င်းနောက်တွင် မိတ္ထီလာ မြို့သို့ဆက်လက်သွားရောက်မည်ဟု သိရှိရသည်။ (YPI)
ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမှ ရွှေခွပ်ဒေါင်းဖြင့် ကြိုမည်(The Voice Weekly)
မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့တော် မန္တလေးသို့ မတ်လ ၃ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့က အရှည် ရှစ်ပေကျော်ရှိ ရွှေခွပ်ဒေါင်းရုပ်ဖြင့် ကြိုဆိုမည် ဖြစ်ကြောင်း တိုင်းပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲ အတွက် နိုင်ငံအနှံ့ စည်းရုံးရေးခရီး လှည့်လည်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ခရီးစဉ် အပြီး တစ်ပတ်ကျော် အကြာတွင် မန္တလေးတိုင်း ဒေသကြီးသို့ လာရောက်မည် ဖြစ်ပြီး ထိုမှတဆင့် မိတ္ထီလာ၊ ပဲခူးမြို့များသို့ ခရီးလှည့်လည်မည် ဖြစ်သည်။
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်