Saturday, March 3, 2012

3 ငါ့မြေး ..ကြည့်နော် ..အဲဒါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တဲ့ ..


ငါ့မြေး ..ကြည့်နော် ..အဲဒါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တဲ့ ..

အဲဒီမှာ သစ္စာတရား တွေပါဝင်တယ်
အဲဒီမှာ ယုံကြည်ကိုးစားမှု တွေပါတယ်
အဲဒီမှာ စွန့်လွှတ် နစ်နာ ခံခြင်းတွေ ပါတယ်
အဲဒီမှာ မိန်းမတစ်ယောက် သေကံမရောက် သက်မပျောက်ဖြစ်ရခြင်းတွေ ပါတယ်
... အဲဒီမှာ ပွင့်လင်းမှုတွေ ပါတယ်
အဲဒီမှာ ရိုးသားမှု ဖြူစင်မှုတွေပါတယ်
အဲဒီမှာ မြေးတို့ ဘ၀တွေလည်း ပါတယ်
အဘွားတို့ ဘ၀တွေလည်း ပါတယ်
အဘွားတို့ တစ်နိုင်ငံလုံးရဲ့ အနာဂတ် လည်းရှိတယ်

မြေးရေ မှတ်ထားနော်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာ
ခမောက်လည်း မခိုးဘူး
ခြင်္သေ့လည်း မခိုးဘူး
ပိုက်ဆံလည်း မပေးဘူး
မုန့်ဟင်းခါးလည်း မတိုက်ဘူး
မှတ်ပုံတင် လုပ်မပေးဘူး
ဂရံလည်း အမည်ဖောက်မပေးဘူး
ယဉ်မောင်းလိုင်စင် လုပ်မပေးဘူး
လမ်းခင်းမပေးဘူး
တယ်လီဖုန်း မပေးဘူး
မြေကွက်မပေးဘူး

ဒါပေမယ့် ငါ့မြေးရေ ..
မေတ္တာတရားတွေ ကိုတော့ ဆောင်ကျဉ်းလာလေရဲ့
လူသား ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ ဆောင်ကျဉ်းလာလေရဲ့

ငါ့မြေးရေ .. အဘွားတို့ နှလုံးသား တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သူရဲ့ ရိုးသား ဖြူစင်မှုနဲ့ မေတ္တတရားတွေက သိမ်းပိုက် ထားလေရဲ့


Lay Pyay Soe

3 comments:

  1. ကောင်းလိုက်တဲ့ ကဗျာ
    ဖတ်ရသူတိုင်းအတွက် ရတနာဖြစ်
    ဝေဒနာအစစ်တွေနဲ့
    မရေမရာဖြစ်နေကြသူတွေအတွက်
    အသေအချာ ယုံကြည်ဖြစ်အောင်
    ရသဂုန်(ဇော်ဂျီဖောင့်မကျွမ်းပါ) ဆောင် ---
    လွန်းလို့  မတ်လအတွက်ထုတ်မယ့် ကျနော်ရဲ့  နေရာတကာ ဂျာနယ်မှာ ထပ်ဆင့်ဖော်ပြပါရစေ၊

    ReplyDelete
  2. N ever give up, though she's mortal.
    L ead Burmese and mankind with peace and purity.
    D ominate mankind by her iron spirit.
    That's why she's assign as the President of NLD.

    အပေါ်က ကဗျာလေးကို ဖတ်ပြီး စိတ်ကူးရလို့ပါ.. အရမ်းကို ကောင်းပါတယ်..
    ကျေးဇူးပါ ကဗျာဆရာ..ရေ

    ReplyDelete
  3. ယခုလို ကဗျာကောင်းတွေ ဖတ်ရတိုင်း၊ ကဗျာရေးသူ နဲ့ blog ပိုင်ရှင်ကို အထူးကျေးဇူးတင်ပါကြောင်း။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.