Saturday, March 3, 2012

1 (၂၀၁၀) ရွေးကောက်ပွဲ တုန်းကလို မသမာမှုတွေမဖြစ်စေရဘူးဆို ...ဆို.....ဆို.......



ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို သံသယဖြစ်စရာလေးတွေတော့ စတင်တွေ့ရှိနေရပါပြီဗျာ။

(၁) ဖေဖော်ဝါရီလ (၂၉) ရက်နေ့ကစပြီး မဲပေးနိုင်မယ့်လူဦးရေစာရင်းတွေကို ကြေငြာရ မှာဖြစ်ပေမယ့် ဖျာပုံမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ (၁၅) ရွာ (လောလောဆယ်သိရှိရသလောက်) မှာ ယခုအချိန်အထိ မဲပေးနိုင်မယ့်လူဦးရေစာရင်း...တွေကို ကြေငြာထားခြင်းမရှိသေးပါဘူး။

(၂) မဲစာရင်းကြေငြာထားပြီးတဲ့ ကျေးရွာနှစ်ရွာမှာတော့ လူဦးရေစာရင်းအတိအကျကို သိရှိရဖို့ ကျေးရွာ NLD အဖွဲ့ဝင်တွေက သွားရောက်ကူးယူတဲ့အခါမှာ ကူးယူခွင့်မပြုနိုင်ပါဘူးလို့ တားမြစ်ခံခဲ့ပါတယ်။ (မဲစာရင်းကို ကူးယူတာဟာ ဘယ်လိုဥပဒေပုဒ်မနဲ့ ညှိစွန်းနေတယ်ဆိုတာ နားမလည်နိုင် လောက်အောင်ပါပဲ)

(၃) အဲ ... ဆိုးတာကတော့ မဲစာရင်းကပ်ထားပြီး ကူးယူခွင့်ရတဲ့ကျေးရွာတွေမှာတော့ NLD ပါတီဝင်တွေထဲက အတော်များများရဲ့ နာမည်တွေကို ချန်လှပ်ခဲ့တာကိုတွေ့ခဲ့ရပါတယ်။ အဲဒီ ချန်လှပ်ခံခဲ့ရသူတွေအားလုံးဟာလည်း ရွေးကောက်ပွဲဥပဒေနဲ့ ညှိစွန်းခြင်း အလျင်းမရှိတဲ့သူတွေပဲ ဖြစ်နေပါတယ်။

(၄) အဆိုးတကာ့ အဆိုးဆုံးကတော့ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့စာရင်းထဲမှာ သေဆုံးပြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးအသင်းဝင်/ပါတီဝင်တွေရဲ့ နာမည်တွေကို တွေ့ရှိနေရတာပဲဖြစ်ပါတယ်ဗျား ... .... ...။

မဲပေးနိုင်ခွင့်ရှိတဲ့လူစာရင်းတွေကို အချိန်နဲ့ တစ်ပြေးညီ မထုတ်ပြန်တာ၊ မဲပေးနိုင်ခွင့် နဲ့ ပြည့်စုံတဲ့လူတွေကို မဲစာရင်းကနေ ချန်လှပ်ထားခဲ့တာ၊ သေဆုံးပြီးသူတွေကို မဲပေးနိုင်ခွင့် စာရင်းထဲထည့်ထားတာတွေဟာ .... ဘယ်လိုရည်ရွယ်ချက်ကြောင့်ဆိုတာ အထူးအထွေ ရှင်းပြနေစရာလိုမယ် မထင်တော့ပါဘူး။
ဒီစာရင်းတွေကို မတ်လ (၆) ရက်နေ့ ညနေ (၄) နာရီမှာမှ အမှန်အတိုင်းဖြစ်အောင် မပြုပြင်နိုင်ရင်တော့ .... .... .... လက်ရှိ အမှားအတိုင်းကိုပဲ အတည်ယူရတော့မလိုဖြစ်နေပါတယ်။

ဖျာပုံမြို့နယ် NLD အဖွဲ့ချုပ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မဲရုံကော်မရှင် ကို တင်ပြဖို့ ကြိုးစားနေပြီလို့ သိရပါတယ် ... ။

အဲ ... အခုလောလောဆယ်မှာတော့ ကျွန်တော်အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကြီးရဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရပါမယ်ဆိုတဲ့ စကားကို ပဲ (အမှတ်မရှိ) နောက်တစ်ခါ ထပ်ပြီး ကြားချင်နေမိပါတော့တယ်ဗျာ ... ... .... ။

မင်းခေါင် (ဖျာပုံ)

Bryan Adams

1 comment:

  1. ဘာကြောင့် ဒီလောက် ယုတ်မာနေ ကြတာလဲ။ မသေခင် စိတ်ကောင်းလေး မွေးပြီး ယောက်ျား ပီပီ သတ်တိ ရှိရှိ တရားသဖြင့်ယှဉ်ပြိုင်ကြပါလား။ မင်းတို့ကောင်းရင် မင်းတို့ကိုရွေးကြမှာပေါ့။ ကလိမ်ကကျစ် ညဉ် ၊ ယုတ်မာတဲ့စိတ်ထား၊ ဘယ်သူသေသေ ငတေမာပြီးရောစိတ်ဓါတ်တွေနဲ့ တိုင်းပြည်နဲ့ပြည်သူကိုဖွတ်ဖွတ်ညက်ညက် ကြေအောင်လုပ်ခဲ့တာတွေကို ရပ်တန်းကရပ်ကြပါတော့။ လွန်ကဲသောစည်းစိမ်ဥစ်စာ၊ အာဏာတွေကို တရားလက်လွတ် ကျင့်သုံးခဲ့ကြခြင်းကြောင့် မြန်မာပြည်သူအားလုံး စိတ်နှလုံး မသာမယာနဲ့ ညှိုးချုံးခဲ့ကြရ ချိနဲ့ခဲ့ကြရတယ်။ လူတွေကို ဒီလောက်နှိပ်စက်ခဲ့ကြပြီးပြီ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကို ဖျက်ဆီးခဲ့ကြပြီးပြီ။ အချိန်ရှိတုံးအသိတရားရပြီး ယုတ်မာ ညစ်ပတ်တဲ့နည်းလမ်းများကိုမသုံးကြပါနဲ့တော့။ အောက်ပါကဗျာကိုဖတ်ပြီးဆင်ခြင်နိုင်ကြပါစေ။
    သင်သည်လည်းလူ ဘယ်လိုလူလဲ
    မာသာထရီဇာ လူလော့ကလာတော့
    လူတွေကိုကူညီသွား မေတ္တာတွေပွါးသမို့
    သူ့ကိုချစ်ကြ တမ်းတကြ၏။
    အာဏာရှင်ဟစ်တလာ လူလောကလာတော့
    လူတွေကိုသတ် လွန်နှိပ်စက်လို့
    သူ့ကိုမုန်းကြ မတမ်းတကြ။
    ဒို့ရဲ့ဖခင် သခင်ဗိုလ်ချုပ်အောင်ဆန်း
    ဒို့ပြည်မှာ သူစွမ်းတော့
    လူတွေကိုကူညီသွား မေတ္တာပွါးသမို့
    သူ့ကိုတမ်းတ လွန်ချစ်ကြ၏။

    အာဏာရှင်ယုတ် နေ၀င်းဗိုလ်စုတ်
    ဒို့ပြည်မှာသူအုပ်ချုပ်တော့
    တိုင်းပြည်လည်းစုတ် လူလည်းစုတ်မို့
    သူ့ကိုမုန်းကြ သတ်ချင်ကြ၏။
    ဒို့ပြည်ရဲ့မိခင် အောင်ဆန်းစုကြည်သခင်ရဲ့
    ကြင်နာ မေတ္တာ ကရုဏာ တရား
    ပြည်သူတွေပေါ်ထားသမို့
    ပြည်သူလည်းချစ် ကမ္ဘာလည်းချစ်ပေါ့။

    အာဏာရှင်ကြီးသန်းရွှေ
    ဒို့ပြည်ကို သူမွှေလို့
    သခင်ဘ၀မှ ကျွန်ဘ၀တွေဖြစ်ရ
    နွံထဲနှစ်ရ လူလုံးမလှသမို့
    သူ့ကိုမုန်းကြ ရှင်းချင်ကြ၏။
    ဒီမယ်အမောင် သင်….ဤလူ့ဘောင်ကို
    ရောက်တုန်းရောက်ခိုက် ရောက်သခိုက်မှာ
    သင်သည်လည်းလူ ဘယ်လိုလူလဲ
    လူတွေချစ်ရ တန်ဖိုးရသလား
    လူတွေမုန်းပွါး အာဃာတထားသလား
    သင့်ကိုယ်သင်မေး ပြန်စစ်ဆေးပါ
    သင်သည်လည်းလူ ဘယ်လိုလူလဲ…..

    မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.