Monday, April 30, 2012

0 မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ(ဓာတ်ပုံ)








(၂၉.၄.၂၀၁၂)

(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်
နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်
မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲတိမ်းမှောက်ခဲ့ပါ သည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသောမျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသောရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံး ပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှပြောကြား ခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်း ကို ပြန်လည်ပြုပြင်နေ ကြောင်း သိရှိရပါသည်။

ုKatha town Facebookမှ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.