
Photo.AP, Getty images, Reuters
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။
"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။"
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။
အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။
ကရင်တိုင်းရင်းသား အများဆုံး အပါအ၀င် စစ်ဘေး ဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည် စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည် ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည်(၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။
ထိုင်းအစိုးရ ဟာ ...မြန်မာအစိုးရ နဲ့ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာက ဖေါ်ပြ လိုက်ပါတယ်။
အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တဲ မယ်လ စခန်းကို သွားရောက်ခွင့်ရဖို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို နောက်ဆုံးအချိန်မှာ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပေမဲ့ လူထုဟောပြောပွဲလုပ်ခွင့်မပြုတဲ
နိုင်ငံတကာသတင်းထောက်တွေကိုလည်း
မယ်လ ဒုက္ခသည်စခန်းရှိရာ တပ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆပ် ဘန်တစ်ယာ က - ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ် ကို နိုင်ငံခြားရေးဝန်ကြီးဌာနက သိပ်လူသိမခံဘဲ သိုသိုသိပ်သိပ် လုပ်ဖို့
ပြောထားပါတယ်၊ သတင်းထဲလည်းမပါစေချင်ပါဘူး၊ မြန်မာအစိုးရ နဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးရိမ်နေတယ် လို့ နယူးယောက်တိုင်း ကို ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ထိုင်း နိုင်ငံမှာရှိနေစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ဟာ သူ့ရဲ့ ထိုင်း ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့ပါတယ်။
(Rfa)
ဒုက္ခသည်တွေအတွက်လည်းဆွေးနွေးပေးသွားတယ်နော်.........မြန်မာပြည်သူတွေအတွက်အပူမီးတွေကိုအေးချမ်းသွားအောင် တတ်နိုင်သလောက်စွမ်းဆောင်ပေးနေတယ်.....အန်တီကျန်းမာပါစေ....ဆန္ဒတွေလည်းပြည့်ဝပါစေ............
ReplyDelete