Wednesday, June 6, 2012

0 တာမွေမြို့နယ်အဖွဲ့ ချုပ်ရုံးဆိုင်းဘုတ်နှင့် အဖွဲ့ ချုပ်အလံစတေကာ ကပ်ထားသော ကား ၂စီး ဖျက်စီးခံရ

ယနေ့ နံနက် ၇ နာရီအချိန်ခန့်တွင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံး ဆိုင်းဘုတ်အား အုတ်ခဲပိုင်းဖြင့် ပစ်ပေါက်ပြီး ဆိုင်ဘုတ်အားဖျက်စီးခံခဲ့ရသည်ဟုသိရပါသည်။ ထို့ပြင် ကျောက်မြောင်း ရပ်ကွပ် ဓမ္မဒါန လမ်းတွင်း နေထိုင်သူ တဦးပိုင်ဆိုင်သည် တောင်းအေ့ အမျိုးစားကားတစီးအား NLD အလံစတေကာ ကပ်ထားသည့်အတွက် " ခုချိန်ထိ ဒီအလံတွေ မခွာသေးဘူးလား " ဟုအော်ဟစ် ပြောဆို ခဲ့ပြီး ကားဘေး မှန်အား အုတ်ခဲဖြင့် ထုခဲ့ သဖြင့် ကားမှန်ကွဲသွားခဲ့သည့် ဟုသိရပါသည်။

အဆိုပါဖြစ်စဉ်များနှင့် ပါတ်သက်၍ တာမွေမြို့ နယ်အဖွဲ့ ချုပ်ရုံးအားဆက်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ရှိသူတဦးမှအောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည် ။" ကျနော် တို့ က ပထမတော့  ကျနော် တို့ ရုံးကိုပဲ ဖျက်စီးခံရတာလို့  ထင်ခဲ့တာ ဒီဖြစ်ရပ်နဲ့ပါတ်သက်ပြီး ရဲစခန်းမှာ အမှု့  ဖွင့် ဖို့  သွားတဲ့ အခါ ကြတော့ ကားတစီးလဲ အခွဲခံလိုက်ရတယ်လို့  သိရပါတယ်...တရားခံကိုတော့  ကျနော်တို့  လည်း ကျနော်တို့  သက်ဆိုင်ရာ ရဲစခန်းမှတာဝန်ရှိသူများနှင့် ပူးပေါင်းစုံးစမ်းလိုက်တဲ့အခါ မှာတော့  ကားမှန်နဲ့ မြို့ နယ် ရုံးဆိုင်းဘုတ်ကို ဖျက်စီးသွားတဲ့ သူဟာ တယောက်ထဲ ဖြစ်နေတာ ကို တွေ့ ရ ပြီး နံမည်ကတော့  အရှည်ကြီး(ခ) သီဟလှိုင် ဆိုသူဖြစ်ကြောင်း သိရပါတယ်..။ အခုကျနော်တို့  တာမွေမြို့ နယ်ရဲစခန်းမှာ ဦးတိုက်မှုအမှတ်စဉ် ၂၂/၂၀၁၂ အမှုဖွင့်ထားပြီး အမှု့ ကို ရဲအုပ်စိုးဝင်းမှ လက်ခံစုံစမ်းနေပါတယ် ။ တာမွေတရားရုံးကိုလဲ သွားရောက်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားသွားမှာပါ...." ဟုတ်ပြောဆိုခဲ့သည် ။ ဆက်လက် သိရှိရသည့် သတင်းများအရ အဆိုပါ အရှည်ကြီး(ခ)သီဟလှိုင်ဆိုသူမှာ တာမွေမြို့ နယ်ရဲ့ စွမ်းအားရှင် အဖွဲ့ ဝင်တယောက် ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အမက(၉) တာမွေ မဲရုံစောင့်အဖြစ် လုပ်ကိုင်ခဲ့ဘူးသည်ဟုသိရပါသည် ။

ဖျက်စီးမှုများပြုလုပ်ခဲ့သူ တရားခံ သီဟလှိုင်(ခ) အရှည်ကြီး

ထို့ အပြင် တက္ကစီ ကားတစီးအားလည်း ကားမှန်တွင် စတေကာ ကပ်ထားသည့်အတွက် ရှေ့ မှန်အားအုတ်ခဲဖြင့် ထုခဲ့ရာ ကားမှန်ကွဲကြေသွားခဲ့သော်လည်း ရဲစခန်းတွင်လာရောက် တိုင်ကြားခြင်းတော့ မရှိဘူးလို့  သိရပါတယ် ။ တရားခံ သီဟလှိုင်၏ဓါတ်ပုံနှင့် ၎င်းဖျက်စီးခဲ့မှုများအားအောက်ရှိ ပုံများတွင်ကြည့်ရှုနိုင်ပါသည်

တာမွေအဖွဲ့ ချုပ်ရုံးဆိုင်းဘုတ် အားမြင်တွေ့ရစဉ်



ဖျက်စီးခံရသောကား
မှန်ကွဲစများနှင့် စတေကာအလံ

myanmar mediamm

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.