Tuesday, June 5, 2012

0 ကိုမာကီး (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့) နဲ့ မစုစုနွေး (အလုပ်သမားရေးရာတက်ကြွလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာဧည့်ခံပွဲအခမ်းအနား(၃.၆.၂၀၁၂).



(ဇွန်လ ၃ ရက်) ညနေ ၅ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီမှာ၈၈မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ကိုကျော်ကျော်ထွေး(မာကီး)နဲ့ မစုစုနွေး(အလုပ်သမားရေးရာလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာအခန်းအနားကျင်းပခဲ့ပါတယ်။
ဂီတမှူးကိုဝင်းမော်ရဲ့ရွှေသံစဉ်တေးဂီတအဖွဲ့ကတေးသံသာများနဲ့ လက်ဖွဲ့ကြပါတယ်။

NLD က ဦးဝင်းတင်၊ဦးတင်ဦး၊ဦးစိုးဝင်း တို့တက်ရောက်ကြပြီး ၈၈ က ကိုမင်းကိုနိုင်၊ကိုမင်းဇေယျ၊
... ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုပြုံးချို၊ကိုမြအေး၊ကိုအံ့ဘွယ်ကျော်၊ကိုဇောက်ထိုး(သက်ဇော်)၊
ဘောင်းဘောင်း(ဇော်မင်း)တို့အပါအ၀င် အားလုံစုံညီစွာတက်ရောက်ကြတာတွေ့ရပါတယ်။

တေးသံရှင်ခိုင်မြဲသာနဲ့သံသာဝင်းတို့ကလည်းတေးသီချင်းတွေနဲ့လက်ဖွဲ့ကြပါတယ်။ကိုဝင်းမော်(ရွှေသံစဉ်)ရဲ့ သားအောင်အောင်ဖြိုးပြည့်(Vocal) နဲ့ ဗိုဗိုသီဟ(Drums) တို့ရဲ့Violenceအဖွဲ့ကလည်းတေးသီချင်းတွေနဲ့ မင်္ဂလာလက်ဖွဲ့ပေးကြပါတယ်။

ကိုမင်းကိုနိုင်က သူထောင်ထဲမှာရေးခဲ့တဲ့သီချင်းကို ၈၈ကသူငယ်ချင်းတွေနဲ့အတူ သီဆိုပြီး
လက်ဖွဲ့ခဲ့ပါတယ်။

Photo။ ။ Shwe than zin. Nyi Han

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.