Saturday, June 9, 2012

3 ရေကန် အဆိပ်ခတ်သတင်းထွက်ပေါ်၊ RSO လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်၊

ယနေ့မနက် မောင်တောမြို့မှ သိရှိရသည့် သတင်းများအရ မောရ၀တီနှင့် ကုန်းပြင်ရွာ ၂ရွာ မီးရှို့ခံရပြီး တောင်ကုန်းရွာကို ဘင်္ဂါလီများ လောလောဆယ် ၀ိုင်းထားသည်ဟု သိရသည်။

မောင်တောမြို့ကို ရေပေးဝေနေသည့် ကန်တော်ကြီးရေကန်ကို RSO ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာ ဘင်္ဂါလီအကြမ်းဖက်သူများက အဆိပ်ခတ်ထားသည် ဆိုသည့် သတင်းများထွက်ပေါ်ပြီးနောက် ရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းထားကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ မောင်တောမြို့ စည်ပင်သာယာမှ ကန်တော်ကြီးရေကန်မှရေကို မြို့နေလူထုတွက် ပေးဝေသည့် စနစ်ဖြစ်သည်။

အခြားသတင်းတရပ်တွင် တောင်ကုန်းရွာ အနီးမှကျေးရွာတရွာတွင် ကျောင်းဆရာမ (၅) ဦးအသတ်ခံရသည်ကို ယနေ့နံနက်တွင် သိရသည်ဟုဆိုသည်။ ယင်းသတင်းကို သီးခြား အတည်ပြုချက် မရသေးပါ။

မောင်တောမြို့နေ ရခိုင်လူမျိုးများက နယ်စပ်တလျှောက်ရှိ ရခိုင်လူမျိုးများနေထိုင်ကြသည့် ကျေးရွာများဆီ စစ်တပ်က မရောက်နိုင်သည့် အဖြစ်ကို စိုးရိမ်နေကြသည်ဟု လည်းပြောသည်။

ယမန်နေ့ညက RSO ဟုခေါ်သည့် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး လက်နက်ကိုင်များ မော်တော် ၃ စီးဖြင့် မြန်မာနိုင်ငံဘက်ကမ်းသို့ ၀င်ရောက်လာရာ မြန်မာနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များနှင့် တိုက်ပွဲ ၃ နေရာတွင်ဖြစ်ပွားသည်ဟု သိရှိရသည်။

မော်တော်တစီးတွင် အင်အား ၆၀ ခန့်ပါရှိသည်ဟုလည်း သိရသည်။ RSO အလံတင်ထားသည့် မော်တော်တစီးမှာ ဘင်္ဂလားဒေ့ရှ် ဘက်ကမ်းကိုလည်း ပြန်မကပ်နိုင်ဖြစ်ကာ နတ်မြစ်ထဲတွင် အချိန်တော်ကြာ ခုတ်မောင်းပြီးသည့်နောက် မြန်မာဘက်အခြမ်းကပ်လာရာတွင် ယင်းနေရာ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ ။

Yangon press international
နောက်ဆုံးသိရှိရသော အခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မရုံးမှ အရာရှိတစ်ဦးက ၄င်း၏ facebook စာမျက်နှာတွင် အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

ဇွန်လ ၈ ရက်နေ့
၁၃၁၅ နာရီ။ မောင်တောမြို့ (၄)ရပ်ကွက်အား အင်အား ၃၀၀ ခန့်မှ မီးရှို့၊ သဇင် တည်းခိုခန်းနှင့် အိမ် ၄ လုံး မီးရှို့ခံရ။

၁၄၃၀ နာရီ။ မောင်တောမြို့ (၅)ရပ်ကွက် အင်အား ၃၀၀ ခန့်မှ မီးရှို့၊ အိမ် ၄ လုံး မီးရှို့ခံရ။

၁၄၃၀ နာရီ။ လ...ဗော်ဇားတံတား ကင်းစခန်း၊ မောင်တောမြို့သို့ ၀င်ရန် တောင်ဘက်မှ အင်အား ၇၀၀ ခန့် ရောက်ရှိလာရာ နစကမှတားဆီးခဲ့၊ အင်အား ၄၀၀ လှည့်ပြန်သွား၊ အင်အား ၃၀၀ ကျန်၊ လယ်ကွင်းမှဖြတ်ပြီး မောင်တောမြို့တွင်းဝင်။

၁၄၃၀ မှ ၁၅၀၀ ထိ ။ သရည်ကုန်းဘောင်ရွာအား အင်အား ၂၀၀ ခန့်မှ မီးရှို့၊ အိမ် ၁၀၃ လုံး မီးရှို့ခံရ။

၁၅၀၀ နာရီ။ ရွှေရင်အေး(နတလ)ရွာ၊ အင်အား ၂၀၀ ခန့်မှ မီးရှို့၊ ပစ္စည်းလုယက်၊ အိမ်ခြေ ၆၇ လုံး မီးရှို့ခံရ။

၁၅၀၀ နာရီ။ မောင်တောမြို့၊ ညောင်ချောင်းဈေးတန်း၊ ပစ္စည်းလုယက်၊ ဈေးဆိုင်တန်း မီးရှို့၊ ဈေးဆိုင်ခန်း ၁၉ ခန်း မီးရှို့ခံရ။

၁၅၀၀ မှ ၁၆၀၀ ထိ။ ခရေမြိုင်(နတလ)ရွာ၊ ဗောဓိကုန်း၊ ကင်းချောင်းရွာ၊ ကန်သာယာရွာ၊ ကံပြင်သာစည်ရွာစသည်တို့တွင် အင်အား ၃၀၀ ကျော်စီမှဝိုင်း၊ မီးရှို့၊ အိမ်ခြေ (၁၀၀)၊ (၂၃)၊ (၂၀)၊ (၄၀)၊ (၂၀)စီ မီးရှို့ခံရ။

၁၆၃၀ နာရီ ။ အောင်ဗလရွာ၊ အင်အား ၃၀၀ ကျော်မှဝိုင်း၊ နယ်မြေ(၆)ရဲတပ်ဖွဲ့မှ ခြောက်လှန့် ပစ်ခတ်ချိန် ထွက်ပြေးသွား။

၂၀၃၀ နာရီ။ ဥဒေါင်း(နတလ)ရွာ၊ အင်အား ၃၀၀ ခန့်မှ မီးရှို့ရန် ၀ိုင်း၊ ကျားထိုးမည့် ပုံ လုပ်လာသဖြင့် သေနတ်ထောင်ပြီး ပစ်ဖောက်ခဲ့ရ။

၂၂၁၀ နာရီ။ ပြသားရွာ၊ အင်အား ၂၀၀/၃၀၀ မှ ၀ိုင်း၊ ပြန်ဆုတ်သွား။

၂၃၀၀ နာရီ။ ရပ်ကွက်(၅)၊ ၃၀၀ ခန့် အနားကပ်လာ၍ ခြောက်လှန့် ပစ်ခတ်ခဲ့ရ။

၂၃၀၀ နာရီ။ နယ်မြေ(၇) ပင်လယ်ပြင် ကမ်းခြေအနီး၊ စက်လှေ(၃)စီး ပင်လယ်ပြင်မှ ကမ်းခြေသို့ မောင်းနှင်ဆိုက်ကပ်လာ၊ ကမ်းခြေစောင့်အဖွဲ့မှ တွေ့ရှိ။

၂၃၁၅ နာရီ ။ မောရ၀တီရဲကင်း၊ ရဲကင်းအား မီးရှို့။

၂၃၁၅ နာရီ။ (၃)မိုင်စစ်ဆေးရေးစခန်းအနီး ဝေသာလီကျေးရွာ ၊ အင်အား ၃၀၀ ခန့်မှ ၀ိုင်း၊ မီးတုတ်နှင့်ပစ်၊ အိမ် ၅ လုံး မီးလောင်။

၂၃၄၀ နာရီ။ ရပ်ကွက်(၄)နှင့် ရပ်ကွက်(၅)ကြား၊ ၂၀၀ ဦးခန့် လူစုမခွဲဘဲ ရှေ့တိုး၊ အန္တရာယ် ပြုမည့် အနေအထား ပြုလုပ်၊ ရဲတပ်ဖွဲ့မှ ခြောက်လှန့်ပစ်ခတ်ခဲ့၊ ဆုတ်ခွါသွား။

ဇွန်လ ၉ ရက်နေ့
၀၁၁၀ နာရီ။ ရပ်ကွက်(၃)၊ အင်အား ၁၀၀ ခန့် ရပ်ကွက်မှ ခဲဖြင့် ပစ်ခတ်သဖြင့် သေနတ် မိုးပေါ် ထောင်၍ ပစ်ခတ်ခဲ့ရ။
၀၃၀၀ နာရီ ။ ရပ်ကွက်(၄)၊ ဗိုလ်မှူးရွာ ။ အိမ်(၁)လုံး မီးရှို့ရန် ပြုလုပ်၊ မိုးပေါ်ထောင်ပစ်၊ ပြန်ထွက်သွား။

၀၅၁၅ နာရီ ။ ဝေသာလီရွာ၊ အင်အား ၂၀၀ ခန့် ၀ိုင်းဖို့ ကြိုးစား၊ မိုးပေါ်ထောင်ပစ်၍ ပြန်ထွက်သွား။

3 comments:

  1. Fuck you Mya Aye (88'student) and her daughter (kalar)!Fuck you BBC, VOA and DVB, Rohingha are not Myanmar until this world ends!See our race Rakhine are attacked!We will never forget this event!And never forgive for our blood!

    ReplyDelete
  2. မိုးပေါ်ထောင်ပစ်မနေပါနဲ့၊ ရခိုင်တွေသေကုန်လိမ့်မယ်။ မင်းတို့ပထွေးတွေကို တည့်တည့်ပစ်ပါ။ သူတို့က ပရိတ်မရွတ်၊ အဖြူအစိမ်းမ၀တ်တော့ မှန်အောင်မပစ်ရဲဘူးလား။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.