(10 June 2012 ရက်စွဲပါ The Guaridian တွင် Francis Wade ရေးသားသော Burma clashes could put transition to democracy at risk, president says ကိုဘာသာပြန်ဆိုသည်။)
(ပြည်ပသြဇာရှိ မီဒီယာများ၏ ရည်ရွှယ်ချက်ဖြင့် မှားယွင်းစွာရေးသားဖော်ပြမှုများကို သိစေသောငှာ ဘာသာပြန်ဆိုသည်။)
မြန်မာနိုင်ငံတွင် ဘာသာရေးအရခြားနားမှုများကြောင့် ဖြစ်ပေါ်နေသော ပြင်းထန်သော အကြမ်းဖက်မှုများသည် ဒီမိုကရေစီအသွင် ကူးပြောင်း ရေးကို အန္တရာယ်ဖြစ်စေကြောင်း သမ္မတဦးသိန်းစိန် သတိပေးခဲ့သည်။ မြန်မာနိုင်ငံအနောက်ပိုင်းတွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များကြားတွင် ရန်ပွဲများဖြစ် ပွားပြီး အနည်းဆုံး(၈)ဦးခန့် သေဆုံးပြီး(၁၇)ဦးခန့် ဒဏ်ရာရရှိမှုအပြီး၌ အဆိုပါ ပြည်နယ်တွင် အစိုးရက အရေးပေါ် အခြေအနေ ကြေငြာခဲ့သည်။
တနင်္ဂနွေနေ့အစောပိုင်းက အာဏာပိုင်များသည် ရခိုင်ပြည်နယ်လေးမြို့နယ်တွင် ကာဖျူးထုတ်ပြန်ခဲ့သည်။ ဇွန်လအစောပိုင်းက ဘတ်စ်ကားပေါ်မှ မွတ်ဆလင်(၁၀)ဦး အသတ်ခံရရာမှ တဖြည်းဖြည်း တင်းမာမှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဦးသိန်းစိန်က ရုပ်မြင်သံကြားမှ စကားပြောရာတွင် အမုန်းတရားများ၊ လက်စားချေလိုခြင်းများကြောင့် ပြင်းထန်သောရက်စက်မှုများ ဖြစ်ပွားခဲ့ရ ကြောင်း ပြောကြားခဲ့သည်။ “တကယ်လို့ကျွန်တော်တို့လူမျိုးရေး၊ဘာသာရေးစိတ်ခံစားမှုတွေကို ရှေ့တန်းတင်မယ်ဆိုရင် ဘယ်တော့မှ မဆုံးနိုင်တဲ့ အမုန်းတရားတွေ၊ လက်စားခြေလိုစိတ်နဲ့မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်မယ်ဆိုရင်၊ ဆက်ပြီးလက်တုန့်ပြန်နေမယ်၊အကြမ်းဖက်ပြီး အချင်းချင်း သတ်ဖြတ် နေမယ်ဆိုရင်၊ ရခိုင်တွေတင်မကဘူး အားလုံးအတွက် ဒုက္ခတွေများလာပြီး အန္တရာယ်ရှိပါတယ်”ဟု ၎င်းကပြောသည်။
“တကယ်လို့ ဒီလိုဖြစ်လာခဲ့ရင် ပြည်သူအများက တိုင်းပြည်ရဲ့တည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေး၊ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပြင်းထန်စွာ သက်ရောက်မှုများရှိနိုင်ပြီးဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ သိသင့်ပါတယ်”ဟု ၎င်းကပြောသည်။
သမ္မတဦးသိန်းစိန်သည် ၎င်း အာဏာရယူပြီးကတည်းက ယခုအကြိမ်သည် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်ပြီး နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အမိန့်တည်နေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
Razen Bibi ဟုခေါ်သော (၁၂)နှစ်အရွယ် မိန်းခလေးတစ်ဦးသည် မငြိမ်သက်မှုတွင်(၈)ဦးမြောက် အသတ်ခံရသူဖြစ်ပြီး၊ တနင်္ဂနွေနေ့က မောင်တောတွင် သူ၏ နေအိမ်ပြင်ပ၌ အကြမ်းဖက်နှိမ်နင်းရေးရဲတပ်ဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း သတင်းများကဆိုသည်။ နိုင်ငံခြားသားများ မောင်တောသို့ ဝင်ရောက်ခြင်းကို တားမြစ်ထားသည်။ သို့သော် ရခိုင်စီမံကိန်းတွင် အလုပ်လုပ်နေသော မြန်မာ့ဝန်ထမ်းများနှင့် ရခိုင်ပြည်နယ်ကို စောင့်ကြည့်နေသော နိုင်ငံတကာ NGO များက ပြောကြားရာတွင် ရဲများက ခန္ဓာကိုယ်ကို သယ်ဆောင် သွားသည်ကို တွေ့ရသည်ဟု ဆိုသည်။
ယခုအပတ် ဥရောပသို့ လာရောက်ရန်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ငြိမ်ငြိမ်သက်သက် ရှိကြရန် မေတ္တာရပ်ခံခဲ့သည်။ သူမ၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် တိုးတက်မှုလက္ခဏာအတွက် သက်သေပြမှု တစ်ခုဖြစ်လာသော်လည်း ယခုပြင်းထန်သော ဖြစ်ရပ်များသည် သူမ၏ ခရီးစဉ်ကို ပုံရိပ်အနည်းငယ်မကောင်း ဖြစ်စေသည်။
ယခုမငြိမ်သက်မှုများမှာ ဇွန်လ(၃)ရက်နေ့က ရခိုင်ရှိဗုဒ္ဓဘာသာဝင်များက မွတ်ဆလင် ဘုရားဖူးများအား သတ်ဖြတ်ခဲ့ခြင်းက မြစ်ဖျားခံခဲ့ပုံရသည်။ ထိုသို့ သတ်ဖြတ်ခြင်းမှာလည်း မေလနှောင်းပိုင်းက အသက်(၂၆)နှစ်အရွယ် အမျိုးသမီးအား မွတ်ဆလင်အမျိုးသားသုံးဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ခြင်းကို လက်တုန့်ပြန်ခြင်း ဖြစ်သည်ဟု စွပ်စွဲခဲ့ကြသည်။
ရခိုင်ပြည်နယ်မှ လူမျိုးရေးနှင့်ဘာသာရေးအရ တင်းမာမှုများမှာ ယခုမှ အသစ်ဖြစ်ပေါ်လာသော ကိစ္စမဟုတ်ပေ။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေရှ့်နှင့် နယ်စပ်ချင်းထိစပ်နေပြီး၊ မြန်မာနိုင်ငံကလည်း မွတ်ဆလင်ကိစ္စကို အာရုံအမြင့်ဆုံးထားရှိခဲ့သည်။ သို့သော် ယခု ရက်စက်သောဖြစ်ရပ်များမှာ ဆယ်စုနှစ်တစ်ခုတွင်း အဆိုးဝါးဆုံးဖြစ်ပြီး၊ ငြိမ်သက်မှုမရှိပါက မင်းမဲ့စရိုက်များ ဖြစ်နိုင်ကြောင်း နိုင်ငံပိုင် မီဒီယာများက သတိပေးခဲ့သည်။
London School of Economics မှ မောင်ဇာနည်က ပြောကြားရာတွင် အခြေအနေမှာ နှစ်ဖက်လုံးအတွက် ဝမ်းနည်းဖွယ်ဖြစ်ကြောင်း မြန်မာအာဏာပိုင်များ၏ မတရားဖိနှိပ်မှုခံနေရသည့် အတွေ့အကြုံများရှိကြောင်း ဆိုသည်။ မြန်မာအရပ်သားအစိုးရသည် ယခုမငြိမ်သက်မှုကြောင့် အမြတ်ထွက်နိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ အစိုးရက တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းအတွက် အာရုံလွှဲပေးသလိုဖြစ်ကြောင်း ပြောသည်။
ဘာသာရေးအရ လွတ်လပ်စွာ လှုပ်ရှားသောအုပ်စုဖြစ်သည့် Christian Solidarity Worldwide (CSW)က မြန်မာနိုင်ငံတွင် လူမျိုးရေးအရခွဲခြားပြီး ဘာသာရေးအရ လက်သင့်မခံမှုများ တိုးတက်လာမှုအပေါ် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ယေဘူယျအားဖြင့် မွတ်ဆလင်များကို လူမျိုးရေးခွဲခြားသည့် ဝါဒဖြန့်မှုများ မှန်မှန်တိုးတက်လာခဲ့ကြောင်း ၎င်းကပြောသည်။ ဇွန်လ(၃)ရက် သတ်ဖြတ်မှုပြီးကတည်းက ကုလားခေါင်းဖြတ်ခိုင်းဟုခေါ်သော အုပ်စအပါအဝင် Facebook အုပ်စု အချို့ ထူထောင်ခဲ့ကြသည်။ “ကုလား”ဆိုသည်မှာ မြန်မာများက မွတ်ဆလင်များကို ရည်ညွှန်းခေါ်ဆိုသော စကားလုံး ဖြစ်သည်။
ရိုဟင်ဂျာဆိုသည်မှာ အစိုးရက နိုင်ငံသားမဟုတ်ကြောင်း ငြင်းဆိုခံရသည့် မွတ်ဆလင်လူနည်းစုဖြစ်ပြီး၊ လူမဆန်စွာပြုမူခြင်း ခံရသောအုပ်စု ဖြစ်ကြောင်း CSW ကြေညာချက်က ပြောသည်။ ရိုဟင်ဂျာ သုံးသိန်းခန့်သည် မြန်မာအစိုးရ၏ အရေးယူနှိပ်စက်မှုဖြင့် ရခိုင်ဒေသခံများ၏ လူမျိုးရေးခွဲခြား ဆက်ဆံမှုကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။
၎င်းတို့သည် မြန်မာနိုင်ငံတွင် ကလေးနှစ်ယောက်ယူရန် မူဝါဒချထားခြင်း၊ ခရီးသွားမှုအချို့ ကန့်သတ်ခံထားရခြင်းခံရသော တစ်ခုတည်းသော တိုင်းရင်းသားအုပ်စု ဖြစ်သည်။ လက်မထပ်ဘဲမွေးလာသော ရိုဟင်ဂျာကလေးများမှာ ကျောင်းတက်ခွင့်မရ၊ လက်ထပ်ခွင့်တားမြစ်ခံကြရသည်။
ရခိုင်စီမံကိန်းမှ Chris Lewaက Guardian သို့ ပြောကြားရာတွင် အချို့မီဒီယာသတင်းများက အခြေအနေငြိမ်သက်သွားပြီဟု ပြောနေသော်လည်း အခြေအနေမှာ အထူးသဖြင့် မောင်တောတွင် ပိုမိုဆိုးရွားလာနေပြီး၊ စစ်သားများရာနှင့်ချီ၍ ပိုမိုချထားခဲ့သည်ဟုဆိုသည်။ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေ၏ အချို့အစိတ်အပိုင်းများ မီးရှို့ခံရပြီး စစ်တွေတွင် မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာ အရေအတွက်တူကြောင်း Lewa ကပြောကြားခဲ့သည်။ စစ်တွေတွင် စိုးရိမ်ပူပန်ရမှုများ တိုးတက်လာနေသည်။
ပြည်ပရှိ ရိုဟင်ဂျာအုပ်စု တော်တော်များများက ယခုအပတ်အကုန်က သေဆုံးမှုများအတွက် ရခိုင်ဒေသခံများကို အပြစ်တင်ခဲ့သည်။ Lewa ကမူ မွတ်ဆလင်များကို စစ်တပ်က တိုက်ခိုက်သည်ဟု ဆိုသည်။ Burma Rohingya Organization UK မှ အကြီးအကဲထွန်းခင်ကလည်း ဘုရားရှိခိုးပွဲသွားသောလူအုပ်ကြီးကို တပ်ဖွဲ့က ပစ်သောကြောင့် နှစ်ဦးသေရကြောင်း ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ရိုဟင်ဂျာများကို အကြမ်းဖက်သမားများဟု ညွှန်းဆိုခဲ့ရာ ဆန့်ကျင်ဘက်ခံစားမှုများ မြင့်တက်လာသည်။ “ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောလိုတာကတော့ ရိုဟင်ဂျာတွေဟာ မြန်မာတိုင်းရင်းသား မဟုတ်ပါဘူး ဆိုတာပါပဲ”ဟု ပြောသည်။
CSW မှ Benedict Rogers ကပြောကြားရာတွင် “ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ တိကျတဲ့ သမိုင်းကြောင်းကို ပညာရှင်တွေကြားမှာ ယဉ်ကျေးမှုနည်းလမ်းများအရ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မငြင်းနိုင်တဲ့အချက်ကတော့ သူတို့ဟာ မြန်မာနိုင်ငံမှာ မျိုးဆက်တွေအများကြီး နေထိုင်လာတယ်ဆိုတာပါပဲ။ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်ပါတယ်”ဟု ၎င်းကဆိုသည်။
ယခု မငြိမ်သက်မှုများသည် မြန်မာနိုင်ငံ၏ မခိုင်မာသေးသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မတည်မငြိမ်ဖြစ်စေမည်ဖြစ်သည်။ စစ်တပ်က ရေးသားထားသော အဓိပ္ပာယ် မရှင်းလင်းသောစာလုံးများ ပါဝင်သော အခြေခံဥပဒေတွင် ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေတွင် အာဏာရယူပိုင်ခွင့် ရှိသည်ဟု ခွင့်ပြုထားသည်။
yangonchronicle
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်