တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်နိုင်ငံမှာ လူတိုင်းလူတိုင်း တန်းတူညီမျှ အခွင့်အရေးရသင့်တယ်ဆိုပြီး၊ ကျနော်တို့တစ်လျှောက်လုံးတောင်းဆိုခဲ့ကြတာဟာ ကျနော်တို့နိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့၊ ပြည်ထောင်စုဖွားတိုင်းရင်းသား မျိုးနွယ်များအတွက်သာဖြစ်တယ်..။ ဒီအရာတွေ ကျနော်တို့ တစ်ကယ်ရကြပြီးလား။ လုံးဝမရသေးပါဘူး။ ယခုလက်ရှိအခြေအနေဟာ အပြောင်းလဲကိုရှေ့ရှူးနေတယ် ဆိုရုံလေးပဲရှိတယ်။ လက်ရှိအာဏာရအစိုးရအနေနဲ့ ဘာတစ်ခုမှ ဟုတ်တိပတ်တိ မရှင်းလင်းနိုင်သေးပါဘူး။
ကိုယ်တိုင်းရင်းသားတွေရဲ့ အရေးဆိုရင် လေးလေးနက်နက်ထားပြီး မလုပ်ဆောင်တတ်တဲ့၊ ကိုယ့်ပြည်သူ တွေအပေါ်မှာ နှစ်ပေါင်းများစွာနိုင်ထက်စီးနင်းပြုကျင့်ခဲ့တဲ့၊ အုပ်ချုပ်သူတွေကြောင့် ယခု ရိုဟင်ဂျာကိစ္စဟာ ဒီလောက်ထိ အတင့်ရဲလာတယ်လို့ပဲကျနော် မြင်မိပါတယ်.။ နယ်စပ်ဒေသတွေမှာ အစိုးရ၀န်ထမ်းတွေဟာ လာဒ်လာဘ တစ်ခုတည်းကိုသာ ကြည့်ကြတယ်.။
ကိုယ်ကောင်းစားရင်ပြီးရော၊ ဥပဒေကို အလွဲသုံးစား လုပ်ကြတယ်.၊ ဒါလည်း သိပ်တော့မဆန်းပါဘူး။ အုပ်ချုပ်သူတွေ ကိုယ်တိုင်ကိုက ဥပဒေဆိုတာ သူတို့ရဲ့ ခြေဖ၀ါးအောက်မှာလို့ သတ်မှတ်ထားကြတာကိုး။ အဲဒီတော့ ဘင်္ဂလားက စိမ့်ဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေ ကို မျက်နှာသာပေးတယ်၊ ဒေသခံတိုင်းရင်းသားကျောမွဲတွေကို ဖိနှိပ်တယ်။ ဂရုမစိုက်ဘူး။ အမျိုးဘာသာ၊ သာသနာဆိုတဲ့ အသိလုံးဝမရှိတော့ဘူး။ ကိုယ်ကောင်းစားရင်ပြီးရော၊ ကိုယ်ကျိုးတစ်ခုတည်း ကိုပဲ ကြည့်ခဲ့ကြတယ်.။
အဆိုးဆုံးကတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေအပေါ် အာဏာပိုင်တွေနဲ့လက်ပါးစေတို့ရဲ့ ဖိနှိပ်ရက်စက်မှုဟာ အခြားနိုင်ငံက စိမ့်ဝင်လာတဲ့ တစ်ခြားဘာသာဝင် တွေအတွက် အားတက်စရာ ဖြစ်စေခဲ့တယ်.။ သူတို့ရဲ့အတွေးထဲမှာ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ ဆိုပေမယ့် အုပ်ချုပ်သူလူတန်းစားလူတန်းစားတွေနဲ့ သူတို့ရဲ့နောက်လိုက်တွေဟာ ဗုဒ္ဓဘာသာအစစ် အမှန်မဟုတ်ဘူးလို့သူတို့မြင်တယ်။ ဘာကြောင့်ဒီလို ကျနော် ပြောရသလဲဆိုရင် ဘယ်ဘာသာတရားမှ သူတို့ရဲ့ အတွဋ် အမြတ်ထားတဲ့၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပေါ်မှာ ရက်စက်တဲ့ အပြုမူတွေနဲ့ မတုံ့ပြန်ခဲ့ဘူး။
အထူးသဖြင့် စစ်တပ်ကစစ်ဗိုလ်တွေဟာ ငွေပေးရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ ငွေနဲ့လမ်းခင်းပြီး၊ တိုင်းတစ်ပါးသားနယ်ချဲ့တွေက ကျနော်တို့တိုင်းပြည်မှာ လူပါးဝ မင်းမူနေကြတော့တာပဲ။
နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ။ အဲဒီစစ်တပ်ဆိုတာ ဟာလဲ တိုင်းတစ်ပါးကျူးကျော်ရန်ကို ကာကွယ်ဖို့နဲ့ သဘာဝဘေးအန္တရာယ်တွေကျရောက်လာရင် တိုင်းသူပြည်သားတွေအပေါ်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိရောက်စွာလုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်တယ်.။ ကိုယ့်ပြည်သူကို ပြန်သတ်ဖို့မဟုတ်သလို… နိုင်ထက်စီးနင်းလုပ်ဖို့လည်း မလိုဘူး။
ကျနော် နိုင်ငံက စစ်တပ်ကို ပြည်သူတွေက အပြည့်ဝ ယုံကြည်အားကိုးလေးစားတဲ့၊ သိက္ခာရှိတဲ့ စစ်တပ်အဖြစ်ပဲ ကျနော် မြင်ချင်တယ်ဗျာ..။ ကျနော် တို့အခုခံစားနေရတာ ရိုဟင်ဂျာကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး။
ကျနော်တို့နိုင်ငံသမိုင်းမှာ ယဉ်ကျေးမှုအစဉ်လာကြီးမားခဲ့တဲ့ မန္တလေးရွှေမြို့တော်ကြီးကို ကြည့်လိုက်ပါ..။ တရုတ်တွေရဲ့ ၀ါးမျိုခြင်းကိုခံနေရပြီး၊ တရုတ်တွေရဲ့ ကြီးစိုးမှုအောက်မှာ၊ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းခဲ့တဲ့၊ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်ဆုံးကုန်ပါပြီး။ အဲဒီအရာတွေရဲ့အဓိကတရားခံဟာ၊ အုပ်ချုပ်သူတွေရဲ့ ညံ့ဖျင်းမှု၊ ကိုယ်ကျိုးကြည့်မှု၊ တိုင်းသူပြည်သားတွေအပေါ်မှာ လုံးဝစေတနာမဲ့မှု၊ လာဒ်လာဘ တွေရဲ့ နောက်မှာ သာယာပျော်ရွှင်နေမှု၊ တွေပဲဖြစ်ပါတယ်။ အဲဒီအပြုမူတွေရဲ့ တန်ပြန်သက်ရောက်မှုတွေဟာ အခုကျနော် တို့စတင်ခံစားနေရပါပြီး။
ဒီတော့ လက်ရှိအစိုးရအနေနဲ့ ဘာလုပ်မှာလဲ။ စစ်တပ်ကရော ဘယ်လိုဖြေရှင်းမှာလဲ။ လက်ရှိအစိုးရဆိုတာကလည်း၊ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း၊ နဂိုလူတွေ ယူနီဖောင်းပြောင်းလိုက်တာပဲ ရှိတယ်။ အဲဒီတော့ အစိုးရမှာ တာဝန်လုံးဝရှိပါတယ်..။ ကိုယ်မွှေးတဲ့မီး ကိုယ်ကိုတိုင်ငြိမ်းဖို့ လိုပါတယ်..။ ဘာအကြောင်းပြချက်မှ မလိုချင်ပါဘူး..။ ခင်ဗျားတို့ ကျုပ်တို့နိုင်ငံရဲ့ မြေပေါ်ကနေ.. ခင်ဗျားတို့ကြောင့် ရောက်လာတဲ့ တိုင်းတစ်ပါးသားတွေကို လုံးဝ ရှင်းထုတ်ပေးပါ။ ဒါဟာ တစ်မျိုးသားလုံးရဲ့ ဆန္ဒ။ ယခု ဖြစ်နေတဲ့ ပြဿနာတွေဟာ အာဏာရှင်စနစ်ရဲ့ ခါးသီးတဲ့ရလာဒ်တွေပဲ ဆိုတာ ခင်ဗျားတို့သိဖို့လိုတယ်..။ ဒါတွေကို ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအနေနဲ့ ပြတ်ပြတ်သားသားရှင်းလင်းနိုင်မှာသာ ခင်ဗျားတို့ရဲ့သမိုင်း၊ မရိုင်းပဲ လှပမယ်ဆိုတာ သိထားစေချင်ပါတယ်..။
ညီမင်းသစ်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်