Photo..The voice weekly
ဆူပူ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်ရှိ မြို့တော် စစ်တွေမြို့တွင် ဆူပူ အကြမ်းဖက် မှု အခြေအနေများကို ထိန်းသိမ်းရန် သေနတ်ပစ် ထိန်းသိမ်းခွင့် အမိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း ဒေသခံများ က ပြောကြားသည်။
“သေနတ် စပစ်နေပြီ“ ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင်တစ်ဦးက ဆိုသည်။
စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်တွင် ဆူပူ အကြမ်းဖက်မှုတွင် ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများ အပြန်အလှန် သတ်ဖြတ်မှုများကြောင့် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရှိသွားကြောင်း၊ အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီလူမျိုး နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိ ကြောင်း ဒေသခံများက ပြောကြားသည်။
ရိုဟင်ဂျာ အဓိကရုဏ်း ကူးစက်နေပြီဖြစ်သော စစ်တွေမြို့တွင် ဘင်္ဂါလီလူမျိုးများ၏ ဆူပူ အကြမ်းဖက်မှုကြောင့် ယနေ့ နံနက် ၁၀ နာရီ ၀န်းကျင်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသား တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများထံ ဆက်သွယ်မေးမြန်းချက် အရသိရှိရသည်။
မင်းဂံရပ်ကွက် အကွက် (၁) ကို ဘင်္ဂါလီလူမျိုး...များ ယမန်နေ့ ၁၂နာရီခန့်တွင် ၀င်ရောက် မီး ရှို့ ဖျက်ဆီးမှုကြောင့် ဗလီတစ်ခု အပါအ၀င် အိမ်ခြေ ၄၀ကျော် ပျက်စီးသွားပြီး အဆိုပါ အစ္စလာမ်ဘာသာ ၀င် ဘင်္ဂါလီလူမျိုးများသည် ယနေ့မနက် ငါးနာရီခန့်တွင် ဝေသာလီ အားကစားကွင်း အနီးရှိ ရထားဘူတာမှ မြို့ ပတ်ရထားကို မီးရှို့ဖျက်စီးနေစဉ် ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
စစ်တွေမြို့ လုံခြုံရေးအင်အားမှာ အားနည်းနေကြောင်း၊ တပ်မတော်သားနှစ်ဆယ် ၀န်းကျင်၊ ရဲတပ်ဖွဲ့ဝင် ၃၀၀ ၀န်း ကျင်သာရှိကြောင်း၊ ယင်းအင်အားနှင့် လက်ရှိဆူပူနေမှုကို ထိန်းသိမ်းတားဆီးရန် ခက်ခဲနေကြောင်း ရခိုင် တိုင်း ရင်းသား တိုးတက်ရေးပါတီမှ ပါတီဝင် တစ်ဦးက ဆိုသည်။
“မင်းဂံမှာ လုံးဝထိန်းမနိုင်ဘူးဖြစ်နေတယ်။ အရမ်းဆူနေတယ်“ ဟု ၄င်းက လက်ရှိ အခြေအနေကို ရှင်းပြသည်။
လက်ရှိ စစ်တွေမြို့တွင် ဘေးလွတ်ရာထွက်ပြေးနေရသော ရခိုင်တိုင်းရင်းသား ဒုက္ခသည် ၆၀၀ ၀န်းကျင်ထိရှိနေပြီ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
The voice weekly
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်