ကျွတ်ပြီ လွတ်ပြီ
ယနေ့ ၁၈.၁၀.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းသို့ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမာစာရ သည် ပြည်မြို့မှကြွချီလာရာ နံနက် (၄း၀၀) နာရီအချိန်တွင် ရောက်ရှိ ခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများသည် ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် တို့နှင့်အတူ တစ်နှစ်စာ ကူညီခဲ့သော နာရေးကိစ္စရပ်များတွင် မကျွတ်မလွတ်ကြသေးသော သတ္တ၀ါအပေါင်းအား ကျွတ်တန်းဝင်ရန်အတွက် အဓိဋ္ဌာန်ကျင့်စဉ်များကို (၉) ရက်တိုင်တိုင် ရွှေပေါက်ပင်ဆရာတော်ကြီး ချမှတ်ပေးထားသော အကျွတ်အလွတ်ကျင့်စဉ် အသီးသီးတို့ကို သက်ဆိုင်ရာ ဘုရားများတွင် အားထုတ်နေကြရာ ၂၃.၁၀.၂၀၁၀ စနေနေ့ (သီတင်းကျွတ်လပြည့်နေ့) တွင် အဓိဋ္ဌာန်အောင်ပွဲ ပြီးဆုံးမည် ဖြစ်ပါသည်။
ယခုကဲ့သို့ ရွှေပေါက်ပင်ဆရာတော်ကြီး ရန်ကုန်မြို့သို့ ကြွရောက်လာရခြင်း အကြောင်းမှာ - နာရေးပို့ဆောင်ရာတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန် ကြွရောက် မေတ္တာပို့သပေးခြင်း၊ ၀ါတွင်းဆွမ်းခံကြွရောက်ခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းမဆောင်အတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော်အား ဒေ၀တာနတ်မင်းများမှ တဆင့် သစ်သီး၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်၊ ပန်းတို့အား ကပ်လှူပူဇော်ခြင်းတို့အပြင် ဆွမ်းခံကြွရောက်ရာတွင် လောင်းလှူလိုက်သည့် သက်သတ်လွတ် ထမင်းဟင်းလျာများ အားလုံးအား ရောမွှေပြီး ဆွမ်းတော် တင်၍ ဆရာတော်ဘုရားကြီးအား ကပ်လှူခြင်း၊ ထို့နောက် သက်သတ်လွတ် ထမင်းဟင်းလျာများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ ကြွရောက်လာကြသော ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများတို့အား ကျွေးမွေးခဲ့ပြီး အားလုံးသော ဧည့်ပရိတ်သတ် အပေါင်းတို့မှ အမျှပေးဝေခြင်း စသည့်ကောင်းမှုကုသိုလ်များကို စည်ကားသိုက်မြိုက်စွာဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။
ထို့ကြောင့် ယနေ့ ၁၈.၁၀.၂၀၁၀ (တနင်္လာနေ့) သည် မကျွတ်မလွတ်သေးသော သတ္တ၀ါ အပေါင်းတို့အတွက် ကျွတ်တန်းဝင်ကြရမည့် ထူးခြားသော နေ့ထူးနေ့မြတ် တစ်ရက်ပင် ဖြစ်တော့ သည်။
သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ
Wednesday, October 20, 2010
0 ကျွတ်ပြီ လွတ်ပြီ
0် မဲမပေးနဲ့သူငယ်ချင်း ဒါဟာတို့အတွက် မျှော်လင့်ခြင်း
အနာဂတ်လှဖို့ ဆန့်ကျင်စို့
ဒီစနစ်ဆိုးကြီးအောက်မှာ လှိုင်းတံပိုးထန်တိုက်ခတ်ခဲ့တာ
အဆုံးမဲ့နစ်မွန်း ဒုက္ခနွံထဲ
အနာဂတ်ရဲ့ လမ်းလည်းပျောက်ဆုံးနေရင်းနဲ့
ဒီအစိုးရရဲ့ လက်အောက်
တွန်းလှန်ခဲ့ကြရတာ နှစ်လကြာ
(တို့တစ်သက်မှာတောင့်တခဲ့ရတဲ့ ဒီမိုကရေစီနိုင်ငံလေးရယ်
မျှော်လင့်နေတဲ့ အနာဂတ်အလင်းအတွက်
မဲရုံဆီကိုကွယ်
မသွားနဲ့ ချစ်သောပြည်သူရယ်)
မကြာခင်လန့်နိုးတော့မယ်
ဟိုမဝေးတော့တဲ့ နေ့သစ်ဆီကို
ငါတို့ဆူးခလုတ်တွေမမှု
ညီညာအင်အားနဲ့ လျှောက်လှမ်းရအောင်
ဒီအစိုးရရဲ့လက်အောက်
လွတ်မြောက်ဖို့ရွေးကောက်ပွဲကိုဆန့်ကျင်စို့ကွာ
(တို့တစ်သက်မှာတောင့်တ ခဲ့ရတဲ့...............................)
အိုး ရောက်တဲ့အရပ်ကနေရာတွေမှာ ဒီတခါ စစ်အစိုးရကိုဆန့်ကျင်မှာပါ
ဒီစနစ်ကြီးပျောက်ပျက်အောင် မဲမပေးနဲ့သူငယ်ချင်း ဒါဟာတို့အတွက် မျှော်လင့်ခြင်း
ပေးပို့သော Honey Monအားကျေးဇူးတင်ရှိပါသည်။
Tuesday, October 19, 2010
0 ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏၄၈-နှစ်မြောက်မွေးနေ့ပွဲနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးဆုတောင်းပွဲအခမ်းအနား။(ဂျပန်)
0 ၂၀၁၀ရွေးကောက်ပွဲ အလိုမရှိ၊ ၂၀၁၀ ရွေးကောက်ပွဲ ဖျက်သိမ်းပေး၊ဆိုတဲ့ စာသားများ မန္တလေးမှာဖြန့်
သိပ္ပံလမ်းရှိ ကားဂိတ်အတွင်း ဝင်ရောက် ကန့်ကွက်လှုပ်ရှားခဲ့သောပုံ
ဒီလို အလိုမရှိကြောင်းလည်း ပြသခဲ့တယ်။
ဒါမျိုးတွေလည်း နေရာ တော်တော်များများ မှာ ရေးသားခဲ့ကြသေးတယ်။
ဒါလည်း သိပ္ပံလမ်းထိပ်က ကားဂိတ်မှာပဲလေ
နအဖ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ရဲဘော်များသည် မန္တလေးမြို့ အတွင်းရှိ ၆၂ လမ်း ထိပ်နှင့်သံလမ်း နားတဝိုက်တွင် (2010 = NO) စာသားများ၊ သိပ္ပံလမ်းနှင့် ၃၈*၃၉ ကြားတွင် နအဖ ပြုလုပ်သည့် (ရွေးကောက်ပွဲ အလိုမရှိ )စာသားများသိပံ္ပလမ်းမပေါ်ရှိ ကားမှတ်တိုင်တွင် ( ၂၀၁၀ ရွေးကောက်ပွဲ ဖျက်သိမ်းပေး) ဆိုတဲ့ စာသားများ ကန့်ကွက်လှုပ်ရှား ခဲ့ကြပါတယ်။
ဆက်သွယ်ရန် - www.thebestmanure.org
tbmwaipl@gmail.com
tbmstk1@gmail.com
0 အကယ်ဒမီ လွင်မိုး ပြည်ခိုင်ဖြိုး (ကြံ့ဖွတ်) ပါတီကို ကိုယ်စားပြုတော့မှာလား??

www.myanmarcelebrity.com
Monday, October 18, 2010
0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏သမီး မဝေနှင်းပွင့်သုန်ကမြန်မာပြည်အတွက်ပေ၁၆၀အမြင့်မှခုန်ချပြ
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေး၏သမီး မဝေနှင်းပွင့်သုန်ကမြန်မာပြည်ရှိနိုင်ငံရေးအကျဉ်းသားများအတွက် ပေ၁၆၀အမြင့်မှကြိုးတန်းလန်းဖြင့်ခုန်ချ၍ ရံပုံငွေရှာသောလှုပ်ရှားမှု
video by enigmaimages
22 အလွမ်းများနဲ့ဧရာဝတီရုပ်ရှင်ဇာတ်ကား (ဂျပန်စာတမ်းထိုးအစအဆုံး)
2010年に作成され、監督ティッ。ターとビルマのコミュニティで、日本でイラワジ川の悲しみは、俳優として参加、サイクロンナルギスでの静物を失った人々に捧げビルマの映画です
【ミャンマー語のみ】動画投稿サイト「ユーチューブ」=「The Sorrow of Irrawaddy」のタイトルで、約15分間ずつ11回に分けて投稿されている。
ミャンマー軍政 映画で痛烈批判 在日グループ撮影・公開
2010-12-16 11:14:00 | 世界
【日本語字幕付き】「ダウンマンホン」(http://www.dawnmanhon.com/)=ミャンマー語サイト。
ホームページ中段の日本語の映画ポスター画像をクリックする。
【ミャンマー語のみ】動画投稿サイト「ユーチューブ」=「The Sorrow of Irrawaddy」のタイトルで、
約15分間ずつ8回に分けて投稿されている。(いずれも14日時点、鑑賞無料)
母国の圧政を逃れ、日本で暮らすミャンマー(ビルマ)人の手による軍政告発の映画「悲しみと涙の川エヤーワディー」が
完成し、インターネットでの無料公開が始まった。
軍政下の母国へは二度と帰国できなくなることを覚悟した上で撮影した労作だ。
総選挙や民主化指導者の解放で国際社会の関心が高まる中、軍政の不当性を訴えている。
舞台は、2008年5月のサイクロンで10万人以上の犠牲者を出したミャンマーの大河工ヤーワディー(イラワジ川)流域。
軍政が海外の救援隊を拒んだことが被害拡大の一因と指摘されている。
映画は、軍部による援助物資の横流し、外部からの支援者や記者の排除、被災孤児の拉致など、ティッ・ター監督
(53)が
母国の仲間から聞き取った「実話」で全体の約8割を構成したという。
出演、スタッフは計74人。
軍政の迫害を受け、来日後に難民認定や特別在留許可を受けた人のほか、母国に再入国できなくなることを恐れ、
裏方に回った人もいる。
出演者は全員、素人。多くの人はアルバイトで生計を立てており、日曜日に撮影した。
千葉県流山市のロケ地までの交通費は自己負担。雨の日や民主化運動の日は中止。
完成に1年4カ月かかった。
制作費86万円。車の所有者が一人もいないので、撮影用車両はレンタル。
監督と妻ティン・ティン・スーさん(49)の来日後18年分の貯金を、少しずつ取り崩した。
監督は「在日ビルマ人の祖国民主化を願う思いの結晶」と話す。
特に10代や20代に見てもらいたい、という。
自宅軟禁から解放された民主化指導者、アウン・サン・スー・チーさんの存在すら知らない世代の増加が心配なのだ。
母国で映画を広めるのは危険だが、DVDの持ち込みに成功したほか、海外放送局「ビルマ民主の声」のホームページで
一時公開し、衛星経由で受信した仲間も。
ミャンマー国内から既に激励メールが監督に届いているという。
日本語字幕あり。英訳の協力者を募っている。
問い合わせは、ティン・ティン・スーさん(090・8459・5644)まで。(金成隆一)
*2010.12.15朝日新聞
အင်တာနက်ပေါ်တွင် မည်သူမဆိုလွတ်လပ်စွာကူးယူပြသရန်ခွင့်ပြုသော ဒါရိုက်တာသစ်သားနှင့် ကိုထွန်းဝေအား ဒေါင်းမာန်ဟုန်မှ အထူးကျေးဇူးတင်ရှိပါသည်။
"ဗမာပြည်ထဲမှာ ၂၀၀၈ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တုန်းက နာဂစ်မုန်တိုင်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရတယ်၊အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ ကလေးသူငယ်တွေလဲမိဘမဲ့ဖြစ်ခဲ့ကြရတယ်။အဲဒီအချိန်မှာ ကျွန်တော်တို့ ဟာ ဘေးကင်းရာကို ရောက်နေခဲ့ကြတယ်။ဒီလို ကိုယ့်လူမျိုးတွေဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့ တွေအတွက်တခုခု ပေးဆပ်ချင်တဲ့ဆန္ဒရှိတယ်။ နောက်ပြီးတော့ အဲဒီ့မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လူသိန်းကျော် သေဆုံးခဲ့ရတယ်။ မုန်တိုင်းဒဏ်ပြီးတဲ့အချိန်မှာတောင် နအဖစစ်အစိုးရက ကူညီ ပေးမယ့်အကူအညီတွေကို လက်မခံခဲ့ဘူး။ ပိတ်ပင်တယ်။ တားဆီးတယ်။ ထောက်ပံ့ခဲ့တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း သူတို့စစ်တပ်ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာများတယ်။ ကိုယ်တိုင်လည်း ထိထိရောက် ရောက် ဘာအကူအညီမှမပေးနိုင်ခဲ့ဘူး။ အဆိုးဆုံးက မုန်တိုင်းတိုက်ပြီးလို့ ကျန်ခဲ့တဲ့မိသားစုတွေ မိတကွဲ၊ ဖတကွဲနဲ့ဖြစ်နေချိန် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲသွင်းဖို့ကြိုးစားတာကိုပဲ။ ဒါတွေကို ကမ္ဘာအရပ်ရပ်ကသိအောင်ဖော်ထုတ်လို တဲ့ဆန္ဒနဲ့ရိုက်ကူးရခြင်းဖြစ်တယ်။"
(ဒါရိုက်တာသစ်သား)
0 ရန်ကုန်မြို့၏အချက်အချာနေရာမင်္ဂလာဈေးအနီးရယကဥက္ကဌအိမ်ရှေ့နှစ်လောင်ပြိုင်လူသတ်မှုဖြစ်ပွား
ရန်ကုန်မြို့ရေတွင်းကုန်းရပ်ကွက်၊မင်္ဂလာတောင်ညွန့်မြိုနယ်၊၁၂၁လမ်း၊ရှိရယကဥက္ကဌဦးစံသိန်းဧ။်နေအိမ်ရှေ့တွင်၁၄.၁၀.၂၀၁၀နေ့ည ၈း၃၀ နာရီခန့်ကနှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ၁၂၁လမ်းတွင်နေထိုင်သူမောင်ဘိုဘိုမှ၁၂၅လမ်းသပြေကုန်းရပ်ကွက်မှ လူငယ်နှစ်ဦးအားဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ပါသည်။
အချင်းဖြစ်ပွားချိန်တွင်၁၂၁လမ်းတွင်းရှိပြည်သူများရုပ်ရုပ်သဲသဲဖြစ်ပြီးဈေးဆိုင်များလည်းပိတ်ကုန်ကြသည်၊အတန်ကြာမှရဲများရောက်လာပြီးလျှပ်စစ်မီးများထပ်မံဖြတ်တောက်ပစ်လိုက်သောကြောင့် ၁၂၁လမ်းတွင်းရှိပြည်သူများပိုမိုထိတ်လန့်ခဲ့ကြသည်။
ယခုအခါအခြေနေပုံမှန်ပြန်ဖြစ်နေသော်လည်း အထူးသဖြင့်ရယကဥက္ကဌအိမ်ရှေ့တွင်ဖြစ်ပွားမှု့အား အချိန်မှီသိရှိတားဆီးနှိင်ခြင်းမရှိသည့်အပေါ်၎င်းရယကဥက္ကဌနှင့်ရယကအဖွဲ့အားစိတ်ပျက်လျှက်ရှိကြသည်။ အဆိုပါအချင်းဖြစ်ပွားသောနေရာနှင့်ရယကရုံးမှာကိုက်၅၀ခန်သာကွာဝေးသည်။
အထက်ပါအဖြစ်အပျက်မဖြစ်ပွားမှီကပင်အဆိုပါရယကဥက္ကဌဦစံသိန်းဧ။်အစ်စလမ်ဘာသာဝင်ဇနီးမှ အစ်စလမ်ဘာသာဝင်များအကြားပြည်ခိုင်ဖြိုးပါတီကိုမဲထည့်ရန်လိုက်လံပြောဆိုမှုများအပေါ် ရပ်ကွက်နေပြည်သူများမှ မကျေနပ်မှုများရှိနေခဲ့ကြသည်။
ပြည်တွင်းကပေးပို့လာတဲ့စာဖြစ်ပါတယ်။
Sunday, October 17, 2010
0 ကျောင်းသားထုခေါင်းဆောင်မင်းကိုနိုင်ရဲ့(၄၈)နှစ်မြောက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ရေးတောင်းဆိုပွဲဂျပန်နိုင်ငံတိုကျိုမြို့တွင်ပြုလုပ်မည်
တပါတီအာဏာရှင်စနစ်ကို တော်လှန်ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံးမြန်မာ့ဒီမိုကရေစီ အရေးတော်ပုံကြီးရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားထုရဲ့ခေါင်းဆောင် မင်းကိုနိုင်ဟာ အောက်တိုဘာ (၁၈) ရက်ဆိုရင် (၄၈) နှစ်ပြည့်ပါပြီ။ ကျွန်တော်တို့ပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိစေဖို့ တန်ဖိုးရှိတဲ့လူငယ်ဘဝရဲ့အချိန်တွေကိုရင်းနှီးပေးဆပ်ရင်း ဒီနေ့ထိတိုင်အောင် စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်နေဆဲဖြစ်တဲ့ မင်းကိုနိုင်ရဲ့မွေးနေ့ပွဲကို နွေးထွေးလှိုက်လှဲစွာနဲ့ဂုဏ်ပြုကျင်းပချင်ပါတယ်။
မင်းကိုနိုင်ရဲ့မွေးနေ့ကို ဂုဏ်ပြုခြင်းဟာ ကျောင်းသားထုကိုဂုဏ်ပြုခြင်းပါပဲ။ မင်းကိုနိုင်ရဲ့လွတ်လပ်ခွင့်ကိုတောင်းဆိုခြင်းဟာ ကျောင်းသားထုရဲ့လွတ်လပ်ခွင့်ကိုတောင်းဆိုခြင်း ဖြစ်သလို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကိုတောင်းဆိုခြင်းလဲ ဖြစ်ပါတယ်။
မင်းကိုနိုင်ရဲ့လုပ်ဆောင်ချက်တွေဟာကျောင်းသားထုရဲ့လုပ်ဆောင်မှု ဖြစ်သလိုပြည်သူလူထုရဲ့လုပ်ဆောင်မှုလဲ ဖြစ်ပါတယ်။ မင်းကိုနိုင်ရဲ့ပြောစကားတွေဟာ ကျောင်းသားထုရဲ့စကားဖြစ်သလို ပြည်သူတွေရဲ့ အသံလဲဖြစ်ပါတယ်။
မင်းကိုနိုင်ဟာ ကျောင်းသားထုရဲ့ပုံရိပ်ဖြစ်သလို ပြည်သူတွေရဲ့ ပုံရိပ်လဲဖြစ်နေပြန်ပါတယ်။
မြန်မာပြည်မှာ စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်စနစ်ရှိနေသရွေ့ မင်းကိုနိုင်ဆိုတာရှိနေဦးမှာဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရှိနေသရွေ့ မင်းကိုနိုင်ကိုဖမ်းဆီးရက်စက်နေကြဦးမှာပါ။ စစ်အာဏာရှင်တွေရှိနေသရွေ့ မင်းကိုနိုင်ဟာ ခွပ်ဒေါင်းအလံကို အမြင့်မားဆုံးလွှင့်ထူဆွဲကိုင်ရင်း ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေဦးမှာဖြစ်ပါတယ်။
မင်းကိုနိုင် မလွတ်လပ်ခြင်းဟာ ကျွန်တော်တို့ ပြည်သူတွေ အားလုံးမလွတ်လပ်ခြင်းပါပဲ။
နအဖစစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မင်းကိုနိုင်ရဲ့ (၄၈) နှစ်မြောက်မွေးနေ့ပွဲနဲ့ လွတ်မြောက်ရေးတောင်းဆိုပွဲကို ကျောင်းသားတွေကိုကြောက်တဲ့ နအဖစစ်အုပ်စုရဲ့ လက်ပါးစေ မြန်မာသံရုံးရှေ့မှာ ဝင့်ဝင့်ထည်ထည်ကျင်းပပြုလုပ်မှာ ဖြစ်တဲ့အတွက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ကို ချစ်ခင်လေးစားသော မြန်မာပြည်သူများ တက်ရောက်နိုင်ရန် သတင်းပါးလိုက်ပါတယ်။
နေ့ရက်။ ။၁၈.၁၀.၂၀၁၀ (တနင်္လာနေ့)
အချိန် ။ ။၁၅း၀၀-၁၆း၀၀
နေရာ ။ ။မြန်မာစစ်အခွန်ရုံးရှေ့
ရှိနာဂါဝ ၊ တိုကျို။
ဗကသ (နိုင်ငံခြားရေးရာကော်မတီ)
0 မဲပေးမှ လမ်းခင်းပေးမယ်ဆိုတဲ့ ညစ်ပတ်တဲ့ ကြံ့ဖွတ်ဗိုလ်ချုပ်
ကျနော် ဘော်ဒါတွေရပ်ကွက်ဘက်ကဖြစ်ရပ်လေးတစ်ခု ပြောချင်လို.ပါဗျာ... သူတို.နေတာ.. ကမာရွတ်သင်္ဘောကျင်းဘက်ကပေါ့... လှည်းတန်းရထားလမ်းနားကပေါ့ခင်ဗျာ.. အဲနားမှာ ဗိုလ်ချူပ်တစ်ယောက်ကလာပြီး လမ်းခင်းပေးတယ်ခင်ဗျ... သူလမ်းခင်းပေးတယ်ဆိုလို.အကောင်းမမှတ်နဲ.ဦး.. ဘယ်လိုခင်းသွားတယ်မှတ်တုန်း..... လမ်းကိုတစ်ခြမ်းပဲခင်းသွားတယ်.... သူခင်းသွားလမ်းကအမြင့် မခင်းတဲ့လမ်းတစ်ခြမ်း.. အနိမ့်... အမြင့်ပိုင်းကလာတဲ့ကားတွေ ဒုက္ခရောက်နေတာမြင်ရတာ ခဏခဏပဲဗျာ..။ ကားလမ်းကူးရင်တောင်။ သတိထားပြီးကူးနေရတယ် ။ ၂ လမ်းသွားမဟုတ်ဘူး. .၃လမ်းသွားကြီး.. ။ အဲလမ်းကိုဆက်ခင်းဖို.ပြောတော့ ဗိုလ်ချူပ်က ဘာပြောတယ်မှတ်လည်းခင်ဗျ.... သူ့ကို မဲပေးပါ... သူ့ကိုမဲပေးရင် ဆက်ခင်းပေးမယ်... မဲမပေးရင် ဆက်မခင်းပေးဘူးဆိုပြီးပြောတယ်ခင်ဗျ...အဲဒါ ရပ်ကွက်က တစ်အိမ်ဘယ်လောက် ဆိုပြီး လိုက်ကောက်ပြီး ကိုယ်ထူကိုယ်ထ လမ်းတစ်ခြမ်း ပြန်ခင်းနေရတယ်.. ။အဲဒီလမ်းကို သိချင်ရင်တော. လှည်းတန်းရထားလမ်း ဘက်သွားတဲ့ အခြမ်း.. ကုန်းတံတားအောက်လမ်းပေါ်ဗျာ.. ။
zawjilay
0 ၂၀၁၀ ရွေးကောက်ပွဲ ကို ရာဇဝင်ထဲမှာ ထားရစ်ခဲ့....
ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရယ်လို့ စာ၊ နယ်၊ ဇင်း စာမျက်နှာတွေပေါ်မှာရော တီဗွီ အစီအစဉ်တွေမှာ လှုံ့ဆော်စည်းရုံး လှုပ်ရှားလာတာ တွေ့ရပါတယ်။ အခုအပတ်ထုတ် 7 Day ဂျာနယ်မှာ ဦးနေမျိုးဝေရဲ့ မဲဆွယ်စည်းရုံးနေတဲ့ အခြေအနေကို Feature ရေးထားတာ ဖတ်ရပါ တယ်။ အဲဒီအထဲမှာ ရေးထားတဲ့ အတိုင်းဆို လူထုရဲ့ စိတ်ဝင်စားမှု နည်းပါးလှပါတယ်။
အဲဒီအနေအထားမျိုးကို တွက်ကြည့်ရင် နိုင်ငံရေးပါတီတွေ၊ အထူးသဖြင့် ဒီမိုကရက်တစ်အင်အားစု ဆိုသူတွေ ပြောသလို လူထုက စိုးရိမ် စိတ်၊ ကြောက်စိတ်လွန်နေတာမျိုး မဟုတ်ပါဘူး။ တစ်နေ့လုပ် တစ်နေ့စား ရုန်းကန်လှုပ်ရှားနေရတဲ့အထဲမှာ “ဘာမှ မထူးပါဘူး။ အဖြေက ရှင်းနေတာပဲ။ သူတို့ပဲ နိုင်မယ့်ဟာ။ ပြင်ဆင်ထားပြီးသားတွေပါ” ဆိုတဲ့ အသိအမှတ်ထားတဲ့စိတ်က ကိန်းအောင်းနေခဲ့ပြီး ဖြစ်တယ်ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။
မနေ့တစ်နေ့က ညီလေးတစ်ယောက်က ပြောပါတယ်။ ညတုန်းက တီဗွီ အစီအစဉ်ကနေ ဗိုလ်ဌေးဦး ဟောပြောနေတာ ဘာတွေပြောနေ မှန်း မသိဘူး၊ နားကလောတာနဲ့ တီဗွီ ပိတ်လိုက်သတဲ့။ အဲဒါနဲ့ နောက်ရက်ထုတ် သတင်းစာကို ရှာဖတ်ကြည့်မိပါတယ်။ ဗိုလ်ဌေးဦး ပြော ထားတဲ့ သဘောက ၁၇ နှစ် လုံးလုံး နိုင်ငံအကျိုး သယ်ပိုးခဲ့တယ်ဆိုတဲ့ ကြံ့ခိုင်ရေးအသင်းကို အမွေဆက်ခံထားတဲ့ ပါတီဖြစ်တယ်။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်တွေက နိုင်ငံအကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့သလဲ၊ လုပ်နေသလဲ ဆိုတာကို ဆုံးဖြတ် သုံးသပ်ပြီး အဲဒီလို လုပ်ခဲ့တဲ့၊ လုပ်နေတဲ့ ပါတီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို မဲပေးကြပါဆိုတော့... ရှင်းနေတာပါပဲ။ သူတို့ ကြံ့ခိုင်ရေးပါတီ ဒီလို အကျိုးပြုလုပ်ငန်းတွေ လုပ်နေတာ၊ မဲပေးကြလို့ ဆိုလိုက်တာပါပဲ။
၁၇ နှစ် လုံးလုံးအကျိုးပြုခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောချင်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံခဲ့တဲ့ ဒီပဲယင်း အရေး အခင်း ဖြစ်တဲ့အချိန်မတိုင်ခင်မှာ တခြားခရီးတွေကို သွားခဲ့ရာမှာ ကချင်ပြည်နယ်၊ နန်းကွေးချောင်းတံတားနားက ခြိမ်းခြောက်မှုကို ကချင် ပြည်နယ် ကြံ့ခိုင်ရေးက ပြည်နယ်အမှုဆောင် တစ်ဦးက အစီအစဉ်ဆွဲ ဆောင်ရွက်ခဲ့တာမျိုး၊ မန္တလေး သပိတ်ကျဉ်း ခရီးစဉ်မှာလည်း မန်း တိုင်းအဆင့်က စီစဉ်ဆောင်ရွက်တာမျိုးတွေ လုပ်ခဲ့တာပါ။
ကြံ့ခိုင်ရေးအသင်းဆိုတာ ပြည်သူ့အကျိုးပြု အသင်းမဟုတ်ခဲ့ပါဘူး။ စစ်တပ်အာဏာ ကြာရှည်ခံဖို့အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာပါ။ နိုင်ငံ တကာရဲ့ ဖိအား၊ ပြည်တွင်း ဒီမိုကရေစီ အင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ခုခံတားဆီးခဲ့တာ၊ ဖိနှိပ်ခဲ့တာတွေမှာ အဓိက အသုံး ချခဲ့တာကို တွေ့ရမှာပါ။
ပြီးတော့လည်း လူထုအကျိုးပြုလုပ်ငန်းဆိုတာ ကိုယ်ထူကိုယ်ထ လမ်းတွေပြင်တာ၊ ဘာ.ဆေးတိုက်နေ့၊ ညာ.အထိမ်းအမှတ်နေ့တွေကို စစ်အစိုးရ ကိုယ်စားလှယ်အဖြစ် လုပ်ပြီး နေရာယူတာပါ။ ကြံ့ခိုင်ရေး အမှုဆောင်တွေဟာ လခစားရပါတယ်။ ဆန်တစ်အိတ် လစဉ်ရပါ တယ်။ တိုင်းမှူးတွေက တစ်ယောက် ဘယ်လောက်ဆိုပြီး လစဉ်ထောက်ပံ့ရပါတယ်။ ငါးသိန်းတန်ဖုန်း စချပေးတုန်းက ခ.ယ.က ရန်ပုံငွေ ဆိုပြီး ဖုန်းတစ်လုံး ကျပ်ငါးသောင်းနှုန်းနဲ့ ရယူထားတဲ့ ငွေတွေကို ကြံ့ခိုင်ရေးက ယူတာပါ။ အဲဒါအပြင် ဝ၉-၄၆ နဲ့ စတဲ့ ဖုန်းတွေကို ကျပ် သုံးသိန်းနဲ့ အမည်ပေါက် ရထားကြပါတယ်။
သူတို့ အကျိုးပြုတဲ့လုပ်ငန်းဆိုတာ ပြည်သူလူထုက ထည့်ဝင်တဲ့ ငွေတွေနဲ့ သူကြီးဘုရား၊ ရွားသားကောင်းမှု လုပ်တာပါ။ မန္တလေးမြို့ပေါ် လမ်းတွေ ပြင်ဆင်နေတာမှာ အဲဒီလမ်းမှာ နေထိုင်တဲ့လူတွေဆီက ငွေကြေးခန့်ခွဲတာပါ။ ငွေမထည့်နိုင်တဲ့ လမ်းတွေကို ဆက်မခင်းပါဘူး။ ငွေမထည့်နိုင်တဲ့နေရာတွေမှာ လုံးဝ လမ်းမခင်းတာတွေ ရှိပါတယ်။ ကြံ့ခိုင်ရေးကို အမွေဆက်ခံတဲ့ပါတီဆိုတော့ လက်ရှိအစိုးရရဲ့ ပါတီပါပဲ။ အကောင်ပြနေတာကို အရိပ်မမြင်ရင် ဘယ်သူ့အပြစ်ပါလဲ။ အနှစ် ၂ဝ ကျော်လုံးလုံး သူတို့စစ်တပ်အသိုင်းအဝိုင်း ကောင်းစားရေးပဲ လုပ်နေ ကြတာဆိုတော့ ရှေ့ဆက်လည်း ဒီအတိုင်းပဲ အမွေဆက်ခံသွားမယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။
နိုင်ငံတည်ဆောက်ရေး၊ လမ်းတံတားဖောက်လုပ်တာတွေဟာ ဘယ်အစိုးရတက်တက် ပြည်သူလူထု တစ်ရပ်လုံးအတွက် တက်တဲ့ အစိုးရ တိုင်းက လုပ်ပေးရမှာပါ။ မြန်မာနိုင်ငံ ကျေးလက်ဒေသအချို့ဟာ ခုထိ အောက်ကျနောက်ကျ ရှိနေတုန်းပါပဲ။ ဝန်ကြီး အမျိုးတွေ၊ စစ်တပ် ထိပ်ပိုင်း အရာရှိကြီးတွေရဲ့ဇာတိမှာ လူမဖြစ်ခဲ့ရတဲ့ဒေသတွေ ခုထိ ဖွံ့ဖြိုးမှု အားနည်းနေတုန်းပါပဲ။
နိုင်ငံတော်ဘဏ္ဍာနဲ့ အသက်ဆက်နေတဲ့ ပါတီဟာ ကြံ့ခိုင်ရေးပါတီပါပဲ။ နိုင်ငံတော် ဘဏ္ဍာဆိုတာ နိုင်ငံသူ နိုင်ငံသားတွေ ထည့်ဝင်ထားတဲ့ အခွန်အခ၊ နိုင်ငံ့စီးပွားရေးလုပ်ငန်းတွေထဲက ရတဲ့ အကျိုးအမြတ်တွေပါပဲ။ အဲဒီ အကျိုးအမြတ်၊ အခွန်အခတွေကို မျက်နှာပြောင်ပြောင်နဲ့ အမြိန့်သားသုံးစွဲနေတာကိုမှ မရှက်တတ်ရင် အသက်ရှင်ဖို့တောင် မသင့်တော့ပါဘူး။
အဲဒီလိုလူတွေကို ပြည်သူလူထု ဆက်ရွေးချယ် မဲပေးမယ်ဆိုရင် ပြည်သူလူထုက ကိုယ့်ခြေ၊ ကိုယ့်လက်ကို ကိုယ်ကိုယ်တိုင် ကြိုးတုပ်တာ နဲ့ အတူတူပါ။ ကြံ့ခိုင်ရေးပါတီ အနိုင်ရဖို့ မဲပေးကြမယ်ဆိုရင် ဓားပြတွေလက် ကိုယ့်အသက် အပ်လိုက်တာလို၊ သူခိုးကို ဓားရိုးကမ်းတာလို ပါပဲ။ တကယ်လို့ မလွှဲမသွေ မဲပေးရမယ်ဆိုရင်လည်း “ခြင်္သေ့ဘေးမှာ ကြက်ခြေခတ်” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုကြရန်သာ ရှိပါတယ်။
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦး