Wednesday, October 20, 2010

0် မဲမပေးနဲ့သူငယ်ချင်း ဒါဟာတို့အတွက် မျှော်လင့်ခြင်း


အနာဂတ်လှဖို့ ဆန့်ကျင်စို့

ဒီစနစ်ဆိုးကြီးအောက်မှာ လှိုင်းတံပိုးထန်တိုက်ခတ်ခဲ့တာ
အဆုံးမဲ့နစ်မွန်း ဒုက္ခနွံထဲ
အနာဂတ်ရဲ့ လမ်းလည်းပျောက်ဆုံးနေရင်းနဲ့
ဒီအစိုးရရဲ့ လက်အောက်
တွန်းလှန်ခဲ့ကြရတာ နှစ်လကြာ

(တို့တစ်သက်မှာတောင့်တခဲ့ရတဲ့ ဒီမိုကရေစီနိုင်ငံလေးရယ်
မျှော်လင့်နေတဲ့ အနာဂတ်အလင်းအတွက်
မဲရုံဆီကိုကွယ်
မသွားနဲ့ ချစ်သောပြည်သူရယ်)

မကြာခင်လန့်နိုးတော့မယ်
ဟိုမဝေးတော့တဲ့ နေ့သစ်ဆီကို
ငါတို့ဆူးခလုတ်တွေမမှု
ညီညာအင်အားနဲ့ လျှောက်လှမ်းရအောင်
ဒီအစိုးရရဲ့လက်အောက်
လွတ်မြောက်ဖို့ရွေးကောက်ပွဲကိုဆန့်ကျင်စို့ကွာ
(တို့တစ်သက်မှာတောင့်တ ခဲ့ရတဲ့...............................)

အိုး ရောက်တဲ့အရပ်ကနေရာတွေမှာ ဒီတခါ စစ်အစိုးရကိုဆန့်ကျင်မှာပါ
ဒီစနစ်ကြီးပျောက်ပျက်အောင် မဲမပေးနဲ့သူငယ်ချင်း ဒါဟာတို့အတွက် မျှော်လင့်ခြင်း


ပေးပို့သော Honey Monအားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.