Saturday, October 23, 2010

0 အားအလွန်ကောင်းသောစူပါဆိုင်ကလုန်းမုန်တိုင်းကြီးGIRI ကျောက်ဖြူမြို့အနီးမှကပ်၍ ကုန်းတွင်းသို့ ဝင်ရောက်နေပြီ

မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ အချိန်မှာရတဲ့ ကောင်းကင်ဓါတ်ပုံ(အောက်ပုံ)မှာ ကျောက်ဖြူမြို့ အနီးမှ ကပ်ပြီး အင်အားအလွန်ကောင်းတဲ့ စူပါဆိင်ကလုန်းမုန်တိုင်းကြီး GIRI ရဲ့ မျက်စေ့ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နေတာတွေ့ရမှာပါ။ အဆင့် -၄ မုန်တိုင်းကြီးဖြစ်တဲ့အတွက် လေတိုက်နှုန်းက အလွန်ကို မြင့်ပါတယ်။ တစ်နာရီကို ၁၄၅ မိုင် မှ မိုင် ၁၇ဝ အထိ ရှိမယ်လို့ WUND မှာ လဲ တင်ပြထားပါတယ်။

မုန်တိုင်း GIRI ဟာ အရှေ့မြောက်ဘက်ကို တစ်နာရီ ၆ မိုင်နှုန်းနဲ့ ကုန်းတွင်း မုန်တိုင်းအဖြစ်ဆက်လက်ရွေ့လျားနေပြီး ဒီနေ့ ၂၂-၁ဝ-၁ဝ နေ့ ည သန်းခေါင်ယံ မှာ အဆင့် -၂ ကုန်းတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဆက်လက် တည်ရှိနေမယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ လာမဲ့ ၂၄ နာရီ အတွင်းမှာတော့ ကုန်းတွင်း အပူပိုင်း မုန်တိုင်းငယ် အဖြစ်ကနေ လေဖိအားနည်းရပ်ဝန်း အဖြစ် တဖြည်းဖြည်း အားပျော့ပျက်ပျယ်သွားမယ်လို့ TSR data များအရ ခန့်မှန်း တင်ပြလိုပါတယ်။

ညနေ ၆ နာရီခွဲ အချိန်မှာ ရတဲ့ data aတွအရ မုန်တိုင်းမျက်စေ့ဟာ မကွေးမြို့ အနောက်ဘက် မိုင် ၁ဝဝ ခန့် ၊ ကျော်ဖြူမြို့ မြောက်ဘက် မိုင် ၃ဝ ခန့် ၊ စစ်တွေမြို့တောင်ဘက် မိုင် ၄ဝ ခန့်က နေပြီး ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်နေကြာင်း သိရပါတယ်


http://www.wunderground.com/wunderma...re=0&ft=0&sl=0


Credit to mmweather.com

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.