Sunday, October 17, 2010

0 မဲပေးမှ လမ်းခင်းပေးမယ်ဆိုတဲ့ ညစ်ပတ်တဲ့ ကြံ့ဖွတ်ဗိုလ်ချုပ်

ကျနော် ဘော်ဒါတွေရပ်ကွက်ဘက်ကဖြစ်ရပ်လေးတစ်ခု ပြောချင်လို.ပါဗျာ... သူတို.နေတာ.. ကမာရွတ်သင်္ဘောကျင်းဘက်ကပေါ့... လှည်းတန်းရထားလမ်းနားကပေါ့ခင်ဗျာ.. အဲနားမှာ ဗိုလ်ချူပ်တစ်ယောက်ကလာပြီး လမ်းခင်းပေးတယ်ခင်ဗျ... သူလမ်းခင်းပေးတယ်ဆိုလို.အကောင်းမမှတ်နဲ.ဦး.. ဘယ်လိုခင်းသွားတယ်မှတ်တုန်း..... လမ်းကိုတစ်ခြမ်းပဲခင်းသွားတယ်.... သူခင်းသွားလမ်းကအမြင့် မခင်းတဲ့လမ်းတစ်ခြမ်း.. အနိမ့်... အမြင့်ပိုင်းကလာတဲ့ကားတွေ ဒုက္ခရောက်နေတာမြင်ရတာ ခဏခဏပဲဗျာ..။ ကားလမ်းကူးရင်တောင်။ သတိထားပြီးကူးနေရတယ် ။ ၂ လမ်းသွားမဟုတ်ဘူး. .၃လမ်းသွားကြီး.. ။ အဲလမ်းကိုဆက်ခင်းဖို.ပြောတော့ ဗိုလ်ချူပ်က ဘာပြောတယ်မှတ်လည်းခင်ဗျ.... သူ့ကို မဲပေးပါ... သူ့ကိုမဲပေးရင် ဆက်ခင်းပေးမယ်... မဲမပေးရင် ဆက်မခင်းပေးဘူးဆိုပြီးပြောတယ်ခင်ဗျ...အဲဒါ ရပ်ကွက်က တစ်အိမ်ဘယ်လောက် ဆိုပြီး လိုက်ကောက်ပြီး ကိုယ်ထူကိုယ်ထ လမ်းတစ်ခြမ်း ပြန်ခင်းနေရတယ်.. ။အဲဒီလမ်းကို သိချင်ရင်တော. လှည်းတန်းရထားလမ်း ဘက်သွားတဲ့ အခြမ်း.. ကုန်းတံတားအောက်လမ်းပေါ်ဗျာ.. ။

zawjilay

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.