Wednesday, October 20, 2010

0 ကျွတ်ပြီ လွတ်ပြီ




ကျွတ်ပြီ လွတ်ပြီ

ယနေ့ ၁၈.၁၀.၂၀၁၀ (တနင်္လာ) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်၊ ၄၂ ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းသို့ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမာစာရ သည် ပြည်မြို့မှကြွချီလာရာ နံနက် (၄း၀၀) နာရီအချိန်တွင် ရောက်ရှိ ခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများသည် ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် တို့နှင့်အတူ တစ်နှစ်စာ ကူညီခဲ့သော နာရေးကိစ္စရပ်များတွင် မကျွတ်မလွတ်ကြသေးသော သတ္တ၀ါအပေါင်းအား ကျွတ်တန်းဝင်ရန်အတွက် အဓိဋ္ဌာန်ကျင့်စဉ်များကို (၉) ရက်တိုင်တိုင် ရွှေပေါက်ပင်ဆရာတော်ကြီး ချမှတ်ပေးထားသော အကျွတ်အလွတ်ကျင့်စဉ် အသီးသီးတို့ကို သက်ဆိုင်ရာ ဘုရားများတွင် အားထုတ်နေကြရာ ၂၃.၁၀.၂၀၁၀ စနေနေ့ (သီတင်းကျွတ်လပြည့်နေ့) တွင် အဓိဋ္ဌာန်အောင်ပွဲ ပြီးဆုံးမည် ဖြစ်ပါသည်။

ယခုကဲ့သို့ ရွှေပေါက်ပင်ဆရာတော်ကြီး ရန်ကုန်မြို့သို့ ကြွရောက်လာရခြင်း အကြောင်းမှာ - နာရေးပို့ဆောင်ရာတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်မော်တော်ယာဉ်များ အန္တရာယ်ကင်းရှင်းစေရန် ကြွရောက် မေတ္တာပို့သပေးခြင်း၊ ၀ါတွင်းဆွမ်းခံကြွရောက်ခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ ဘုရားခန်းမဆောင်အတွင်းရှိ ဗုဒ္ဓမြတ်စွာဘုရား ရုပ်ပွားတော်အား ဒေ၀တာနတ်မင်းများမှ တဆင့် သစ်သီး၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်၊ ပန်းတို့အား ကပ်လှူပူဇော်ခြင်းတို့အပြင် ဆွမ်းခံကြွရောက်ရာတွင် လောင်းလှူလိုက်သည့် သက်သတ်လွတ် ထမင်းဟင်းလျာများ အားလုံးအား ရောမွှေပြီး ဆွမ်းတော် တင်၍ ဆရာတော်ဘုရားကြီးအား ကပ်လှူခြင်း၊ ထို့နောက် သက်သတ်လွတ် ထမင်းဟင်းလျာများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ ကြွရောက်လာကြသော ဆရာတော်ကြီး၏ တပည့် ဒကာ ဒကာမများတို့အား ကျွေးမွေးခဲ့ပြီး အားလုံးသော ဧည့်ပရိတ်သတ် အပေါင်းတို့မှ အမျှပေးဝေခြင်း စသည့်ကောင်းမှုကုသိုလ်များကို စည်ကားသိုက်မြိုက်စွာဖြင့် လုပ်ဆောင်ခဲ့ကြပါသည်။

ထို့ကြောင့် ယနေ့ ၁၈.၁၀.၂၀၁၀ (တနင်္လာနေ့) သည် မကျွတ်မလွတ်သေးသော သတ္တ၀ါ အပေါင်းတို့အတွက် ကျွတ်တန်းဝင်ကြရမည့် ထူးခြားသော နေ့ထူးနေ့မြတ် တစ်ရက်ပင် ဖြစ်တော့ သည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.