မန္တလေးမြို့တော်ဝန်ဦးအောင်မောင်းအားအယုံအကြည်မရှိကြောင်းABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ပောာင်း များ အဖွဲ့က သမ္မတထံ စာပို့သွားမည်ဖြစ်ကြောင်း သိရသည်။
“မန္တလေးမြို့တော်ဝန်ပာာ ပြည်သူတွေရဲ့အသံကိုနားထောင်မှုမရှိဘဲ လုပ်ချင်ရာကိုလုပ်နေပါတယ်။ ဒီကိစ္စတွေအတွက် သမ္မတဆီကို မန်းမြို့တော် ဝန်ကို အယုံအကြည်မရှိကြောင်း စာပို့သွားမှာပါ။ လက်ရှိမှာလည်း ပြည်သူတွေရဲ့ ဆန္ဒမဲလက်မှတ်တွေကို ရယူနေပါတယ်။ ပြီးတော့ ပြည်သူတွေအပေါ် မတရားတရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့လည်း တိုင်ကြားသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။
မန်းမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်းတိုင်စာအား စက်တင်ဘာလကုန်တွင် သမ္မတထံသို့ပေးပို့သွားမည်ဖြစ်ပြီး ယင်းသို့တိုင်ကြားနိုင်ရန် ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများသာမက အခြားအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးအောင်မောင်းသည် ၎င်း၏ မန္တလေးမြို့တော်ဝန်အဖြစ် စတင်တာဝန်ယူသည့် သက်တမ်းခြောက်လအတွင်း ဈေးချိုပျံကျကုန်စိမ်းဈေး အပြောင်းအရွှေ့ကိစ္စရပ်များ၊ ချမ်းမြေ့ သာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လယ်ယာမြေပြဿနာများတွင် တပ်ဖွဲ့အင်အား အများအပြားအသုံးပြု၍ မန္တလေးဒေသခံပြည်သူများအား နှိမ်နင်းခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အဖွဲ့အနေနဲ့ ခုလိုလုပ်ဆောင်တာပာာ ပုဂ္ဂိုလ်ရေးမုန်းတီမှု တစ်စွန်းတစ်စတောင်မပါပါဘူး။ သူ့သက်တမ်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေကို မလိုအပ်ဘဲ အများအပြားသုံးတယ်။ ပြည်သူတွေရဲ့ စိတ်ဓာတ်ရေးရာတွေကို ချိုးနှိမ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ခု ဆန္ဒမဲရယူပြီး တာနဲ့ သူ့ကိုပြန်ရုတ်သိမ်းဖို့အတွက် လုပ်ဆောင်တော့မှာပါ”ပာု ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။
လက်ရှိ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးအောင်မောင်းသည် အစိုးရသစ်လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
Yangon chronicle
Tuesday, October 2, 2012
0 မန္တလေးမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်း ABSDF က သမ္မတထံစာပို့မည်
Monday, October 1, 2012
1 ချင့်ချင့်ချိန်ချိန်ပြောပါ ဘကြီးစိန်
သမ္မတဖြစ်နိုင်မယ်ထင်
ထင်မြင်စကား ပြောကြားလိုက်တဲ့
သမ္မတဦးသိန်းစိန်စကား
ဟား ဟား ဟား…။
နောက်ကြောင်းပြန်လှည့်
၁၉၉၀-ကရွေးကောက်ခဲ့တဲ့ ရွေးကောက်ပွဲ
ဘယ်သူတွေ ၀က်ဝက်ကွဲပြီး
ဘယ်သူက ဗိုလ်ဆွဲသွားတာလဲ
မဲအပြတ်အသတ် အမှတ်ခတ်ကောင်းကောင်းနဲ့
အကြောင်းလှလှ နိုင်သွားတဲ့ဒေါ်စုတို့လက်ထဲ
အာဏာလွှဲပေးခဲ့ပါသလား
ခုနေခါများ သဘောထားကြီးကြီးနဲ့
ကပ်စေးမနည်းပဲ အာဏာလွှဲပြောင်းပေးရင်လဲ
အခါမနှောင်းသေးဘူးဘဲ…။
လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှား
မြင်ရဲ့သားနဲ့ လူထုလိုလားနေတာဘယ်သူလဲ
ထပ်ခါပဲမေးနေရသေးလား
ဗေဒင်မေး ယတြာတွေကြွေးမနေနဲ့တော့
အဖြေက ပေးနေစရာမလို
သူ့အလိုလိုပေါ်နေပြီးသားပါ…။
၂၀၀၈ အခြေခံဥပဒေမှာ
ဒေါ်စုဝင်ပါပြီးမတွေး
စစ်မှုထမ်း ဘယ်ရွေ့ဘယ်မျှ
ထမ်းဆောင်ပြီးသူမှ သမ္မတရွေးချယ်ခွင့်
အဆင့်ရှိတယ်လို့ဆွဲထားပြီးသား…။
နောက်အထောက်ထားကလဲ ရှိထားပြန်
ရွေးချယ်ခံမည့်သူသားသမီးများ
အခြားနိုင်ငံသား ခံယူပြီးသွားရင်လဲ
မဲမည်မျှသာသာ အမြဲသာ ရှောင်ခွာပြေး
သမ္မတရွေးခွင့်နဲ့ဝေး…။
ဒါကိုအတွေးရောက် သဘောပေါက်ရင်
မတောက်တခေါက်ရေးဆွဲထားတဲ့
မဟားဒယား ၂၀၀၈-ဥပဒေ
မသွေပြန်လည်ပြင်ဆင်ပေး
အဲဒီအရေးကိုသာ လွှတ်တော်မှာ
မြန်စွာမနှေး အကောင်ထည်ဖေါ်ပေးပါ။
သမ္မတကြီးကိုအရေးထား လေးစားပါသည်
ပြည်သူကိုယ်စား ပန်ကြားပါသည်ခင်ဗျား။
တက္ကသိုလ်ဘုန်းကြွယ်(၉-၃၀-၁၂)
Sunday, September 30, 2012
0 ကမ္ဘာကျော် ရုရှား စစ်တုရင်ချန်ပီယံဟောင်း၊Russian pro-democracy activist ဖြစ်တဲ့ Garry Kasparov မှ ဒေါ်အောင်ဆန်းစုကြည်အတွက် ပေးပို့သော ရုပ်သံ
Garry Kasparov was unable to attend the San Francisco Freedom Forum on September 28, where he was scheduled to present the Vaclav Havel Prize for Creative Dissent to Burmese human rights leader Aun Aung San Suu Kyi. With pressing issues before the Russian opposition movement in Moscow, Kasparov sent this video message to the SF Freedom Forum.
Former world chess champion Garry Kasparov is the chairman of the Human Rights Foundation and founder of the Russian opposition group, the United Civil Front.
1 စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်
ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် မြောက်ဘက် မိုင်လေးရာခန့်အကွာရှိ ထားဝယ်မြစ်ဝအထိ ခရီးဆန့်လာခြင်းဖြစ်သည်။
ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေး သောင်တူးသည်အနေဖြင့် ကျော်ကျော်ဖြိုး ကုမ္ပဏီမှ သဘောင်္ ရှစ် စင်း ဖြင့် သဲတူး၊ သဲသယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယခုလနောက်ဆုံးအပတ်တွင် စင်ကာပူမှ သဲဝယ်ယူမည့် သင်္ဘောရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယင်းကုမ္ပဏီသည် ယင်းလုပ်ငန်းများကို ထားဝယ်မြစ်ဝရှိ ကျောက်နီမော်နှင့် ဆင်ဖြူပြင်ကျေးရွာအကြားတွင် လုပ်ကိုင်ခွင့်ရရှိထားပြီး လုပ်ငန်းလည်ပတ်ရန်အတွက် အကြိုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ကျော်ကျော်ဖြိုး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
သဲတူးယူမှုကြောင့် ကမ်းပါးပြိုမှု ပိုများလာနိုင်ပြီး ပင်လယ်ဆားငန်ရေများ လယ်ယာမြေများအတွင်း ၀င်ရောက်လာကာ လယ်ယာမြေများ မဖြစ်ထွန်းတော့မည်ကို ယင်းမြစ်ကမ်းအနီး နေထိုင်သော ဒေသခံအချို့က စိုးရိမ်လျက်ရှိသည်။
“သဲတူးယူသွားလို့ ချောင်းနက်လာရင် ကမ်းပြိုတာတွေ ပိုများလာမယ် ” ဟု ယင်းမြစ်ကမ်းအနီး တီတွတ်ပြင်ရွာမှ အသက် ၅၀ အရွယ် လယ်သမား တစ်ဦးက ၎င်း၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောဆိုသည်။
ရာမည သောင်တူး သဘောင်္တစ်စီးသည် ပြီးခဲ့သည့် ၁၀ နှစ်ကျော်က ဆင်ဖြူပြင်ဆိပ်ကမ်းအ၀င် လမ်းကြောင်းတွင် သဘောင်္များ ၀င်ထွက်လွယ်ကူစေရေးအတွက် သောင်တူးဖော်ပြီး တူးယူရရှိသည့် သဲ၊ နှုန်းမြေများကို အိမ်ရှေ့ပြင်ကျေးရွာအနောက်ဘက်ကမ်းရှိ သောင်မဲကျွန်းတွင် စုပုံခဲ့သည်ဟု ဆင်ဖြူပြင် ကျေးရွာမှ ဒေသခံများက ဆိုသည်။
ထားဝယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာတွင်ရှိသည့် ဆင်ဖြူပြင် ဆိပ်ကမ်းသည် ထားဝယ်ဒေသသို့ လာရောက်သော သင်္ဘောကြီးများ အဓိက ဆိုက်ကပ်ရာ နေရာတစ်ခုဖြစ်သည်။
ထိုအချိန်က သောင်တူးခဲ့ခြင်းကြောင့် တီတွတ်ပြင် ကျေးရွာ ကမ်းခြေအနီးရှိ တောင်သူများနှင့် ရေလုပ်သားများ အသုံးပြုနေသော ရေတွင်းအချို့ ဆားငန်ရေ ၀င်သွားသည့်အတွက် ပျက်စီးခဲ့ကြောင်း၊ ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ ပြေးဆွဲနေသော ကမ်းရိုးတန်းအမြန်ယာဉ်များ စတင်ပြေးဆွဲလာချိန်တွင် ကမ်းပြိုမှု ပိုမိုများလာကြောင်း ယင်းကျေးရွာများမှ ဒေသခံများက ပြောဆိုသည်။
သောင်တူးသည့်အခါ ကမ်းပါးလျှောစောက်အား တစ်အချိုး၊ သုံး နှင့် လေး အကြားထားရှိလျှင် အကောင်းဆုံးဖြစ်ပြီး ယင်းသို့ ထားခြင်းဖြင့် ကမ်းပါးပြိုမှု နှင့် ကမ်ပါး နှင့် ကပ်ပြီး ရေစီးဆင်းမှုများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှုး ဦးဝင်းအောင်က ရှင်းပြသည်။
“ကမ်းပါးစောက်ရင် ကမ်းပြိုမှုဖြစ်နိုင်တယ်။ ကမ်းပါးရေကပ် စီးရင် ကမ်းပြိုမှု ဖြစ်နိုင်တယ်” ဟု ဦးဝင်းအောင်က ဆိုသည်။ လွန်ခဲ့သည့် ၁၀နှစ်က သောင်တူးခြင်းကြောင့် ငါးစားကျက်များ ပျက်စီးခဲ့ပြီး ငပိပြုလုပ်ရန် ပုစွန်ငယ်များရှာဖွေရရှိမှုမှာ ခြောက်ပုံတစ်ပုံအထိ ကျဆင်းသွားကြောင်း တီတွတ်ပြင်ကျေးရွာမှ ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ရှင်းပြသည်။
ကုန်မြေတိုးချဲ့ရန် အလွန်အမင်း လိုအပ်နေသော စင်ကာပူသည် ကမ္ဘောဒီးယားနိုင်ငံမှ သဲအလွန်အမင်း ၀ယ်ယူခဲ့သောကြောင့် ဂေဟဗေဒစနစ် ပျက်စီးသည်ဟုဆိုကာ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဝေဖန်မှုကို ခံခဲ့ရဖူးသည်။
“လှေတွေလည်း သွားလို့ရအောင် ကမ်းပါးလည်း မပြိုအောင် လုပ်ပေးစေချင်တယ် ” ဟု အိမ်ရှေ့ပြင် ရပ်ကွက်မှ အသက် ၆၄ နှစ်အရွယ် ဦးစံယုက ဆိုသည်။
ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေးမည်ဆိုသည့် အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ကျော်ကျော်ဖြိုး ကုမ္ပဏီ နှင့် စင်ကာပူနိုင်ငံက ITPM ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကာ အသုံးပြု၍ရမည့် သဲများကို စင်ကာပူကို တင်ပို့မည်ဖြစ်ပြီး စီမံချက်ကာလ ၅ နှစ်ဖြစ်သည်။
Dawei Watch
0 ကိုယ်ကျိုးစီးပွားသမားတွေကို နောက်မှာ ချန်ထားဖို့ (ဗသုန်)
ပြည်သူ့ ကိုယ်စားလှယ်ဆိုတဲ့ အဖြစ်ကို မေ့လျော့ပြီး ပြည်သူတွေရဲ့ အသံကို နားမထောင် ပြည်သူတွေရဲ့ အကျိုးစီးပွား ကိုလည်း ရှေးမရှု ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ တကွ အပေါင်းပါ ဖြစ်နေတဲ့ ကိုယ်စားလှယ် တွေကို နောက်တစ်ကြိမ် လွှတ်တော်ထဲ မရောက်အောင် နောက်မှာ ချန်ထားခဲ့ဖို့ ကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ တာဝန် သာ ဖြစ်ပါကြောင်းCrony ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် မြန်မာ အဓိဓာန်မှာ မြန်မာဘာသာဖြင့် ဘယ်လို ဖော်ပြထားသည် ဖြစ်စေ အဘိဓာန်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုက နားလည် လက်ခံကြတာ မဟုတ်ပါဘူး။ ဝေါဟာရတွေရဲ့ ၀ိပ္ပလ္လာသ, သဘောကို လိုက်ကာအဓိပ္ပာယ်တစ်မျိုးနဲ့ နားလည် နေကြပြီး အဲဒီလို နားလည်မှုကလည်း ကောင်းတဲ့အမြင်နဲ့ နားလည်တာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ အဲဒီတော့ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း တင်ပြရမယ်ဆိုရင် Crony တွေရဲ့အပေါ်မှာ ပြည်သူတွေက အမြင် မကြည်မလင် ဖြစ်နေမှုဟာ ကြာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Crony တွေနဲ့ ပတ်သက်လာရင် အောက်ခြေမှာ ရှိကြတဲ့ ဘယ်အလွှာကမှ ထောက်ခံ ပြောဆိုတာ မကြားရဖူးပါဘူး။ ဒီလို ဖြစ်ရတာကလည်း Crony တွေနဲ့ ပတ်သက်လာရင် သူတို့ရဲ့ မောက်မာမှု တွေနဲ့တကွ ဆင်းရဲသား ပြည်သူတို့အပေါ် ငဲ့ကွက်ခြင်းမရှိမှုစတဲ့ ချီးမွမ်းဘွယ် မရှိတဲ့ သတင်းများကသာ ပြည်သူတွေရဲ့ အကြားမှာ ပျံ့နှံ့နေခဲ့မှုကလည်း ကာလ အတော်ကြာနေလို့ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်နဲ့ ပတ်သက်လို့ ဒီဥပဒေ ကို လွှတ်တော်တွင်းရှိ Crony အုပ်စုနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်နေသူတို့ ပူးပေါင်းကာ ဦးဆောင် ရေးဆွဲကြပြီး ပြည်တွင်း Crony တွေ သာလျှင် ပိုမို အကျိုးဖြစ်ထွန်းစေလိမ့်မယ် လို့ မီဒီယာတွေကနေတစ်ဆင့် သိကြရတဲ့ အခါ အလတ်စား အငယ်စား လုပ်ငန်းရှင် များကစပြီး ပြည်သူတွေ အတွင်းမှာ Crony တွေနဲ့ ပတ်သက်လို့ အဆိုးမြင်မှု တွေ ပိုမို ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမှ ပြည်တွင်း ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ် လာပြီး ပြည်သူတွေအတွက် အခွင့် အလမ်းကောင်းတွေ ဖြစ်ပေါ်လာလိမ့်မယ် လို့ မျှော်လင့်ထားကြလို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပြည်တွင်း Crony တွေရဲ့ အကျိုးစီးပွားကို သိသာစွာ ရှေ့ရှုနေတဲ့ အချက်အချို့အား ဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုခဲ့သည့် တိုင်အောင် ဒီဥပဒေ ရေးဆွဲမှု အခြေအနေ ကို ပြည်သူတွေအတွင်းမှာ မေးခွန်း ထုတ်စရာ အများအပြား ရှိနေပါတယ်။
အမှန်အားဖြင့် တင်ပြရရင် ၁၉၈၈ ခု နောက်ပိုင်း အာဏာရှင် အစိုးရ လက်ထက်အတွင်း ကျွန်တော်တို့ နိုင်ငံ မှာ Crony တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ဒီCrony တွေဟာအာဏာရှိသူတွေနဲ့ သွေးသား တော်စပ်သူတွေ သော်လည်းကောင်း၊ ပုဂိ္ဂုလ်ရေးအားဖြင့် ရင်းနှီးကျွမ်းဝင်လွန်းသူတွေ သော်လည်း ကောင်း ဖြစ်ကြပါတယ်။ Crony တွေရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အာဏာရှင် အစိုးရရဲ့ အာဏာရှိ သူတို့နဲ့ တိုက်ရိုက် အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပတ်သက်နေခဲ့ကြ ပါတယ်။ အာဏာရှင်အစိုးရရဲ့ နှစ်နှစ်ဆယ်နီးပါး မျှကြာအောင် အုပ်ချုပ်မှု ကာလအတွင်း နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးတဲ့ စီမံကိန်းတွေနဲ့ Crony တွေဟာ သူတို့ရဲ့ စီးပွားဖြစ်ထွန်းမှုများနဲ့ စီးပွားရေး အခွင့် အလမ်းတွေကို အဆမတန် ကြီးထွား အောင် လုပ်နိုင်ခဲ့ပါတယ်။ အာဏာရှင် အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခွင့်အလမ်းများကို မြန်မာ Crony တွေ ခွဲဝေရယူကြပုံကတော့ ၁၉ ရာစုနှစ်အတွင်းက အနောက် ဥရောပ နယ်ချဲ့တို့ အာဖရိကတိုက်ကို ခွဲဝေယူကြပုံ နဲ့ အလားသဏ္ဍာန် တူတယ်လို့ ပြောနိုင် ပါတယ်။
နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍတွေဖြစ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်း၊ စွမ်းအင်၊ သတ္ထု၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း စတဲ့ ကဏ္ဍစုံ၊ ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက်၊ နိုင်ငံအနှံ့ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ ရှိနေပါတယ်။ ဒီလိုနိုင်ငံအနှံ့ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေရှိနေလို့ ဒေသခံတွေ အလုပ် အကိုင် အခွင့်အလမ်းတွေ ရကြတယ်။ ၀င်ငွေတွေ တိုးတက်ကြတယ်ဆိုတဲ့ အခြေ အနေက နည်းပါးပြီး Crony တို့နဲ့ ဒေသ ဆိုင်ရာ အာဏာပိုင်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် လယ်ယာမြေ လက်လွတ်ဆုံးရှုံး နစ်နာမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်ယွင်းမှုတွေကြောင့် ဒေသခံ ပြည်သူလူထုဟာ အကျပ် အတည်းတွေ တွေ့ကြရပြီး ဒုက္ခဆင်းရဲ ရောက်တာတွေ ရှိခဲ့ပါတယ်။ သာဓက တစ်ခုအနေနဲ့ တင်ပြရရင် လက်ရှိအစိုးရ အဖွဲ့သစ် လက်ထက်မှာ ဖြေရှင်းလို့ မပြီး နိုင်သေးတဲ့ တောင်သူ လယ်သမားတွေ လယ်ယာမြေ ဆုံးရှုံးမှု ပြဿနာတွေဟာ ယခင် အစိုးရဟောင်း လက်ထက်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပြဿနာတိုင်းဟာ Crony တွေကြောင့် ဖြစ်နေရတာလို့ သုံးသပ်သူ အများအပြား ရှိနေတာ ကိုလည်း တွေ့ရပါတယ်။ နိုင်ငံအတွင်း ဒေသ အများအပြားမှာ ပြဿနာတွေ ဖြစ်ပေါ်နေတာ ဖြစ်လို့ ယခုအခါ လွှတ်တော်က ဒီပြဿနာတွေ ပြေလည် စေရေးအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အစိုးရဟောင်း လက်ထက်မှာ အာဏာရှိသူတွေနဲ့ ပတ်သက်နေမှုတွေ ကြောင့် Crony တွေဟာ အခွင့်ထူးခံတွေ အဖြစ်နဲ့ ဥပဒေအထက်မှာ ရှိနေတဲ့ လူတန်းစား ဖြစ်ခဲ့ပါတယ်။ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းများ နိုင်ငံအတွင်းမှာ ပျံ့နှံ့နေတာနဲ့အတူ Crony တို့ရဲ့ အမှုထမ်း များ လက်ရင်း လက်ဖျား လက်ဝေခံများ ဟာလည်း နိုင်ငံအနှံ့ ရှိနေခဲ့ပါတယ်။ Crony တို့ရဲ့ အရှိန်အ၀ါ ကြီးမား လွန်းတာကြောင့် Crony တို့နဲ့ ပတ်သတ် လာရင် အစိုးရ၀န်ထမ်း အဆင့်ဆင့်တွေ ကလည်း အလျှော့ပေး ဆက်ဆံကြရပါ တယ်။ အကျိုးဆက် အနေနဲ့ကတော့ တရားဥပဒေ စိုးမိုးမှု ပိုမိုအားနည်း လာတာတွေ၊ အဂတိလိုက်စားမှု ပိုမို များပြားလာတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် လက်ရှိအစိုးရ လက်ထက်မှာ ကြုံတွေ့နေရတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုပြဿနာ၊ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ ပြဿနာနဲ့ အဂတိ လိုက်စားမှု ပိုမိုများပြားလာတဲ့ ပြဿနာ တွေမှာ Crony တွေမှာလည်း တာဝန် ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး စနစ် ပြောင်းလဲနိုင်ရေးအတွက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့တဲ့အခါ Crony အချို့နဲ့ အာဏာရှင် အစိုးရဟောင်း လက်ထက်က အာဏာရှိခဲ့သူ အများစု တို့ဟာ လွှတ်တော်တွေမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်လာကြပါတယ်။ အဲဒီလို ဖြစ်လာရတာကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဖြစ်လာကြတာ ဖြစ်ပါ တယ်။ ဒီလို Crony အချို့နဲ့တကွ သူတို့နဲ့ နှီးနွှယ် ပတ်သက်နေတဲ့ အာဏာရှင် အစိုးရဟောင်း လက်ထက်က အာဏာ ရှိသူ အများစုတို့ဟာ ဥပဒေပြု လွှတ်တော် မှာ အဓိကအင်အားလို ပါဝင်လာ သောကြောင့် စောစောပိုင်း ကာလတွေမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး ပေါ်လစီကို ပြည်သူတွေက ပြည့်ဝစွာယုံကြည်မှုမရှိခဲ့ကြပါဘူး။ နိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အတွက် လွှတ်တော်များနဲ့တကွ အစိုးရ အဖွဲ့သစ်တို့ ပေါ်လာကာစ စောစောပိုင်း ကာလတွေမှာ လွှတ်တော်တွေနဲ့ အစိုးရ အဖွဲ့သစ်တို့မှာ ပါဝင်လာကြတဲ့ Crony အချို့နဲ့ အစိုးရအဖွဲ့ဝင် အချို့ဟာ အာဏာရှင် အစိုးရလက်ထက်က ပုံစံ အတိုင်း ပြည်သူတွေအပေါ်မှာ စီးမိုးတဲ့ အပြောအဆို အနေအထားများနဲ့ ဒီမိုကရေစီစနစ်ဦးရဲ့ မျက်နှာစာမှာ မဖုံးနိုင် မဖိနိုင် ခပ်ပြောင်ပြောင် ရပ်ပြခဲ့တာကို လည်း တွေ့ကြရပါတယ်။ ထိုကဲ့သို့သော အပြောအဆိုနဲ့ လုပ်ရပ်များကြောင့် ထိုပုဂိ္ဂုလ်များကို လည်းကောင်း၊ လွှတ်တော်များနဲ့ အစိုးရအဖွဲ့သစ် အတွင်းမှာ ပါဝင်နေကြတဲ့ Crony များနဲ့ အာဏာရှင် အစိုးရ လက်ထက်က အာဏာရှိသူ အချို့ကို လည်းကောင်း၊ ပြုပြင် ပြောင်းလဲရေးကို မလိုလားတဲ့ ရှေးရိုးစွဲများ နောက်ကြောင်း ပြန်လှည့်မည့် သူများအဖြစ် ပြည်သူတွေက သတ်မှတ် ခဲ့ကြပြီး ဒီမိုကရေစီရေးအတွက် သောက ပွားခဲ့ကြရပါတယ်။
အဲဒီလို ပြည်သူတွေရဲ့ သောကကို သိရှိတဲ့အတွက် ၁-၃-၂၀၁၂ နေ့က ပြည်ထောင်စု လွှတ်တော်မှာ သမ်္မတကြီး ဦးသိန်းစိန်က အစိုးရအဖွဲ့ အတွင်းမှာ ခေါင်းမာဂိုဏ်း အပျော့ဂိုဏ်းဆိုတာ မရှိပါ ဘူးလို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အစိုးရအဖွဲ့အတွင်းက ရှေးရိုးစွဲဝါဒီတွေကို ချန်ထားခဲ့မယ်လို့ သမ္မတကြီး က မေလ အတွင်းမှာ ကြေညာခဲ့ပြီး စက်တင်ဘာ လဆန်းမှာ အစိုးရအဖွဲ့ကို အကြီးအကျယ် ပြင်ဆင် ဖွဲ့စည်းခဲ့ ခြင်းဖြင့် မေလအတွင်းက ပြောကြားခဲ့မှုကို သမ္မတကြီးက အကောင် အထည်ဖော်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု အစိုးရ အဖွဲ့အတွင်းမှာ ယခုကဲ့သို့ ဖြစ်ပေါ်လာခဲ့ခြင်းဟာ ပြည်သူ တွေ သုံးသပ်ခဲ့ကြတဲ့အတိုင်း ပြည်ထောင် စု အစိုးရ အဖွဲ့အတွင်းမှာ သဘောထား တင်းမာသူများနဲ့ ပျော့်ပြောင်းသူများ (ခေါင်းမာဂိုဏ်း အပျော့ဂိုဏ်း) ရှိနေတယ် ဆိုတာ ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းက အနေအထား ဖြစ်ပြီး အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော် သမ်္မတကြီးက သမ္မတရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာအရ ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။
တကယ်တော့ လွှတ်တော်တွေ အတွင်းမှာလည်း သဘောထား တင်းမာ သူများနဲ့ ပျော့ပြောင်းသူများ (ခေါင်းမာ ဂိုဏ်း၊ အပျော့ဂိုဏ်း) ဆိုပြီး ရှိနေတာကို တဖြည်းဖြည်း ပေါ်လွင်စွာ မြင်နေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အများ အကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွားတို့ စပ်ယှဉ်တဲ့ ကိစ္စရပ်တွေမှာ ပိုမိုပေါ်လွင်စွာ မြင်တွေ့ရပါတယ်။ သို့သော် အစိုးရအဖွဲ့ မှာကဲ့သို့ ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့ အဓိပ္ပာယ် အရ ပြည်သူတွေက ရွေးချယ်ထားတဲ့ သဘောဖြစ်လို့ ဒီပုဂိ္ဂုလ်တွေ ကိုယ်စား လှယ် ဖြစ်လာမှုဟာ၊ မဲဆန္ဒရှင် ပြည်သူ တွေနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ပြည်သူ့ ကိုယ်စားလှယ်ဆိုတဲ့ အဖြစ်ကို မေ့လျော့ပြီး ပြည်သူတွေရဲ့ အသံကို နားမထောင် ပြည်သူတွေရဲ့ အကျိုးစီးပွား ကိုလည်း ရှေးမရှု ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ တကွ အပေါင်းပါ ဖြစ်နေတဲ့ ကိုယ်စားလှယ် တွေကို နောက်တစ်ကြိမ် လွှတ်တော်ထဲ မရောက်အောင် နောက်မှာ ချန်ထားခဲ့ဖို့ ကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ တာဝန် သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
(ပြည်သူ့ခေတ်၊ အတွဲ ၃၊ အမှတ် ၁၁၃)
0 ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်တယ်လို့ ပြောတဲ့ သမတဦးသိန်းစိန်နဲ့ ဘီဘီစီ၏ Hardtalk အစီအစဉ် တွေ့ဆုံ မေးမြန်းခန်း(ရုပ်/သံ)
မေးခွန်းမေးသူက ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတ မဖြစ်နိုင်တာကို သမ္မတ ဖြစ်လာနိုင်ရေး ဦးသိန်းစိန် အနေနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ ရနိုင်ပါ့မလားလို့ မေးမြန်းခဲ့ရာမှာ ဖွဲ့စည်းပုံကို ပြည်သူတရပ်လုံးနဲ့ လွှတ်တော်က ပြင်ဆင်နိုင်တယ် လို့ ဆိုပါတယ်။
“သူမ အနေနဲ့ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတယ်၊ မဖြစ်လာဘူး ဆိုတာ ပြည်သူတွေရဲ့ ဆန္ဒ သဘော ထားအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ ပြည်သူတွေက သူမကို လက်ခံတယ်ဆိုရင် ကျွန်တော့် အနေနဲ့ သူ့ကို လက်ခံ ရမှာပါပဲ”လို့ ဦးသိန်းစိန် က ပြောခဲ့တာပါ။
NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ ပါတီအနေနဲ့ အခုအချိန် မှာ ခေါင်းဆောင်မှုပိုင်းမှာ လူ ငယ်တွေ အလိုရှိတဲ့အကြောင်း၊ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ပါတီညီလာခံကို ကျင်းပဖို့ လုပ်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအရ သမ္မတ မဖြစ်နိုင်ပေ မယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း လက်ရှိ လူထု ထောက်ခံမှု၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထု အားကိုးမှု စသည့် အခြေအနေများအရ မဲ အများစုဖြင့် အနိုင်ရမယ်လို့ ယုံကြ ပါကြောင်း ပြောပါတယ်။
“ဒီပုံစံအတိုင်းဆိုရင် ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုလုပ် သမ္မတ ဖြစ်နိုင်မလဲ၊ ကျနော် တို့ အများစု မဲနိုင်ချင်နိုင်မယ်၊ ဒါပေမယ့် ဒီ အခြေခံ ဥပဒေ ငုတ်တုတ်ကြီး ရှိနေသေး ရင် ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးဟာ ဘယ်လိုမှ သမ္မတ မဖြစ်နိုင်ဘူး” လို့ ဦးဝင်းတင်က ဆိုပါတယ်။
မကြာသေးခင်က ဒု သမ္မတ ရွေးပွဲတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို တင်ခဲ့ပေမယ့်လည်း သူရဲ့သားသမီးတွေ ထဲမှ သြစတြေးလျတွင် နိုင်ငံသား ခံယူထားသူ ရှိတာကြောင့် ဒု သမ္မတရာထူးကို မရခဲ့ကြောင်း၊ ဒီကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်လည်း သမ္မတ နေရာ ရရှိနိုင်ဖွယ် မမြင်ကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြပါတယ်။
“ငါတို့ ဗိုလ်ချုပ်ကြီးတယောက်ကို သမ္မတ နေရာ တင်တာကိုတောင်မှ သူ့သားသမီးတွေထဲက သြစတြေးလျမှာ နိုင်ငံသား ခံယူထားသူ ရှိတဲ့အတွက် ပယ်လိုက်တယ်ဆိုတဲ့ အစဉ်အလာ တခု လုပ်ပြီးတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးတကြိုး ချည်လိုက်တာ တွေ့ရတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြသည်။(ဧရာဝတီ)
0 နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် (San Francisco) မြန်မာတိုင်းရင်းသားမိသားစုများနဲ့တွေ့ဆုံပွဲ (ရုပ်/သံ) အစအဆုံး
ဒေါ်အောင်ဆန်းစုကြည်နှင့် (San Francisco) မြန်မာများတွေ့ဆုံပွဲတွင်တွေ့ရသော ဒီပဲယင်း အရေးအခင်းမှ သူရဲကောင်း ကိုတိုးလွင် ဖြစ်ပါတယ်။ သူဟာ ဒီပဲယင်း အရေးအခင်းမှာ အမေ့ကို ရိုက်တဲ့ ဝါးရင်းတုတ်ကို ခေါင်းထိုးခံလိုက်လို့ တစ်ခေါင်းလုံး အကွဲခံပြီး အန်တီ အသက်ကို ကယ်လိုက်သူပါ။
မနေ့ကကျင်းပတဲ့ ဆန်ဖရန်စစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ်အကျယ်ချုပ် နဲ့ အကျဉ်းစံဘ၀ နေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်းအတွက် ခရီးရှည်၊ “The Long Road to Freedom” အမည်ပေးထားတဲ့ အခမ်းအနားမှာ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် နေနိုင်တဲ့သူဟာ အမြဲတမ်း လွတ်လပ်နေနိုင်ပါတယ် လို့ ပြောဆိုသွားပါတယ်။
အဝေးရောက်နေတဲ့သားတွေနဲ့ အတူ ဆန်ဖရန်စစ္စကိုမှာ ပြန်ဆုံစဉ်
ကိုဝင်းလှိုင် - ကိုပန်းသီး - ကိုတိုးလွင် - ကိုညီထွေးခိုင် - ကိုမိုးကျော် - ကိုညီညီသန်း(Thida Fan Page)
ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ လူမှုအဆောက်အအုံ၊ အဖွဲ့အစည်းကြီးတွေနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့သူတွေ အတွက်တော့ လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားတဲ့ခရီးက ရှည်ပါလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ် ရှေ့ဆောင် လမ်းပြခဲ့သလိုပဲ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ရာမှာ အမှန်တရားနဲ့ နေထိုင်မှုကနေ စတင်ကြရပါတယ်။ ဒီလိုနည်းနဲ့ပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေကိုလည်း ဖိနှိပ်မှုတွေ လက်အောက်ကနေ လွတ်မြောက်အောင် အမှန်တရားနဲ့ နေထိုင်ဖို့ လူမှု အဖွဲ့အစည်းကြီး တွေကနေ စွမ်းဆောင်သွားကြရမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံ အတွက်တော့ အဲဒီခရီးရှည်ကြီးကို အခု စရတော့မယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားပါတယ်။
“အခု မတူခြားနားပြီးတော့ ရှည်လျားတဲ့ခရီးကို ကျမတို့ လျှောက်လှမ်းရတော့မှာ မိုလို့ ခါတိုင်းထက်ပိုပြီးတော့ ကျမတို့ မိတ်ဆွေကောင်းတွေ အများကြီး လိုပါတယ်။ အရင် လျှောက်ခဲ့ရတဲ့လမ်းက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးပမ်းခဲ့ရတာပါ။ အခု လျှောက်ရမယ့်လမ်းကတော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ လူ့အဖွဲ့အစည်းကြီးတွေ တည်ဆောက်ရမယ့် ခရီးပါ။ ဒါကြောင့် မိတ်ဆွေကောင်းတွေ ပိုပြီးတော့ လိုအပ်တာပါ။”
လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ဘယ်နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ ဒီချိုးဖောက်မှုတွေကို လူ့အဖွဲ့အစည်းက အလေးထား အာရုံစိုက်အောင် လုပ်ရမယ် ဆိုတဲ့ ကာလရှည်ကြာ ရှုမြင် ဆောင်ရွက်ချက်တွေနဲ့ မလုံလောက်တော့ဘူး လို့ ထောက်ပြ ပြောဆိုသွားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက် ပညာဉာဏ်နဲ့ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ စွမ်းရည်ခွန်အားတွေ ရှိဖို့လိုတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဥပမာပေး တင်ပြခဲ့ပါတယ်။
“တရားဥပဒေ စိုးမိုးမှုရှိအောင် ကြိုးစားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လို့ တားဆီးရုံနဲ့ မရတော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ဘာကြောင့် ဒီလုပ်ရပ်တွေကို မလုပ်သင့်ဘူးလဲ ဆိုတာကို နားလည်လာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ သူတို့လုပ်ရပ်တွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို မသိတာလား။ ဒါမှမဟုတ်ရင်လည်း သူတို့လုပ်ရပ်တွေက သူတို့ အပါအ၀င် လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ် ဆိုတာကို မသိတာလား။ ဒါကို ဖော်ထုတ် အသိပေးဖို့ လိုပါတယ်။ အာဏာရှင်စစ်တပ်တွေ သူ့လူမျိုး သူ့တိုင်းပြည် အပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ် ဆိုတာ ကြားခဲ့ကြရပြီးပါပြီ။ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာ စွမ်းရည်တွေ မရှိရင် သာမန်ပြည်သူ၊ သာမန်စစ်သားတယောက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မကျူးလွန်မိအောင် ထိန်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း မွေးရာပါ အသိစိတ်၊ စာနာစိတ်တွေနဲ့ မကျူးလွန်မိအောင် ထိန်းသိမ်းသင့်ပါတယ်။ ဒါကို သူတို့ နားလည်နိုင်အောင် ကျမတို့ ကူညီနိုင်မှာပါ။”
လွတ်မြောက်ရေး ခရီးလမ်းအတွက် အမုန်းနဲ့ အကြမ်းဖက်မှုတွေ ကင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒီခရီးရှည်ကြီးကို အမုန်းနဲ့ အကြမ်းဖက်မှုတွေ မရှိဘဲ လျှောက်လှမ်းခဲ့ကြတဲ့ မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်ကြီးတွေကို လေးစားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
“ကိုယ် လိုချင်တဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းသုံးပြီး အရယူယူ၊ အောင်မြင်မှုရရင် ပြီးတာပဲလို့ ယူဆသူတွေ ရှိပါတယ်။ ဒါဟာ မှန်တယ်လို့ မထင်ပါဘူး။ နည်းလမ်းမမှန်ရင် နောက်ဆုံးမှာ ရတဲ့ အောင်မြင်မှု ဆိုတာကလည်း မှန်ကန်မှု မရှိနိုင်ပါဘူး။ လွတ်လပ်မှုအတွက် အမုန်းနဲ့ အကြမ်းဖက်မှု နည်းတွေ သုံးပြီး လျှောက်လှမ်းမယ် ဆိုရင်တော့ ခရီးဆုံးမှာ ရမယ့်ရလဒ်က လွတ်လပ်မှု ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အမုန်း၊ ကိုယ့်ရဲ့ အကြမ်းဖက်မှုနဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အကျဉ်းထောင်ကိုပဲ ရောက်မှာပါ။”
ဒါကြောင့် ကိုယ့်ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လို့ရတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေ့ထက်ထိတော့ အရေအတွက် နည်းလာတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့် ရှိတဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်အောင် ၀ိုင်းဝန်းကူညီနိုင်အောင် ပြောဆိုသွားပါတယ်။
နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ တက်ရောက် ဆွေးနွေးကြတဲ့ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ်ကို ဂုဏ်ပြု ပေးအပ်တဲ့ Václav Havel Prize for Creative Dissent ဆိုတဲ့ ဆုကို ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
မမိုးဖြူ (ဗွီအိုအေ မြန်မာဌာန)
0 ကိုမြင့်အေးရေ
နောက်တခါ…လာပြန်ပြီဟေ့။နပန်းဆံသီချင်းထဲက အဟဲ မျိုး ဟဲရတော့မယ်။
ဒီ တခါ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၅၀၀လောက်
လွှတ်ပေးလိုက်ပြန်ပြီဆိုတော့အရင်အသုတ်တွေက မလွတ်ပဲ ကျန်နေခဲ့တဲ့
နိုင်ငံရေး အကျဉ်းသားတွေဆီ စိတ်က ချက်ချင်းပဲ ရောက်။
ဦးရွှေထူးလွတ်တယ်ကြားတော့ဝမ်းသာတယ်။ ကြာခဲ့ပြီကော။ သူကလွတ်သင့်နေခဲ့ပြီ။
တဆက်တည်း. သူငယ်ချင်း ကိုမြင့်အေးများပါလာလေ မလား…ဖေ့စ်ဘုတ်ကနေ
ဝမ်းသာအားရတင်ပေးနေတဲ့ မိတ်ဆွေတွေရဲ့ ဆက်တိုက်တက်လာနေတဲ့ ဓါတ်ပုံတွေ
သတင်းတွေ စာရင်းတွေဆီကနေ တဆင့် ခင်ဗျားဓါတ်ပုံ ခင်ဗျားနံမည်ကို
ရှာကြည့်နေမိတယ်။
မိသားစုတွေပြန်ဆုံဆည်းကြ။ မြတ်မြတ်နိုးနိုး
အဖေကသမီးငယ်ကိုထွေးပိုက်လို့။ ဇနီး ကခင်ပွန်းသည်ကို
မျက်ရည်အရွှဲသားနဲ့ကြည့်လို့။ မိခင်ကြီးက သားငယ်ကိုကလေးလို တင်းတင်းကြပ်ကြပ်
ဖက်ထားလို့ ။ လုပ်ဖေါ်ကိုင်ဖက်တွေက လွတ်လာတဲ့
သူငယ်ချင်းကိုအားပါးတရကြိုဆိုကြလို့။
အဲလိုပြန်ဆုံဆည်းရတဲ့ဓါတ်ပုံတွေတွေ့တော့ အဝေးကနေရင်းတောင် မျက်ရည်လည်မိတဲ့
ကျွန်တော်။ အချိန်ကုန်လို့ ..ခင်ဗျား မပါသေးဘူးဆိုတော့
စိတ်ကမကောင်းတော့ဘူး။
မလဲ့လည်း ၀မ်းနည်းနေတော့မယ်။ မလဲ့..ခင်ဗျားက ခင်ဗျား ခင်ပွန်းကို
ပိုမျှော်မိရှာမှာပေါ့။ယောင်္ကျားရယ်လို့မှပိုင်ပိုင်ခေါ်ခွင့်မရတာ။အားကိုးရာမရတာ။
အကာအကွယ်မဲ့နေတာ ကြာပြီမဟုတ်လား ။တခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်။
ခင်ဗျားသားလေးကော။ အဖေပျောက်ခဲ့တာ။ အားလုံး ကြာခဲ့ပြီမဟုတ်လား။ ဖေဖေရယ်..
သား သွေးသွင်းရမယ့်ကိစ္စတွေက အဖေ့လွတ်လာမယ့်ကိစ္စလောက်အရေးမပါပါဘူးဗျာ။
စိတ်ထဲ လျှောက်တွေးနေမိရင်းက ကျွန်တော် ခင်ဗျား နဲ့ပတ်သက်လို့
သိမ်းထားခဲ့ တဲ့သတင်းဖိုင်တွေ ပြန်မွှေနှောက်မိတယ်။ ခင်ဗျား အသံဖိုင်တွေကို
ပြန်နားထောင်မိတယ်။
၈.၀၉. ၂၀၀၈ တနင်္လာနေ့စွဲ- The New Light of Myanmar အင်္ဂလိပ်သတင်းစာကို
ပြန်ဖတ်မိတော့ ကျွန်တော်ပို ရင်နင့် တယ်။ အဲဒီတုန်းက အဓိက နောက်ကွယ်က
ထောက်ပန့်တယ်ကြိုးကိုင်တယ်လို့ ဖေါ်ပြခြင်းခံခဲ့ရတဲ့ ABSDF ဥက္ကဋ္ဌဟောင်း
မိုးသီးဇွန်က အခု ပူပူလောလော ပြည်တွင်းမှာ ။ အဝေးကနေ
ငွေကြေးတွေထောက်ပန့်ခဲ့ပါတယ်ဆိုတဲ့ ဒေါက်တာ အေးမင်းလည်းအမေရိကားကနေ
0 အမေရိကန်က သွင်းကုန်ကန့်သတ်မှုရုတ်သိမ်းသော်လည်း မြန်မာနိုင်ငံတွင် ပို့ကုန်ဝုန်းကနဲပေါက်ရန် မဖြစ်နိုင်သေး
အမေရိကန်က မြန်မာနိုင်ငံမှတင်သွင်းကုန် ပိတ်ပင်ထားမှုကို ဖြေလျော့ပေးရန်ဆုံးဖြတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အထည်ချုပ်နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ရှင်သန်လာရန်ရှိနေသည်။ သို့သော် ဆင်းရဲသောနိုင်ငံတွင် ရုတ်တရတ် ပို့ကုန်ထပေါက်မှုအတွက် မျှော်လင့်ချက်များအပေါ် အချို့ စောင့်ကြည့်သူများ၏ အဆိုးမြင်သတိပေးမှုများလည်း ရှိနေသည်။
ဆယ်စုနှစ်များစွာကြာခဲ့သော စစ်တပ်အုပ်ချုပ်ရေးသည် မြန်မာနိုင်ငံ၏စီးပွားရေးကို လုံးဝဖျက်ဆီးပစ်ခဲ့ရာ၊ အလုပ်လက်မဲ့များပြားခြင်း၊ အခြေခံ အဆောက်အဦးများ ပျက်ယွင်းသွားခြင်းများသာ ကျန်ရစ်ခဲ့သည်။ အစိုးရသစ်လက်ထက်တွင် ပြင်ပကမ္ဘာသို့တံခါးဖွင့်ပေးခဲ့ရာ တောက်ပသည့်အနာဂါတ်၏ အလားအလာများ ထွက်ပေါ်ခဲ့သည်။
အနောက်ကမ္ဘာသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများကို အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း၊ သယံဇာတကြွယ်ဝမှု အပေါ် အကျိုးစီးပွားအသစ် မျှော်လင့်ချက်များအရလည်းကောင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများကို ရုတ်သိမ်းခဲ့ကြသည်။
အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် နောက်ဆုံးကျန်ရှိသည့် အဓိကအတားအဆီးဖြစ်သည့် သွင်းကုန် ကန့်သတ်ထားခြင်းကို ဖြေလျော့ပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့ကကြေညာခဲ့သည်။
“သွင်းကုန်ပိတ်ပင်ထားမှု ဖြေလျော့ပေးလိုက်ခြင်းဟာ သက်ဆိုင်တဲ့ကဏ္ဍတွေမှာ ပို့ကုန်အကြီးအကျယ် တိုးတက်လာမှာဖြစ်ပြီး၊ တဖက်ကလည်း ပြည်တွင်းစီးပွားရေးကို အကျိုးဖြစ်စေမှာဖြစ်ပါတယ်။ အလုပ်အကိုင်တွေလည်း ဖန်တီးပေးနိုင်ပါလိမ့်မယ်”ဟု HIS Global Insight သုတေသနအုပ်စုမှ သုံးသပ်သူ Jan Zalewski ကပြောသည်။
ဝါရှင်တန်သည် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ကန့်သတ်မှုများအများစုကို ရုတ်သိမ်းပေးလျက်ရှိပြီးနောက် ကွန်ဂရက်သည် ကဏ္ဍတစ်ခုချင်းအလိုက် စဉ်းစားပေးနေပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းကြောင့် အထည်အလိပ်၊ သစ်နှင့်စိုက်ပျိုးရေးအပါအဝင် အချို့လုပ်ငန်းကဏ္ဍများတွင် ကြီးစွာသောအပြောင်းအလဲများ တွေ့ရမည်ဖြစ်သည်။
၂၀၀၃ ခုနှစ်က မြန်မာ့ထုတ်ကုန်များကို အမေရိကန်ကပိတ်ပင်ခဲ့သောအခါ အကြီးဆုံးထိခိုက်နစ်နာမှုကြုံရသူမှာ အထည်ချုပ်ပို့ကုန်များဖြစ်သည်။
ကြာသပတေးနေ့ကကြေညာချက်ကို ရန်ကုန်မြို့ပြင် ပုလဲတွင်တည်ရှိသော Maple Trading ၏အထည်ချုပ်စက်ရုံတွင် ချီးကျူးထောပနာ ပြုခဲ့သည်။ ၎င်းစက်ရုံသည် သွင်းကုန်ပိတ်ပင်ခံထားရမှုကြောင့် လုပ်ငန်းလေးခုတွင် သုံးခုရပ်နားခဲ့ရသောကြောင့် လုပ်ငန်းခက်ခဲပြီး ပြိုလဲခဲ့ရသည်။
ထိုစက်ရုံမှ လုပ်သက်(၁၂)နှစ်ရှိကြီးကြပ်ရေးမှူး အသက်(၄၀)ခန့်ရှိ ကော်နီကပြောကြားရာတွင် သွင်းကုန်ပိတ်ပင်ခံရမှုပြီးနောက် စက်ရုံ အတော်များများပိတ်ခဲ့ရသည်ဟု ဆိုသည်။ အမျိုးသမီးလုပ်သားအများစုသည် ကြေးစားမယ်ဘဝသို့ ရောက်ကြရကြောင်း သူကဆိုသည်။
“အလုပ်ပြန်ကောင်းလာမယ်ဆိုတော့ အမျိုးသမီးလုပ်သားတွေရဲ့ ဘဝလုံခြုံတာပေါ့”ဟု သူကပြောသည်။ သူ၏စက်ရုံသည် လောလောဆယ် ဂျက်ကက်နှင့် ဘောင်းဘီရှည်များ ကိုရီးယားနှင့် ဂျပန်ဝယ်သူများအတွက် ချုပ်ပေးနေကြောင်း ဆိုသည်။
“သူတို့ဟာ ညကနေအာရုဏ်တက်အထိ ဒီစက်ရုံမှာလုပ်ပြီး မိသားစုကို တဖက်တလမ်းက ငွေရှာပေးနေကြတာပါ”ဟု သူကပင် ပြောသည်။
Maple Trading ၏ပိုင်ရှင်ဖြစ်သူ ဦးအောင်ဝင်းကပြောကြားရာတွင် အမေရိကန်၏ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ၎င်း၏ စက်ရုံတွင်အော်ဒါများ များပြားစွာပြန်လည်ရရှိမည်ပာု မျှော်လင့်ကြောင်း၊ သူ၏စက်ရုံတွင် လူ(၇၀၀)ခန့် အလုပ်ခန့်ထားရာ အများစုမှာအမျိုးသမီးများ ဖြစ်ကြောင်း ပြောသည်။
“အရင်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားလေးသိန်းလောက်ရှိခဲ့တာ၊ အခု တစ်သိန်းလောက်ပဲ ရှိတော့တာ။ အခုတော့ စက်ရုံတွေ တိုးလာ တော့မှာပေါ့။ အလုပ်လက်မဲ့တွေလည်း လျော့ကျသွားပြီး ဝယ်လိုအားလဲမြင့်တက်လာနိုင်ပါတယ်”ပာု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းအသင်း ဒုဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်ဝင်းက ပြောကြားရာတွင် ထိုင်းနိုင်ငံကဲ့သို့ အိမ်နီးချင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော သန်းချီသောလုပ်သားများကိုလည်း ပြန်လည်ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
“မြန်မာနိုင်ငံရဲ့ အကြီးဆုံးအားသာချက်ကတော့ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားတို့နဲ့ယှဉ်ရင် ဈေးပေါတဲ့လုပ်အားရှိတာပါပဲ”ပာု Maplecroft မှ သုံးသပ်သူ Arvind Ramakrishnan ကပြောသည်။
“ဒါပေမယ့်လည်း လျှပ်စစ်မီးမလုံလောက်မှုနဲ့ အလုပ်သမားရပိုင်ခွင့်တွေ ကြီးမားစွာချိုးဖောက်မှုတွေပာာ အန္တရာယ်အလွန်ကြီးပါတယ်”ပာု ၎င်းက ပြောသည်။
ထိုအန္တရာယ်များကြောင့် လက်ရှိမြင်နိုင်သမျှ အနာဂါတ်တွင် မြန်မာနိုင်ငံသည် ဒေသတွင်းအခြား အထည်အလိပ်ထုတ်လုပ်သူများအတွက် အလေးအနက်ထားရမည့် စိန်ခေါ်သူဖြစ်မလာနိုင်သေးကြောင်း Ramakrishnan ကသုံးသပ်သည်။
ဝါရှင်တန်မှ ပိတ်ပင်ထားမှုကို ဖြေလျော့ပေးလိုက်သည့်အတွက် နေ့ချင်းညချင်းအပြောင်းအလဲများ ဖြစ်မလာနိုင်သေးကြောင်း ဦးအောင်ဝင်းက ပြောသည်။
“အမေရိကန်စီးပွားရေးလုပ်ငန်းတွေဝင်လာခဲ့ရင်တောင် သူတို့က နှစ်ဖက်မျှပြီး တာဝန်ယူရမယ့် လူမှုဖူလုံရေးကိစ္စတွေ၊ နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေ၊ ဒါတွေကိုကျေနပ်မှ ကျွန်တော်တို့ကို အော်ဒါပေးမှာ။ ဒါမှ ဒါကိုကျွန်တော်တို့က ပြင်ဆင်ရမှာ”ပာု ၎င်းကပြောသည်။
မြန်မာနိုင်ငံ၏ အိန္ဒိယနှင့်တရုတ် အကြားတွင်ရှိနေသော မပာာဗျူပာာကျသော တည်ရှိမှုနှင့် သယံဇာတကြွယ်ဝမှုကို မျက်စိကျနေသော ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ကို စောင့်မျှော်နေကြသည်။
အမေရိကန်ကသွင်းကုန် ကန့်သတ်ထားမှုကိုရုတ်သိမ်းပေးလိုက်ခြင်းကြောင့် အကျိုးရှိမည့်သူများမှာ နိုင်ငံပိုင်ကုမ္ပဏီများနှင့် နိုင်ငံရေးအီလစ်များ ပိုင်သောစီးပွားရေးလုပ်ငန်းများဖြစ်ကြောင်း Ramakrishnan ကပြောသည်။
အမေရိကန်ပြည်ထောင်စုသည် အမေရိကန်ကုမ္ပဏီများအား အငြင်းပွားဖွယ်များရှိသော မြန်မာနိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းနှင့် လုပ်ကိုင်ရန် သတိပေးမှုများနှင့်အတူ ခွင့်ပြုခဲ့ပြီးဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာများနှင့်ပတ်သက်၍ အဆိုပါကဏ္ဍသည် စစ်အစိုးရနှင့် ၎င်း၏ခရိုနီများနှင့် နီးကပ်စွာဆက်စပ် နေခြင်းကြောင့် စောင့်ကြည့်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
ပိတ်ပင်ထားမှုကို ရုတ်သိမ်းသည့်လုပ်ငန်းစဉ်သည် အချိန်အတော်ယူရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်လုပ်ငန်းများသည် ယခင် စစ်အစိုးရနှင့်ပတ်သက်နေသည်ဆိုသည်ကို မသတ်မှတ်နိုင်သေး၍ ဖြစ်သည်ပာု Zalewski ကပြောသည်။
“သွင်းကုန်ပိတ်ပင်မှု ဖြေလျော့ခြင်းရဲ့အတိုင်းအတာ ဘယ်လောက်ထိသွားမလဲဆိုတာ စောင့်ကြည်ရမှာပဲ”ပာု ၎င်းက ပြောသည်။
“မြန်မာစစ်တပ်ပာာ စီးပွားရေးမှာခြေလှမ်းကြဲကြဲနဲ့ ဝင်ထားပြီး ဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်တပ်ရဲ့အာဏာ ပိုကြီးလာအောင်လုပ်ပေးသလိုမဖြစ်ဖို့ သတိကြီးစွာထားပါလိမ့်မယ်”ပာု ၎င်းက ပြောသည်။
Yangon chrpnicle
0 အာဇာနည်ခေါင်းဆောင်ကြီး၏ သမီးကွယ်လွန်ခြင်း
အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း၏ သမီးကြီး ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစ်မ၀မ်းကွဲ ၊ ဒေါ်တင်လှဝင်း အသက် (၇၆)နှစ် ကွယ်လွန်အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း + ဒေါ်ခင်စော တို့၏ သမီးကြီး ဒေါ်တင်လှဝင်း အသက် (၇၆) နှစ်သည် ၂၈.၉.၂ဝ၁၂ ရက်နေ့ နံနက် (၄း၃ဝ) နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပြီး ယင်းနေ့ နံနက် (၁ဝးဝဝ) နာရီအချိန်၌ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကူညီဖေးမ ပို့ဆောင်ပေးခဲ့သည်။
ဈာပနအခမ်းအနားအား ၃ဝ.၉.၂ဝ၁၂ (တနင်္ဂနွေနေ့) ညနေ (၄းဝဝ ~ ၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က) ၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ စီစဉ်ဆောင်ရွက်မည် ဖြစ်ပါ သဖြင့် အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သမီးကြီးဖြစ်သူ ဒေါ်တင်လှဝင်းအား ခင်မင်လေးစားကြ သည့် နယ်ပယ်အသီးသီးမှ ဆွေမျိုးမိတ်သင်္ဂဟများ အားလုံးအတွက် အသိပေး နှိုးဆော်အပ်ပါသည်။
(ညနေ (၅းဝဝ) နာရီအချိန်တွင် မီးသင်္ဂြိုလ်မည်ဖြစ်ပါသည်။)
FFSS