Monday, November 5, 2012

0 ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှု ဇုန်နယ်မြေတော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံ က အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ(ဓာတ်ပုံ)

ရွှေပြည်သာ ၀ါးတစ်ရာတော်ဝင်အထပ်သားစက်ရုံမှဆန္ဒပြနေသောအလုပ်သမား ဆေးကုသခံယူနေစဉ်
ကိုအေးအောင် ကိုကျော်ကျော် ကိုဝေဋု တော်ဝင်အထပ်သားစက်ရုံရှေ့
ဆန္ဒပြနေသော အလုပ်သမားများအား (၉၆...၉၈)ကျောင်းသား ကိုအေးအောင်မှ အားပေးစကား သွားရောက်ပြောကြား (၄.၁၁.၂၀၁၂)
အမျိုးသမီးများကွန်ရက်မှလည်း မသန္တာ ဒေါ်နော်အုန်းလှနှင့် အဖွဲ.များ လာရောက်အားပေး
ရှေ့နေ ကိုဖိုးဖြူမှ အလုပ်သမားအရေးအား လာရောက်အားပေးပြောကြား
အလုပ်ရှင်ရဲ့ခေါင်းမာမှုက တော်တော်ဆိုးပါတယ် ။ ဆန္ဒပြရက် ၁၁ရက်မှာ အစာငတ်ခံ ဆန္ဒပြတဲ့ရက် ၄ရက် တချို့ ဆေးရုံတက်ရပြီဖြစ်ပေမဲ့ အလုပ်သမားတွေ ကို အလုပ်ရှင်ကလှည့်မကြည့်ပါဘူး အင်းစိန်ဆေးရုံပေါ်မှာ မအေမီထွန်း (၁၈နှစ်) မနှင်းဝေလွင် (၁၈နှစ်) မခင်ချိုမြင့် (၃၁နှစ်)နဲ့  မတင်နီလာအောင်(၂၈နှစ်)တို့ လည်း ရှီနေပါသေးတယ် ။ အစိုးရမင်းကြီးတို့ ရေ ပြုပြင်ပြောင်းလဲရေး အတွက် အလုပ်ရှင်တွေ ကိုလည်း -ပြောပါဦး -ဆိုပါဦး -
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၀ါးတရာစက်မှု ဇုန်နယ်မြေ၊ အမှတ် ၂၃ရပ်ကွက်၊ တော်ဝင်လမ်းရှိ တော်ဝင်မိသားစု ကုမ္ပဏီ၏ သစ်အချောထည်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ စက်ရုံရှေ့မှာ နေ့စဉ်ရက်ဆက် အစာငတ်ခံဆန္ဒပြနေခဲ့ကြတာ ဒီကနေ့ဆိုရင် ၁၁ ရက် ရှိသွားပြီဖြစ်ပါတယ်။ အခုအခါမှာ အစာငတ်ခံဆန္ဒပြ အလုပ်သမားထဲက ၂၅ ဦးဟာ ရွှေပြည်သာဆေးရုံကို ပို့ဆောင်ကုသနေရပြီး အဲ့ဒီထဲက လေးဦးကတော့ အင်းစိန်ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

အလုပ်သမား ၂၅ ဦး ဆေးရုံရောက်နေချိန်မှာပဲ ကျန်ရှိနေတဲ့ အလုပ်သမားတွေက

Sunday, November 4, 2012

2 “မြန်မာပြည်မှာ မမြင်ဖူးတဲ့ အထူးဆန်းဆုံးလမ်း”

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ မြို့အ၀င်အထွက်(၆)မိုင်ခရီး ကွန်ကရစ်ခင်း ကားလမ်းမကြီးတဲ့မြန်မာနိုင်ငံတနံတလျား ဘယ်မြို့ဘယ်ဒေသမှာမှ မမြင်ဖူးထူးဆန်းဖွယ် ကွန်ကရစ်ခင်း ကားလမ်းကို မြင်ရပါမယ်။ တံတားကို ကားဘီးနင်းဖို့ ခင်းထားတဲ့ သစ်သားခင်းပုံစံ ယခင်ကျောက်ခင်းမြေလမ်းပေါ်တွင် ဘယ်ညာနှစ်ဖက် ကွန်ကရစ်လောင်းထားတဲ့လမ်းကို တစ်ဖက်သုံးပေစီ။ အလယ်အလွတ်ထားပြီး နှစ်ပေခွဲခန့်ကွက်လပ်ထဲကို သဲမြေလောင်းထားပါတယ်။ လမ်းခင်းကွန်ကခရစ်ရဲ့ ထုအထူက ဆယ်လက်မခန့်ရှိပါတယ်။ ဒီလမ်းမျိုး၊ မြန်မာပြည် ဘယ်တိုင်းပြည်နယ်မှာမှ မမြင်ဖူးပါဘူး။

ဒီလမ်းကို ၂၀၁၂-ခု၊ January ၁၆ ရက်နာဂဒေသလေရှီးမြို့မှာ ကျင်းပတဲ့ နာဂရိုးရာပွဲတော်လာတဲ့ နိုင်ငံတော် ဒုတိယသမ္မတကြီးသီဟသူရတင်အောင်မြင့်ဦးက နာဂပွဲအပြန်ဟုမ္မလင်းကို ၀င်ပြီး ဟုမ္မလင်းမြို့အ၀င်(၆)မိုင်လမ်းကို ကတ္တရာခင်းဖို့ ခွင့်ပြုမိန့်ပေးခဲ့ပါတယ်။ ဒီခရီးမှာ မြန်မာ့မဟာစစ်အာဏာရှင်ကြီးတို့ရဲ့ အစဉ်အလာအတိုင်း စစ်တပ်ထဲမှာလို စီနီယာဒု-သမ္မတက ဂျူနီယာတိုင်းဝန်ကြီးချုပ်ဦးသာအေးကို လူရှေ့သူရှေ့ မကြာခဏငေါက်ပါတယ်။

ဦးသာအေးကလဲ ချောင်ကပ်ပြီးငေးနေရာရှာတာပေါ့။ စိတ်ထဲမှာတော့ အစာမကျေခဲ့ပါဘူး။ ဒီခရီးကအပြန်သိပ်မကြာခင်မှာပဲ ကျန်းမာရေးအကြောင်းပြချက်နဲ့ ဒု-သမ္မတက

0 ရန်ကုန်မြို့တွင် ရမ်းကားမှုများပေါ်ပေါက်လျက်ရှိ

အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကားတစ်စီးအား နိုဝင်ဘာလ ၃ ရက်နေ့ည ၁၁း၃၀ နာရီအချိန်က ပြည်လမ်း အင်းယားကန်ဘောင်ရှေ့တွင်တွေ့ရစဉ်-Photo.EMG
ရန်ကုန်မြို့ရှိ ညကလပ် (Night Club)

အစိုးရသစ်တက်လာပြီးနောက် အကျဉ်းသားများအား ၇ ကြိမ် လွှတ်ပေးခဲ့ပါသည်။ ၁၇.၅.၂၀၁၁ နေ့တွင် ၉၀၃ ဦး၊ ၁၂.၁၀.၂၀၁၁ နေ့တွင် ၅၆၈ ဦး၊ ၃.၁.၂၀၁၂ နေ့တွင် ၁၀၂၈ ဦး လွှတ်ခဲ့ပါသည်။ အဆိုပါ လွှတ်ပေးသူများထဲ တွင် ခိုး၊ ဆိုး၊ နှိုက်ဖြင့် ထောင်ကျနေသူ ကျား+မ ပေါင်း ၄၆၉ ဦး ပါဝင်လာခဲ့ပါသည်။

ယခု ရန်ကုန်မြို့တွင် (လှုပ်ရှားဝင်ထွက်နေသူများမပါ)လူဦးရေ ၆၆ သိန်းရှိပြီး ရာဇ၀တ်မှုများ ဖြစ်ပွားလျက်ရှိရာ တွင် အဆိုပါ ခိုး၊ လု၊ နှိုက်များသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသော်လည်း ရိုးသားစွာလုပ်ကိုင်စား သောက်ခြင်းမပြုဘဲ ယင်းတို့၏ အမူအကျင့်တိုင်း ခိုး၊ လု၊ နှိုက် အလုပ်များသာ ဆက်လုပ်ပြီး မိလျှင်ခံမည် မိ၍ ထောင်ကျသွားပါကလည်း နောက်ထပ်လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်လျက်ရှိသူများပါရှိသည်။ သို့ဖြစ်၍ ခိုး၊ ဆိုး၊ နှိုက် အမှုများကို ကာကွယ်ရန် ပြည်သူများတွင်လည်း တာဝန်ရှိသဖြင့် တာဝန်ရှိသူနှင့် ပြည်သူတို့ပူးပေါင်းဆောင်ရွက် ရန်လိုမည်ဖြစ်ပါသည်။

ပြည်သူများအနေဖြင့် အေးချမ်းသာယာစွာ နေထိုင်နိုင်ရန် အဆိုပါ ခိုး၊ ဆိုး၊ နှိုက်သူများ၏ သတင်းကို တာဝန်ရှိ သူများထံ ပေးပို့နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါသည်။

ယခုနောက်ပိုင်း ရန်ကုန်မြို့ပေါ်တွင် ညဘက်၌ အုပ်စုဖြင့် မူးယစ်ရမ်းကား ရိုက်နှက်မှုများလည်း ပေါ်ပေါက်လျက်ရှိသည်။

အင်းယားကန်ဘောင်တွင် လူ ၁၇ ဦးက ဆိုင်ကယ် ၉ စီးနှင့်လာပြီး တွေ့သူများကို ရိုက်နှက်ခဲ့ခြင်း၊

0 "ဒီစကား"ဒေါ် အောင်ဆန်းစုကြည်

ယခု ကျွန်မတို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ကြိုးစားနေရတဲ့အချိန်ပါ။ ဒီလိုအချိန်မျိုးမှာ လူကြိုက်များမှု စတားဖြစ်ရေးထက် အရေးကြီးတာက လုပ်သင့်လုပ်ထိုက်တာတွေကို လူမုန်းခံပြီး လုပ်နိုင်ဖို့ပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဖေဖေ့ရဲ့ လက်သုံးစကားအဆိုလေးကို ပြန်သတိပေးချင်ပါတယ်။ လုပ်ရဲတာက သတ္တိမဟုတ်ဘူး။ ခံရဲတာက သတ္တိတဲ့။ ဒါကိုတလွဲအဓိပ္ပာယ်မကောက်ပါနဲ့။ ဘာမှမလုပ်ဘဲ ဖြစ်သမျှသာခံဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကိုယ်လုပ်ဖို့ရာ ဆုံးဖြတ်လိုက်တဲ့ အလုပ်ရဲ့အကျိုးဆက်တွေကို ခံရဲရမယ်လို့ ဆိုလိုတာပါ။ ကန္တာရခရီးလမ်းကို ပန်းခင်းထားတဲ့ စတားလမ်းလို့ မထင်မိကြပါစေနဲ့။ သိသိကြီးနဲ့ ရွေးပြီးလျှောက်ခဲ့တဲ့လမ်းမို့ မညည်းမညူဆက်ကြရမှာပါ။ လမ်းခုလတ်က ၀င်ပြီး အကြော့သားလေးစတားလုပ်ချင်တဲ့ စိတ်တွေမွေးရင်တော့ ကျွန်မတို့နိုင်ငံကို အကျိုးပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေကို အားမကျကြပါနဲ့။
တစ်နေ့လွှတ်တော်ထဲမှာ မျက်မှန်ကို စာရေးခုံပေါ်မှာ ကိုင်ထားတုန်းငုံ့ကြည့်လိုက်တဲ့အခါ ခန်းမအထက်မျက်နှာကြက်က မီးလုံးများမြောက်များစွာဟာ မျက်မှန်ရဲ့ မှန်သားတွေပေါ်မှာ ကြယ်ကလေးများ တောက်ပသလို လင်းလက်နေ တာတွေ့လိုက် ရပါတယ်။ ကြည်နူးဖွယ်ရာ မြင်ကွင်းလေးမို့ လွှတ်တော်အတွင်း ဘာတွေပြောနေကြတယ်ဆိုတာကို သတိမပြုနိုင်တော့ဘဲ ကြယ်ကလေးများအကြောင်းကို အတွေးရောက်သွားပါတယ်။

“ကြယ်ကလေးတွေ” လို့ပြောလိုက်ပေမဲ့ ကြယ်တွေဆိုတာ တကယ်တော့ ကြီးမားတဲ့ ဂြိုလ်ကမ္ဘာကြီးတွေဖြစ်ပါတယ်။ မီးလျှံတွေဟုန်းဟုန်းတောက်နေလို့ ကျွန်မတို့ ကမ္ဘာက ကြည့်လိုက်တော့ လင်းလက်နေတာပါ။ စကြာဝဋ္ဌာကြီးရဲ့ ဝေးလံလှသော တစ်နေရာမှာရှိနေတဲ့ ကြယ်ကြီးအချို့ရဲ့ မီးလျှံတွေဟာ ငြိမ်းသွားတာကြာလှပါပြီ။ ဒါပေမယ့် အလင်းရောင်ရဲ့ အမြန်နှုန်းနဲ့တောင် အင်မတန်ကြာတဲ့ခရီးကိုဖြတ်ကျော်ခဲ့ရတာကြောင့် ဇစ်မြစ်ဖြစ်တဲ့ကြယ်ကြီးတွေ လောင်ကျွမ်းပျောက်ကွယ်သွားသည့်တိုင် ကျွန်မတို့အမြင်မှာတော့ တောက်ပဆဲအလင်းပွင့်လေးများလို မြင်နေရပါတယ်။

အခုခေတ်မှာ “စတား” ဆိုတဲ့ “ကြယ်” လို့အဓိပ္ပာယ်ပေါက်တဲ့ အင်္ဂလိပ်ဘာသာစကားလုံးကို တွင်တွင်သုံးကြပါတယ်။ ရုပ်ရှင်အနုပညာရှင်များနဲ့ ပတ်သက်လို့ အနောက်တိုင်းနိုင်ငံတွေမှာ စတင်သုံးစွဲခဲ့တယ်လို့ ထင်ပါတယ်။ စတားတွေဟာ အများအလယ်မှာ ရေပန်းစားပြီး အားကျစရာတွေဖြစ်လာတာကြောင့် ဒီစကားလုံးကို

0 သေနေ့အလှူ


( ထိုနေ့ ညဖက်တွင် ကျွန်တော့်ရဲ့ မွေးမိခင်၊ဖခင်တို့ အားမိသားစု နှင့်အတူသွားရောက် ကာ ကာယကံ၊၀ဇီကံ၊မနောကံတို့ နှင့်ပစ်မှားထားသည်ရှိပါက ခွင့်လွှတ်ပါရန် မြတ်စွာဘုရားအားဦးထိပ်ပန်ဆင်လက်အုပ်ချီမိုး ကန်တော့ခဲ့ပြီး မွေးနေ့ ညကိုအဆုံးသတ်ခဲ့ပါတော့သည်။မွေးနေ့ ပြီးလျှင် သေနေ့ လာမည်မဟုတ်ပါလား ။) ကျော်သူ(၁၉၅၉ မှ ၂၀ ? ? )
၂.၁၁.၂ဝ၁၂ ရက်နေ့ နံနက်နေထွက်သည့် အချိန်မှစ၍ ကျွန်တော့်၏တယ်လီဖုန်းနှင့် ကွန်ပြူတာ (အင်တာနက်စာမျက်နှာ)ထက်တွင် ကျွန်တော့်မွေးနေ့အား ဆုတောင်းမေတ္တာပို့ခြင်းတို့ လွှမ်းခြုံခဲ့သည်။ ဟုတ်ပါသည်။ ၂.၁၁.၂ဝ၁၂ ရက်နေ့သည် ကျွန်တော် (၅၃) နှစ်ပြည့်သော မွေးနေ့အခါသမယတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အသင်းသူ/သားများသည်၎င်း၊ မိတ်ဆွေအပေါင်းအသင်းများသည်၎င်း၊ ပြည်ပမှမိတ်ဆွေ အပေါင်းအသင်း၊ Blogger များသည်ပင် ကျွန်တော့်အား မွေးနေ့ပွဲမလုပ်ဘူးလား ? ဘာကျွေးမှာလဲ ? စသဖြင့် မေးမြန်းကြသည်။

ကျွန်တော်ပြည်ပမှ ပြန်ရောက်သည်မှာ (၂) ရက်ခန့်သာ ဖြစ်သောကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် တွေ့ဆုံရမည့်သူများ၊ မိမိလုပ်ကိုင်ရမည့် အသင်း တာဝန်ကိစ္စရပ်များနှင့် (၅) နှစ်တာကာလ ဝေးကွာခဲ့သော ကျွန်တော်၏သမီး မြင့်မိုရ်ဦးတို့ဇနီးမောင်နှံနှင့် ကျွန်တော်၏ မြေးငယ်နှစ်ယောက်တို့နှင့် ပြန်လည်ဆုံတွေ့နေသောကြောင့် မိမိ၏ မွေးနေ့မွေးရက်ကိုပင် သတိမထားမိခဲ့ချေ။ ယခင့်ယခင်နှစ်များတွင် ကျွန်တော်၏ မွေးနေ့မွေးရက်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် မိမိကျင်လည်ခဲ့သော ရုပ်ရှင်လောကအချိန်တွင် သရုပ်ဆောင်မင်းသားအဖြစ် ဝတ်ဆင်မြန်း ခဲ့သော အဝတ်အထည်များအား မဲဖောက်၍ ဝန်ထမ်းများ၊ လုပ်အားပေး လူမှုရေးသမားများအား ဝေငှ ကုသိုလ်ဒါနပြုခြင်း၊ အကျွေးအမွေးဒါနပြုခြင်း၊ ဇနီး ရွှေဇီးကွက်နှင့်အတူ ကိုယ်တိုင်ကိုယ်ကျ မုန့်လုပ်ကာ ဒါနပြု ကျွေးမွေးခြင်း စသည့်ကုသိုလ်ရေးများကို လုပ်ဆောင်ပေးခဲ့သည်။

သို့သော်ယခုမွေးနေ့ရက်တွင်နံနက်အိပ်ယာထထချင်း မွေးနေ့ဆုတောင်း မေတ္တာပို့ကြသော တယ်လီဖုန်းသံများ၊ အင်တာနက်မှ ပို့သ သော မွေးနေ့ဆုတောင်းများကို တွေ့ရှိခံစားမိကာမှ ကျွန်တော်၏ အသက် (၅၃) နှစ် မွေးနေ့ရက်ဖြစ် ကြောင်း သတိထားမိသည်။ သို့သော် အသင်းသူ/သားများအား ကျွေးမွေးဧည့်ခံ ကုသိုလ်ယူမည့် ကိစ္စရပ် များအား အချိန်မီ (ချက်ခြင်း) မစီစဉ်နိုင်ခဲ့ချေ။ ကျွန်တော်၏ ထမ်းဆောင်နေရသော လူမှုရေး အသင်းအဖွဲ့ တာဝန်များဖြင့် မအားမလပ် ဖြစ်နေရသည်။

ထိုနေ့ နံနက် (၁းဝဝ) နာရီအချိန်တွင်လည်း ကျွန်တော်အိပ်ယာမှ ဆတ်ခနဲ နိုးလာသည်။ အိပ်ယာနိုး၍ စက္ကန့်ပိုင်းအတွင်း တယ်လီဖုန်းသံမြည်လာသည်။ ဤအချိန်တွင် မည်သူကများ ဖုန်းဆက် သနည်းဟု တွေးတောမိကာ တယ်လီဖုန်းအား ကောက်ကိုင်လိုက်သောအခါ “ဦးကျော်သူရေ … ကျွန်တော် ဦးမောင်ညွန့်ရဲ့သားပါ။ အဖေတော့ဆုံးသွားရှာပြီ။” ဟူ၍စတင်ကြားရတော့သည်။ ယင်းကဲ့သို့ ကျွန်တော်၏ မွေးနေ့ဖြစ်သော နံနက်အစောပိုင်း (၁းဝဝ) နာရီအချိန်တွင် ကျွန်တော့်ထံသို့ အစောဆုံးဖုန်းဆက်၍ နာရေး သတင်းအား ကျွန်တော်ကြားသိရခြင်းသည် “မွေးနေ့တွင် သေနေ့အတွက် ပြင်ဆင်ရန်” ဟူ၍ သတိပေး နှိုးဆော်ခြင်းတစ်ရပ်ပင် ဖြစ်တော့သည်။ ဦးမောင်ညွန့်သည် ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် လုပ်အားပေးနေသော ဝါရင့်လူမှုရေးသမားတစ်ဦး ဖြစ်သည်။ ဦးမောင်ညွန့်သည် နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် သစ္စာရှိစွာ၊ စည်းကမ်းရှိစွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နေသော လူမှုရေး သူရဲကောင်း တစ်ဦးဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်သည် ဦးမောင်ညွန့်၏ နာရေးကိစ္စရပ်အား အသင်းမှကူညီမှု ပြုလုပ်ရန်အတွက် အသင်းသူ/သားများအား ဆောင်ရွက်စေခဲ့သည်။ ကျွန်တော်၏ မွေးနေ့ဖြစ်သော (၂.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည်အချိန်တွင် ထူးခြားမှုဖြစ်သော နာရေးလမ်းကြောင်း တစ်ခု ပေါ်ပေါက်ခဲ့သည်။

ထိုနာရေးလမ်းကြောင်းသည် ကျိုက္ကဆံရဲဝင်းရှိ ရဲရိပ်သာ၊ တိုက်အမှတ်၂ဝ၊ အခန်း (၄) နေအိမ်တွင် ဖြစ်ပေါ်ခဲ့သည်။ ရဲရိပ်သာဝင်းအတွင်း နေထိုင်သူ အချုပ်ကားမောင်းနှင်သည့် ဦးမြင့်ဇော်နေအိမ်သို့ ဦးမြင့်ဇော်၏ညီဖြစ်သူ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နေ ဦးအောင်မင်း၊ ဇနီး မပူစူးတို့နှင့် အတူ ရင်သွေးငယ် မောင်နှမသုံးယောက်တို့သည် ရက်တစ်ပါတ်ခန့်က ရောက်ရှိလာခဲ့သည်။ မိသားစုဝင် များသည် ရန်ကုန်မြို့သို့မရောက်ခင် မန္တလေးမြို့တွင် သမီးဖြစ်သူ မမိုးမိုးထံတွင် ငှက်ဖျားဝေဒနာကို ခံစား လာခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့သို့ရောက်ရှိသောအခါ ဦးလေးဖြစ်သူ ဦးမြင့်ဇော်နေအိမ်တွင် နေထိုင် ရင်း ခံစားနေရသော ငှက်ဖျားဝေဒနာအား နီးစပ်ရာဆိုင်များမှ ဆေးမှီးတိုများဖြင့်သာ ကုသခဲ့သည်။

သို့ရာ တွင် ဝေဒနာပြင်းထန်စွာ ခံစားနေရသောကြောင့် ရဲဝင်းအတွင်းရှိ ရဲမိသားစုဝင်များမှ စုပေါင်းအကူငွေဖြင့် ရန်ကုန်မြို့ရှိ မြောက်ဥက္ကလာပဆေးရုံကြီးသို့ သမီး မမိုးမိုး အသက် (၁ဝ) နှစ်နှင့် သားငယ် မောင်သားငယ် အသက် (၅) နှစ်တို့အား လက်ဆွဲ၍ မိခင်ဖခင်တို့သည် သွားရောက်ကုသရန် ခေတ္တနေထိုင်သော ကျိုက္ကဆံ ရဲရိပ်သာနေအိမ်မှ ထွက်ခွာခဲ့သည်။ ဆေးရုံသို့ရောက်ရှိသောအခါ သက်ဆိုင်ရာဆရာဝန်များမှ မမိုးမိုး၏ ဦးနှောက်ထဲသို့ ရောက်ရှိနေသော ငှက်ဖျားပိုးအား ကုသရန် ပြင်ဆင်နေချိန်တွင် မမိုးမိုးသည် ရုတ်တရက် ဇက်ကျိုးကျကာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားတော့သည်။

အစ်မဖြစ်သူ မမိုးမိုး အသက် (၁ဝ) နှစ်သည် ကွယ်လွန်သွားရှာပြီး (၅) မိနစ်ခန့်အတွင်း မိဘများနှင့် အတူလက်ဆွဲ၍ လမ်းလျှောက်ပါရှိလာသော မောင်လေးတစ်ယောက်သည် အစ်မဖြစ်သူဇက်ကျိုး၍ သေဆုံးသွားသည်ကို မြင်တွေ့ပြီး မောင်သားငယ် အသက် (၅) နှစ်သည်လည်း အစ်မဖြစ်သူ မမိုးမိုး သွားရာနောက်သို့ လိုက်ပါသွားတော့သည်။ မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း မိဘများဖြစ်သူ ဦးအောင်မင်း၊ မပူစူးတို့အား သမီးငယ်နှင့် သားငယ်တို့သည် နှုတ်မဆက် ဘဲ ကမ္ဘာမြေပြင်မှ ထွက်ခွာသွားတော့သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးဖြစ်သူ မစန်းစန်းနွယ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကြောင်းကြား အကူညီတောင်းမှုကြောင့် နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ဝန်ထမ်းများတို့သည် မြောက်ဥက္ကလာပဆေးရုံသို့ သွားရောက်ကာ နိဗ္ဗာန်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်၍ ရေဝေးသုဿန်သို့ ကူညီပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ သည်။

ယင်းဖြစ်ရပ်အား မွေးနေ့ရှင် ကျွန်တော်သိရှိသောအခါ ကျွန်တော်၏မွေးနေ့ဖြစ်သော … ကျွန်တော် ကမ္ဘာမြေပြင်သို့ ရောက်ရှိခဲ့သောနေ့ရက်တွင် ကမ္ဘာ့မြေပြင်မှ မထင်မှတ်ဘဲ ထွက်ခွာသွားရရှာသော သားငယ်သမီးငယ်၊ မောင်နှမနှစ်ဦးတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သင်္ဃန်း (၂) စုံနှင့်အတူ ကျန်ရစ်သူချို့တဲ့အားငယ်နေသော မိသားစုဝင်များနှင့် ယင်းမိသားစုဝင်တို့အား ကူညီစောင့်ရှောက် နေထိုင်ခွင့်ပေးခဲ့သော ကျိုက္ကဆံရဲရိပ်သာနေ အချုပ်ကားမောင်းနှင်သူ ကိုမြင့်ဇော် မိသားစုတို့အား လူသား ချင်းစာနာစိတ်ဖြင့် ကျွန်တော်၏ ကိုယ်ပိုင်ငွေထဲမှ သားငယ် မောင်သားငယ်၊ သမီးငယ် မမိုးမိုးတို့အား ရည်စူး၍ အလှူငွေ (ငါးသောင်း)ကျပ်နှင့် ကိုမြင့်ဇော် မိသားစုတို့အား အလှူငွေ (နှစ်သောင်း) ကျပ်တို့အား လှူဒါန်းမှု ပြုလုပ်ပေးခဲ့သည်။ ထို့ပြင် ယနေ့ (၃.၁၁.၂ဝ၁၂) ရက်နေ့ နေ့လည် (၁းဝဝ) နာရီအချိန်တွင် လူမှုရေးသူရဲကောင်းတစ်ဦးဖြစ်သူ ဦးမောင်ညွန့် အသက် (၇၃) နှစ်၏ ဈာပန အခမ်းအနားအားလည်းအသင်းသူ/သားများ၊ဝန်ထမ်းများတို့ဖြင့်စည်ကားသိုက်မြိုက်စွာဖြင့် နောက်ဆုံးနှုတ်ဆက်ခရီးအား အောင်မြင်စွာ ပြုလုပ်ပေးခဲ့သည်။

ကျွန်တော်သည် အသက် (၅၃) နှစ်သို့ ရောက်ရှိသည်နှင့်အညီ လူ့ဘဝသက်တမ်းအား မည်မျှ နေထိုင်ရဦးမည်ကို မခန့်မှန်းနိုင်၊ မတွက်ချက်နိုင်။ ထို့ကြောင့် မိမိနေထိုင်ခွင့်ရရှိသည့် စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့ရက်များတွင် ကုသိုလ်ကောင်းမှုများနှင့်သာ ငြိမ်းချမ်းစွာ နေထိုင်လိုတော့သည်။ ထို့ကြောင့် မိမိ၏ မွေးနေ့အတွက်ပြုလုပ်ခဲ့သော ကောင်းမှုများအား မိမိဘဝတစ်ပါးသို့ ပြောင်းလဲရမည့်နေ့၊ မိမိသေဆုံး ရတော့မည့်အချိန်၊ မိမိကမ္ဘာမြေပြင်မှ ထွက်ခွာရတော့မည့် နေ့ရက်များအားရည်စူး၍ ယခုကဲ့သို့သော လက်တွေ့ကျသောလုပ်ရပ်များ၊ သဘာဝကျသော ကုသိုလ်ကောင်းမှုများ၊ သီလလုံသော ပေးဆပ်မှုများ ဖြင့်သာ ကျင်လည်နေထိုင်တော့မည်ဖြစ်ကြောင်း ကျွန်တော်၏ မွေးနေ့ (၅၃) နှစ်တွင် သေနေ့အတွက် ပြင် ဆင်နေပြီဖြစ်ကြောင်း အများပြည်သူအပေါင်းတို့အား အသိပေး၊ သတိပေးစကား ဆိုလိုက်ရပါတော့သည်။

ကျော်သူ

3 ဒါလေး ဖတ်ပြီး မှ " ဒေါ်အောင်ဆန်းစုကြည် " ကို ဝေဖန် ပါ ..

ရခိုင်အရေး သမ္မတရုံးက ကြေညာချက်တွေ ထွက်လာနေတာ တခုပြီး တခုပဲ။ ဒီလိုထုတ်ပြန်ပေးတာကိုတော့ မဆိုးဘူး ပြောလို့ရပေမယ့် ဒီပြဿနာကို ချည်းကပ်တာမှာ လူမျိုးရေး၊ ဘာသာရေး အစွဲမပါ ဘဲ လုပ်ဆောင်ကြရမယ်။ စစ်အာဏာရှင်လက်ထက်တုန်းကလည်း အမျိုးသားရေး၊ မျိုးချစ်စိတ်၊ ဇာတိမာန် ဆိုတဲ့ စကားလုံး တွေကို တွင်တွင်ကျယ်ကျယ် ကိုင်စွဲ အသုံးပြုခဲ့တယ်။ ဒါတွေရဲ့ ရိုက်ခတ်မှုက ယနေ့ အချိန်ထိပဲ။ အမျိုးသားရေး ဆိုတဲ့ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် တိုင်းပြည်လည်း အဖက်ဖက်က ပျက်ဆီးခဲ့ပြီ။

တခါ မျိုးချစ်စိတ်ဆိုတာ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ဆိုပြီး ပြောတာရှိပေမယ့် တိုင်းရင်းသားတွေက ဘယ်လိုဟာကို ပြည်ထောင်စုလဲဆိုတာ မေးခွန်းထုတ်ကြတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုမှာရှိတဲ့ အမျိုးသားရေးဆိုတာ ဘာလဲ ဆိုပြီး ဗမာဆိုတာ အပါအ၀င် တိုင်းရင်းသားတွေ အားလုံးကြားမှာ တော်တော် စကားပြောလာရတဲ့ကိစ္စ ဖြစ်လာတယ်။ ဒီနေရာမှာ တိုင်းပြည်ချစ်တာနဲ့ အမျိုးသားရေးဆိုတာ မကွဲပြားကြဘူး။

ရခိုင်ကိစ္စဟာ အမျိုးသားရေးလို့ ပြောလာတယ်။ အမျိုးသားရေး ဆိုတာ တတိုင်းပြည်လုံး အရေးဖြစ်တယ်။ တဖက်ကလည်း ရခိုင်မှာဖြစ်ခဲ့တာတွေက လူမျိုးရေးလည်း ပါလာတယ်။ အမျိုးသားရေးနဲ့ လူမျိုးရေးဆိုတာ

0 အဂတိအကြောင်း တစ်စေ့တစ်စောင်း (၁) (၂)

HIV AIDS Counseling လုပ်တုန်းက ပြည့်တန်ဆာကောင်မလေးတွေရဲ့ အတွေ့အကြုံကို မျှဝေပါရစေ။ သူတို့က Night Club မှာလုပ်စားတာတဲ့။ သူတို့ရဲ့ ခေါင်းက လင်မယားနှစ်ယောက်တဲ့။ Club မှာ အလုပ်ဖြစ်လို့ ရှိရင် ခေါင်းကို ပိုက်ဆံအပ်ရတယ်၊ ပြီးမှ အကုန်အကျ အကုန်နှုတ်ပြီး လစာရှင်းပေးတယ်။ အကုန်အကျထဲမှာ လမ်းကြောင်းခ၊ လိုင်းကြေး၊ လုံခြုံရေးခတွေပါတယ်။ တစ်ပတ်တစ်ခါ နယ်ထိန်းကိုရှင်းပေးရတယ်တဲ့။ အော် ငါတို့ရဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးဟာဆိုရင်ဖြင့် အများပြည်သူရဲ့ လုံခြုံရေးအပြင် သီးခြားဆောင်ရွက်တဲ့ လုံခြုံရေးဝန်ဆောင်မှုများလဲရှိသေးပါလားလို့ ဂုဏ်ယူမဆုံးဖြစ်မိပါတယ်။
တခါတည်း အဂတိ အဂတိနဲ့ တစ်ဂတိတိုင်း ဂတိနေတာပဲ။ ကိုယ်တွေကတော့ လုပ်လိုက်ရတာ စဉ်းစားလိုက်ရတာ။ သူတို့ကတော့ဘာမှမထူးဘူး၊ စားလို့ကောင်းနေကြတုန်းပဲ။ နိုင်ငံအခြေအနေအရ အတိုင်းအတာတစ်ခုထိ အဂတိတရားကို လက်ခံတယ်။ ဘာတဲ့ အူမတောင့်မှ သီလစောင့်လို့ရမှာတဲ့။ အူမတောင့်ရုံတင်ဆိုတော်သေးတာပေါ့ဗျာ။ အခုဟာက ပျိုပျိုအိုအို အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ် ကုမ္ပ္ပ္ပ္ပဏီဝန်ထမ်းလောကမှာပဲဖြစ်ဖြစ် နည်းနည်းလေးရတော့လည်း နည်းနည်း၊ များများရတော့လည်းများများ၊ အင်းရသလောက်ချိုင်နေကြတော့တာပဲ။

အဂတိဆိုလို့ အစိုးရ၀န်ထမ်းပဲ အဂတိရှိတယ်လို့မထင်နဲ့အုံး။ အပြင်ကုမ္ပဏီ၊ လူမှုရေးလောကမှာလည်း အဂတိကခေတ်စားတယ်ဗျ။ အစိုးရ၀န်ထမ်းပိုင်းကလည်း ငယ်တဲ့သူကငယ်လို့ နည်းနည်းရ နည်းနည်းအဂတိလိုက်တာပဲ။ ကြီးကြီးပိုင်းကြတော့ ဒီထက်ကြီးချင်လို့၊ ကြီးတာလေးမြဲချင်တာနဲ့ များများအဂတိကြတာပဲ။ ထားပါတော့ ၀န်ထမ်းငယ်ငယ်က နည်းနည်းအဂတိတာ၊ တစ်ချို့ဌာနတွေကြပြန်တော့ ၀န်ထမ်းကငယ်၊ လစာက တစ်သိန်းမပြည့်၊ စီးတဲ့ကားတွေက မော်ဒယ်နောက်ဆုံးနဲ့ အလှအပအပြိုင်အဆိုင်၊ ပိုက်ပိုက်ကပေါတော့ တစ်ချို့ ၀န်ထမ်းယောက်ျားလေးများဆို ဆတ်တယ်ဆိုလား၊ ဆွတ်တယ်ဆိုလားလုပ်ကြရင်းနဲ့ကိုက်ကြတာလည်းမနည်း၊အသောက်ပြိုင်အမှောက်ပြိုင်ရင်းနဲ့ နောက်ဆုံး ဒေါက်တာခင်မောင်ဝင်းနဲ့ တွေ့သွားကြတာလည်း အသက်အရွယ်အစုံပါတဲ့။

နေ့စားဝန်ထမ်းတစ်ဦးတောင် သူ့လစာရဲ့ ၃ ဆ လောက်ကို ရှာနိုင်တယ်တဲ့။ အော်ဒီလိုလူတွေရဲ့လက်ထဲကို နိုင်ငံတော်ရဲ့ ကုန်ဝင်ကုန်ထွက်ဂိတ်ပေါက်ကို အပ်နှံထားရတာ ဒါကြောင့်လည်း ပြည်သူတွေ သောက်ကျိုးနည်းနေတာ။ ဖမ်းကြပြန်တော့လည်း သူတို့လည်းဘာထူးလို့လဲတဲ့၊ အဆဲခံရတယ်။ ပြုတ်ကြပြန်တော့လဲ အစိုးရကရက်စက်တယ်၊ ကိုယ့်သားသမီကိုယ်မကြည့်ဘူးတဲ့။ အင်းပြီးလည်းပြီးရော ခံရတဲ့သူတွေခံရမှာပေါ့တဲ့ သူတို့က မနပ်တာကိုး၊ ယူလည်းယူရဲရတယ် အပေးကမ်းလည်းရက်ရောရတယ်။ ဒါကြောင့် ငါအခုထိကြီးပွားနေတာလို့ စတဲ့

1 မြန်မာနိုင်ငံသို့ လာရောက်မည့် ပထမဆုံး အမေရိကန်သမ္မတ

အမေရိကန်သမ္မတ အိုဘာမား နိုဝင်ဘာလ ၁၇ ရက်မှာ လာရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ နှင့် ၁၈ ၂ ရက်ကြာ နေထိုင်လည်ပါတ် သွားမည်ဟုသိရပါသည် ..။

ကမောဒီးယား မှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေး မသွားမီထိုင်းကနေတဆင့် လာရောက်မှာဖြစ်ပြီး အစိုးရနဲ့ရော အတိုက်အခံတွေနဲ့ပါ တွေ့ဆုံဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါသည် ။

၁၉၅၃ က အမေရိကန်သမ္မတ အိုက်ဆင်ဟောင်ဟွာ လက်ထက်ကဒုသမ္မတ နစ်ဆင် လာရောက်အပြီး နှစ်ပေါင်း ၆၀ ပြည့်လုနီးချိန် မှာအမေရိကန်သမ္မတတစ်ဦး မြန်မာနိုင်ငံကိုလာရောက်ခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ ရေဂင် ဆိုဗီယက် ဒူးမားလွှတ်တော်မှာမိန့်ခွန်းပြောအပြီးဆိုဗီယက် အင်ပါယာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲခဲ့ရပြီး အမေရိကန်သမ္မတ အိုဘာမား အီဂျစ်လွှတ်တော်မှာ မိန့်ခွန်း ပြောအပြီးအာဖရိက အာဏာရှင်တွေ သေချင်းဆိုး သေသူသေ ၊ မရှုမလှ ဘဝဆုံးသူတွေဆုံး ဒိုမီနိုခဲ့ကြပါသည် ။

မြန်မာနိုင်ငံရဲ့ ကမ္ဘာအဆင့်မှီ လွှတ်တော် အသစ်ကျပ်ချွတ်ကြီးမှာအမေရိကန်သမ္မတ အိုဘာမားလို ကမ္ဘာ့ထိပ်သီးခေါင်းဆောင်တစ်ဦးကို မိန့်ခွန်းပြောခွင့် ပေးမည်လား မသိရသေးပါ ။

1 မြန်မာတနိုင်ငံလုံးမီတာထိမ်းသိမ်းစောင့်ရှောက်ခ (၁၀၀၀/ကျပ်) နှင့်နောက်ကျဒဏ်ကြေး(၂၀၀၀) ပပျောက်ရေး တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

၃ / ၁၁ / ၂၀၁၂ .... ပဲခူးတိုင်းဒေသကြီး / ပြည်မြို့  / ပြည်မြို့ နယ်ကစ၍မြန်မာတနိုင်ငံလုံး မီတာထိမ်းသိမ်းစောင့်ရှောက်ခ(၁၀၀၀/ကျပ်) နှင့်နောက်ကျဒဏ်ကြေး(၂၀၀၀) ပပျောက်ရေးတစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
နောက်ဆက်တွဲသတင်းအရ ပုဒ်မ ၁၈နဲ့ ကိုဝင်းလှိုင်(ပြည်မြို့ )ကို တရားစွဲဆိုထားခံရကြောင်းသိရှိရပါတယ်..

0 အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ဖွင့်ဖြိုးရေး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် ကို အဖွဲ့ဝင်အချင်းချင်း ထပ်မံတိုင်ကြားစာ

ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး(တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)ဦးသန်းထိုက်နှင့် အဖွဲ့ဘုန်းတော်ကြီးများ သီတင်းသုံးရာ ကျောင်းတိုက်အတွင်းမူးရစ်ရမ်းကားနေခြင်းတိုင်ကြားစာ ကို http://www.dawnmanhon.com/2012/10/blog-post_3069.htmlမှာဖတ်နိုင်ပါတယ်..
ပေးပို့သူ။။ နတ်သျှင်နောင်

0 တာဝန်ကျေခဲ့ကြပါတယ်


နေရာကား အမှတ် (၁၄၄) ရပ်ကွက် ရွာသာကြီးလို့ခေါ်တဲ့ နေရာလေး၊ မီးရထားသံလမ်းဘေးက အခြေခံလူတန်းစား ဆင်ခြေဖုံး (ဆင်းရဲသား) ရပ်ကွက်ကလေးမှာ (၂၇.၉.၂ဝ၁၂) ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ မိခင် ဒေါ်နှင်းကြည်နှင့် သမီး မမြင့်မြင့်အေး တို့သားအမိနှစ်ဦးသည် စားဝတ်နေရေး အတွက် ရေထမ်းရောင်းခြင်းဖြင့် ဘဝကိုရုန်းကန်နေကြသူတွေပါ။ ဘဝအကျိုးပေး မကောင်းခဲ့သော သမီး မမြင့်မြင့်အေးမှာ စကားမပြောတတ်သလို နားမကြားရသူတစ်ဦးဖြစ်သည်။ ကံမကောင်း အကြောင်းမလှစွာဖြင့် မိခင် ဒေါ်နှင်းကြည်မှာ လွန်ခဲ့သော (၄၅) ရက်ခန့်ကမှ ရေထမ်းရင်း မီးရထားသံလမ်းပေါ်တွင် ချော်လဲကာ ဝဲဘက်လက် ကျိုးသွား၍ စတီးချောင်းထည့်ကာ ခွဲစိတ်ကုသမှုခံယူထားရသည်။ မိခင် ဒေါ်နှင်းကြည်၏ လက်မှ ဒါဏ်ရာသည်လည်း သာမာန်လူတစ်ယောက်လို ကောင်းမွန်ခြင်းမရှိသေးသည့်အတွက် ဝမ်းရေးအတွက် ရေထမ်းခြင်းအလုပ်အား ရပ်နားရတောသည်။ သမီး မမြင့်မြင့်အေးမှာ ဆွံ့အ၊ နားမကြားသူ တစ်ဦးဖြစ်သော် လည်း မိမိ၏ မိခင်အပေါ်တွင် မေတ္တာဂရုဏာအပြည့်ဖြင့် မိခင်အပေါ်တွင် တာဝန်ကျေပွန်ချင်သူ ဖြစ်သည့် အတွက် မိခင်အလုပ်မလုပ်နိုင်တော့သည့် အခြေအနေတွင် အလုပ်ကို ယခင်ထက် နှစ်ဆပို၍ ကြိုးစားပမ်းစား ရုန်းကန်ရလေပြီ။

“အပူပေါ် အပူဆင့်” ဟုပင်ခေါ်ရမလား။ “ကံဆိုးမ သွားရာမိုးလိုက်လို့ရွာ” ဟုပင်ဆိုရမလားမသိ/ ၂၇.၉.၂ဝ၁၂ ရက်နေ့တွင် မမြင့်မြင့်အေး တစ်ယောက် မိခင်၏ဇောဖြင့် ရေထမ်းကာ မီးရထားသံလမ်းပေါ်တွင် လမ်းလျှောက်လာရင်း ပဲခူးမှ ရန်ကုန်သို့ ထွက်ခွာလာသော မီးရထား၏ ဥသြဆွဲသံကိုပင် မကြားနိုင်တော့သည့် အခြေအနေ။ မမြင့်မြင့်အေး၏ အခြေအနေကို ရိပ်စားမိဟန်တူသော မီးရထားစက်ခေါင်းမောင်း ဝန်ထမ်းတဦးမှ ရထားကို အရှိန်လျော့ကာ ရထားဦးခေါင်း၏ အရှေ့ပိုင်းသို့ထွက်ကာ မမြင့်မြင့်အေးအား တွန်းထုတ်ပစ်လိုက်ရာ မမြင့်မြင့်အေးသည် အနည်းငယ်ထိခိုက်ပြီး အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ပေသည်။ သို့သော် မမြင့်မြင့် အေး တစ်ယောက်၏ လက်ဝဲဘက်လက်ကျိုးပြီး ဦးခေါင်းအနည်းငယ်ပေါက်ပြဲကာ ခြေထောက်နှင့် ကျောပြင် အချို့တွင် ဒါဏ်ရာများရရှိသွားသည့်အတွက် မီးရထားဝန်ထမ်းများမှ တာဝန်သိစွာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူစေခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်တစ်ပါတ်ခန့်လာရောက်ကုသမှုခံယူခဲ့ပြီး ဆေးရုံမှဆင်းကာ နေအိမ်၌ သောက်ဆေးသောက် နေထိုင်ပြီး တစ်လအကြာတွင် ဆေးရုံသို့ ပြန်လည်ပြသမည့်နေ့ရက်ကို စောင့်ဆိုင်း နေခဲ့သည်။ တစ်လစာအတွက် သောက်ဆေးအား ဝယ်ယူသောက်သုံးရမည်ဖြစ်သော်လည်းတစ်ပါတ်စာ ဆေး သောက်ပြီးနောက် ဆေးဖိုးမတတ်နိုင်သဖြင့် ဆေးမသောက်ပဲ နေခဲ့ရသည်။ ၄င်းတို့၏ ဒုက္ခကို သိရှိနေသော အနီးပတ်ဝန်းကျင်အိမ်မှ သူနာပြုဆရာမတစ်ဦးမှ မိမိတတ်နိုင်သလောက် ကူညီထောက်ပံ့ပေးခဲ့သလို ပတ်ဝန်း ကျင်ရှိနေအိမ်များမှ တစ်အိမ်လျှင် (၁ဝဝ) ကျပ်နှုန်းဖြင့် လိုက်လံကောက်ခံရန် ကြိုးစားခဲ့သော်လည်း ရပ်ကွက် ၏ စီးပွားရေးအခြေအနေနှင့် စားဝတ်နေရေး အခက်အခဲတို့ကြောင့် ထမြောက်အောင်မြင်မှု မရှိခဲ့ပေ။ ပတ်ဝန်း ကျင်မှလည်း ထိုငွေ (တစ်ရာကျပ်) ကိုပင်ထည့်ဝင်နိုင်ရန် အင်အားမရှိ။

ရပ်ရွာရှိ စေတနာရှင်အချို့မှ တတ်နိုင်သလောက် ကူညီပေးကြသော်လည်း မတတ်နိုင်သည့်အဆုံး ထို သူနာပြုဆရာမလေးသည် ၂၉.၁ဝ.၂ဝ၁၂ ရက်နေ့တွင် မမြင့်မြင့်အေးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြန်လည်ပြသရန် လူနာတင်ယာဉ်လိုအပ်သဖြင့် တဆင့်စကား တဆင့်ကြားကာ မြောက်ဒဂုံမြို့နယ်၊ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အကူအညီတောင်းခဲ့သည်။ လူနာ မမြင့်မြင့်အေးအား အကူအညီပေးရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေးပေါ်ကယ်ဆယ် ရေး တာဝန်ခံ - ဦးအာကာ ဦးဆောင်၍ အရေးပေါ်ကယ်ဆယ်ရေး (ရှေးဦးသူနာပြု) အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇော်စိုင်း၊ ဒေါ်မျိုးမျိုးအေးနှင့် ယာဉ်မောင်း ဦးဘိုဘိုတို့မှ လူနာ၏ နေအိမ်ရှိရာ အမှတ် (၁၄၄)၊ လေးထောင့် ကန်မြို့နယ်သို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ခက်ခက်ခဲခဲ သယ်ယူ ပို့ဆောင်ကာ ကူညီပေးခဲ့ကြသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သော ဆေးကုသမှုများ ထပ်မံခံယူ စေပြီး နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရုံမျှမက စားရေးသောက်ရေးနှင့် ဆေးဖိုးအတွက် အခက်အခဲ ဖြစ်နေသော မမြင့်မြင့်အေးနှင့် မိခင်ကြီး ဒေါ်နှင်းကြည်တို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အရေး ပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ မိမိတို့၏ ကိုယ်ပိုင်ငွေကြေးများဖြင့် ဆေး၊ အစားအသောက်၊ အချိုရည်ဗူးများ နှင့် ငွေကျပ် ၁၅ဝဝဝိ/- (တစ်သောင်းငါးထောင်)ကျပ်တိတိ ကူညီထောက်ပံ့ ပေးခဲ့သည်။

ယခုဖြစ်စဉ်တွင် ဝေဒနာသယ် မိခင် ဒေါ်နှင်းကြည်အတွက် သမီး မမြင့်မြင့်အေး တာဝန်ကျေခဲ့သလို မီးရထားဝန်ထမ်းများနှင့် သူနာပြုဆရာမလေးသည်လည်း မမြင့်မြင့်အေးအပေါ်တွင် မေတ္တာ၊ စေတနာ အပြည့် ဖြင့် တာဝန်ကျေခဲ့သည်။ ထို့အတူ နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် အသင်းသူ/သားတို့သည်လည်း တာဝန် ကျေခဲ့ကြပါသည်။ သို့ပေမယ့် ယခုလို မိသားစုများ မြန်မာပြည်တွင် အမြောက်အများရှိနေခဲ့တယ် ယခုလည်း ရှိနေဆဲ။ နောင်တွင်လည်း …. ။ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အများပြည်သူလူထုအတွက် ကိုယ်ကျိုး မဖက် ဆက်လက်ပေးဆပ်ရင်း တာဝန်ကျေနေရဦးမည်ဟုသာ ကျွန်တော်တွေးမိပါတော့သည်။

ကိုဇော်စိုင်း (ခ) ဇွဲမဟိဏ်ခ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.