Sunday, May 30, 2010

0 မေလ(၃၀)ရက်၊ဒီပဲယင်းအရေးအခင်း(၇)နှစ်ပြည့်နှစ်ပတ်လည်နေ့ တွင်ရန်ကုန်မြို့အတွင်းနေရာအနှံ့အပြား၌လုံခြုံရေးတင်းကျပ်



လွန်ခဲ့သော (၇)နှစ်ခန့်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်၎င်းဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှအဖွဲ့ဝင်များကိုလုပ်ကြံသတ်ဖြတ်ရန်အတွက်နအဖစစ်အစိုးရ၏လက်ကိုင်တုတ်တစ်ချောင်းဖြစ်သော ဗိုလ်ချုပ်စိုးဝင်းမှချေမှုန်းသုတ်သင်စစ်ဆင်ရေးတစ်ရပ်ကို ရေးဆွဲကာ မုံရွာမြို့  ပုလဲအကျဉ်းထောင်ရဲဘက်စခန်းမှ ရဲဘက်အကျဉ်းသားများနှင့် စွမ်းအားရှင်များ ကိုစေလွှတ်ပြီးလုပ်ကြံ သတ်ဖြတ်စေခိုင်းခဲ့သည်။ ၄င်းဒီပဲယင်းအရေးအခင်းတွင် နအဖစစ်အစိုးရ၏ လက်အောက်ခံစွမ်းအားရှင် များ၊အကျဉ်းထောင်မှလူမိုက်များ၊ ရဲများနှင့်စစ်သားများ၏လက်ချက်ဖြင့်ရဟန်းရှင်လူပြည်သူအယောက်(၈၀)ကျော်ကျဆုံးခဲ့ရပါသည်။ဒီပဲယင်းအရေးအခင်းအား ဦးစီးဆောင်ရွက်လုပ်ကြံခဲ့သော နအဖစစ်အစိုးရ ၏လက်ကိုင်တုတ်လူ့ငရဲသားဗိုလ်ချုပ်စိုးဝင်းသည်လည်း ၄င်းပြုခဲ့သော အကုသိုလ်အကျိုးတရားများကို ယခုငရဲကြီးရှစ်ထပ် အ၀ီစိတွင်ချိုးကပ်လျှက် သွေးကြွေးများ ပြန်လည်ပေးဆပ်နေရပါသည်။ ၂၀၀၇ စက်တင်ဘာ၊(ရွှေဝါရောင်တော်လှန်ရေး)တွင်လည်း ရဟန်းရှင်လူပြည်သူအများကို ထပ်မံလုပ်ကြံ သတ်ဖြတ်ခဲ့သော နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့်အပေါင်းအပါတစုတို့သည် လည်းမကြာတော့သော အချိန်ကာလတွင် ငရဲကြီးရှစ်ထပ်အ၀ီစိသို့ချိုးကပ်ရန်အတွက်ထွက်ခွာသွားကြပါတော့မည်ဖြစ်ကြောင်းအသိပေးတင်ပြလိုက်ရပါသည်။

လေးစားဦးညွှတ်လျှက်
ရဲရဲတောက် Burma Paparazi

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.