Sunday, May 30, 2010

0 အသက်(၁၆)နှစ်သာရှိသောမောင်တင်မင်းနိုင်အား နအဖစစ်တပ်ထဲမ၀င်လို့ဆိုပြီး ရက်စက်စွာသတ်ဖြတ်ခြင်းခံရ

မနေ့ကညောင်လေးပင်မြို့နယ်-၀ါးရုံကုန်းကျေး၇ွာအုပ်စု-စံဖဲ၇ွာမှ အသက်၁၆နှစ်သာရှိသေးသူ
မောင်တင်မင်းနိုင်(ဘ)ဦးဌေးဝင်း-သည်-နအဖ၏ တပ်ထဲမ၀င်ပဲငြင်းဆန်ထွက်ပြေးလို့ဆိုပြီး သေနတ်နှင့်၂ချက်ပစ်သတ်ခံရပြီး--မသေသေးသဖြင့်ငါးထိုးသည့်မှိန်းနှင့်ရက်စက်စွာထိုးသတ်မြုပ်ခံခဲ့ရသည်။

အခင်းဖြစ်ပွားနေစဉ် နအဖစစ်သား(၅)ဦးအနက် တဦးမှာအရက်အလွန်အကျူးသောက်ထားပြီး မသေဘဲရှိနေသေးသည့် မောင်တင်မင်းနိုင်အား ငါးထိုးသည့်မှိန်းနှင့်ရက်စက်စွာထိုးသတ်ခဲ့ပြီးအမှုဖြစ်ပွားစဉ် မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရသူမှတဆင့် ပြည်တွင်းသတင်းထောက်တဦးမှသတင်းပေးလာပါသည်။

တပ်သား မိုးဝင်း၊ ကိုယ်ပိုင်အမှတ် (တ-၄၁၈၄၂ ) ဆိုသူက သေနတ်နဲ့ ပစ်ခတ်ခဲ့ကြောင်း၊
နောက် စစ်သား ၂ ဦးနံမည်ကတော့ တပ်သား စန်းကိုကိုနဲ့ ဒု-တပ်ကြပ် ကျော်မိုးခိုင်တို့ ဖြစ်ပြီး၊ ပြွန်တန်ဆာဘူတာမှာ အခြေစိုက်တဲ့ ခမရ (၅၈၆) စစ်ကြောင်း ၂ က ဖြစ်တယ်လို့ မြို့ ခံတဦးက ပြောပါတယ်။

ထပ်မံကြားသိရတဲ့သတင်းအရ မောင်တင်မင်းနိုင်အား ၎င်းစစ်သားမှ အနောက်ကနေ သေနတ်နဲ့ပစ်တာထိမှန်ပြီး နောက်တချက်ထပ်ပစ်တာလည်းထိပါတယ်။ အဲဒီမှာ မသေဘဲဖြစ်နေသေးတဲ့ မောင်တင်မင်းနိုင်ရဲ့ လက်ထဲမှာရှိတဲ့ မှိန်းနဲ့ထိုးသတ်မြုတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

(ကဲ နအဖရေ ကလေးစစ်သားမသုံးပါဘူးလို့ ဗြောင်လိမ်နေလို့မရပါဘူး။ ဒီကျူးလွန်ခဲ့တဲ့ပြစ်မှုဟာ ကလေးစစ်သားတွေ စုဆောင်းနေပါတယ်ဆိုတဲ့ ငြင်းလို့မရတဲံ့အချက်တွေပါ။)

မှတ်ချက်။ ။ မျက်မြင်ကိုယ်တွေ့တွေ့ခဲ့ရသူအား နောင်တချိန်တွင် သတင်းအနေနှင့်ဖော်ပြပေးပါမည်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာကို ပြည်တွင်းသတင်းထောက်က အခုလိုဓာတ်ပုံတွေပို့ထားပါတယ်။






0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.