Sunday, May 30, 2010

0 ကမ်ပိန်းလှုပ်ရှားမှုအကြောင်းသိကောင်းစရာ (Global Campaign)


ကမ်ပိန်းပန်းတိုင်

အဓိကကျသော နိုင်ငံတကာအစိုးရများနှင့် အစိုးရများအကြားရှိ အဖွဲ့အစည်းများသည် နအဖမှ ၄င်းတို့၏ လုပ်နည်းလုပ်ဟန်များကို မပြောင်းဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခြေခံလိုအပ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိခဲ့လျှင် ၄င်း၏ရွေးကောက်ပွဲအား လုံးဝရှုံ့ချရန် နှင့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုရန်

အခြေခံလိုအပ်ချက်များမှာ-

၁) ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန်။

၂) တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီရေး လှုပ်ရှားနေသူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန်။

၃) ဒီမိုကရေစီနှင့် တိုင်းရင်းသားအင်အားစုများမှ သက်ဆိုင်သူ အားလုံးပါဝင်သော တွေဆုံဆွေးနွေးပွဲ ပြုလုပ်ပေးရန် (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရေး အပါအဝင်။)

အဓိကသတင်းစကားများ

၂၀၁၀ နအဖ ရွေးကောက်ပွဲသည် ၄င်းတို့၏ စစ်အုပ်ချုပ်ရေးအား တရားဝင် ရေရှည်ခိုင်မြဲရေး အတွက်သာ ရည်ရွယ်နေသောကြောင့် – နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများဘက်မှ ရပ်တည်ပြီး၂၀၁၀ ရွေးကောက်ပွဲကို ရှုံ့ချရန်နှင့် ရွေးကောက်ပွဲ၏ ရလဒ်အား အသိအမှတ်မပြုရန်။

မိမိတို့၏တောင်းဆိုချက်များ

* နအဖမှ ၄င်း၏လုပ်နည်း လုပ်ဟန်များကို မပြာင်းပဲ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အခြေခံ လိုအပ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိခဲ့လျှင် ၄င်းတို့၏ ရွေးကောက်ပွဲအား လုံးဝရှုံ့ချရန်နှင့် ရွေးကောက်ပွဲရလဒ်များအား အသိအမှတ်မပြုရန်။
* ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေံခံဥပဒေကို အခြေခံထားသည့်အတွက် ရွေးကောက်ပွဲ အပြီးကာလတွင် နအဖ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နိုင် သည့်အပြင် အရာရာ၏အခြေအနေသည် ပိုမိုဆိုးရွားလာမည်သာဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခုဖွဲ့ကာ နအဖ၏ လူသားခြင်းစာနာမှု ကင်းမဲ့သည့် လုပ်ရပ်များနှင့် စစ်ရာဇဝတ်မှု ကျူးလွန်မှုများကို စုံစမ်းစစ်ဆေးဖော်ထုပ်ပေးရန်။

ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်း ပြုလုပ်ရခြင်းအကြောင်အရင်း

ငြိမ်းချမ်းပြီး ဒီမိုကရေစီနည်းလမ်းကျသော ပြောင်းလဲမှုသည် ပြည်တွင်းမှသာ ဖြစ်ပေါ်ပြောင်းလဲနိုင်မည်ကို မိမိတို့မှ သိရှိပြီးဖြစ်ပါသည်။ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲသည် မြန်မာပြည်သူတို့၏ သဘောဆန္ဒ ဖြစ်သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းမရှိ သလို မြန်မာနိုင်ငံ၏ ပြဿနာအရင်းအမြစ်များကိုလည်း ဖြေရှင်းပေးမည် မဟုတ်ပဲ နအဖမှ နိုင်ငံတကာမျက်နှာစာတွင် မျက်နှာကောင်း ရလာအောင် ရည်ရွယ်လုပ်ဆောင်နေသည်မှာ သိသာထင်ရှားလှပါသည်။ နအဖ၏ ရွေးကောက်ပွဲဖြစ်မြောက်ရေး မအောင်မြင်ရေးသည် အိမ်နီးခြင်းနိုင်ငံများနှင့် နိုင်ငံတကာမိတ်ဆွေနိုင်ငံများ၏ ပူးပေါင်းပါဝင်မှုအပေါ်တွင်မူတည်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီပြောင်းလဲမှု ပေါ်ပေါက်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် နအဖစစ်အစိုးရကို ထိရောက်စွာဖိအားပေး လှုံ့ဆော်စေရန်ဖြစ်သည်။

နောက်ခံသမိုင်း၊ ကြိုတင်ညှိနှိုင်းဆွေနွေးခြင်းနှင့် ပူးပေါင်းပါဝင်ခြင်း

ဤကမ်ပိန်းကို ဒီမိုကရေစီအရေးနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက် လှုပ်ရှားနေသော တပ်ပေါင်းစု(၁၀)ဖွဲ့မှ စတင်ဦးဆောင်ရန် နိုဝင်ဘာလ ၂၀၀၉ ခုနှစ်တွင် ကျင်းပပြုလုပ်သော (၁၄) ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးတွင် သဘောတူညီမှု ရရှိခဲ့ပါသည်။ ထို့နောက် အာရှနှင့် ပစိဖိတ်ဒေသတွင်းရှိသော မြန်မာ့အဖွဲ့အစည်းများကိုလည်း အဆင့်ဆင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ပြီး အကြံဥာဏ်များနှင့် သဘောတူညီချက်များ ရယူခဲ့ပါသည်။ သို့သော် အချိန်၊ လူ နှင့် အခက်ခဲအမျိုးမျိုးကြောင့် အချို့နိုင်ငံများရှိ အဖွဲ့များနှင့် ညှိနှိုင်းနိုင်ခဲ့ခြင်းမရှိပေ။

တပ်ပေါင်းစု (၁၀)ဖွဲ့၏ နိုင်ငံခြားရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Foreign Affairs Coordinating Team (FACT)) မှ Burma Partnership ကိုကမ်ပိန်းအတွင်းရေးမူးအဖွဲ့အဖြစ် ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ခဲ့ပြီး Burma Partnership အနေဖြင့်လည်း ဆောင်ရွက်ပေးရန် သဘောတူညီခဲ့သည်။ ဤမှတဆင့် ကမ်ပိန်းအတွင်းရေးမူးဖြစ်သော Burma Partnership သည် ဒေသဆိုင်ရာနှင့် နိုင်ငံတကာရှိအဖွဲ့ အစည်းများမှ ဤကမ်ပိန်းကို လက်မှတ်ရးထိုး ထောက်ခံလာစေရန် လုပ်ဆောင်ခဲ့သည်။ တပ်ပေါင်းစု (၁၀) ဖွဲ့မှ ဦးဆောင်သော ဤကမ်ပိန်းကို မြန်မာအဖွဲ့အစည်းများ နှင့် မြန်မာမဟုတ်သော အဖွဲ့အစည်းများ စုစုပေါင်း (၁၅၀) ကျော်မှ လက်မှတ်ရေးထိုးထားသည်။

ကမ်ပိန်းဖွင့်ပွဲ

နအဖစစ်အစိုးရမှ ဒီမိုကရေစီနည်းလမ်းမကျသော ရွေးကေက်ပွဲ ဥပဒေများကို ထုပ်ပြန်လိုက်ပြီး တစ်ပတ်ခန့်အကြာ မတ်လ ၁၉ ရက်နေ့ ၂၀၁၀ ခုနှစ်တွင် နယ်စပ်ဒေသနှင့် နိုင်ငံတကာရှိ အဖွဲ့အစည်းပေါင်း (၁၅၀) ၏ ထောက်ခံမှုဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ဤကမ်ပိန်းကို ဖွင့်လှစ်ခဲ့ပါသည်။
http://burmapartnership.org/

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.