Thursday, June 3, 2010

0 မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဗဟိုအဖွဲ့က ကြေညာချက်တစ်စောင် ထပ်မံထုတ်ပြန်


အံ့ဘုန်းမြတ်(dvb)
သရုပ်ဆောင်ထက်ထက်မိုးဦးနဲ့ 7 Day Journal သတင်းထောက် မအေးသူစံတို့ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဗဟိုအဖွဲ့က ထပ်မံပြီး ကြေညာချက်တစ်စောင်ကို မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ သတင်းရင်းမြစ်နဲ့တွေ့ဆုံမေးမြန်းရင် ကျင့်ဝတ်နဲ့အညီမေးဖို့နဲ့ စာပေ၊ ရုပ်ရှင်၊ သဘင်ဂီတ နယ်ပယ်အချစ်ချင်းချစ်ခင်ရင်းနှီးမှုကိုပျက်ပြားစေနိုင်သည့် ပြောဆိုပြုမှုခြင်းများကိုရှောင်ရှားရန်ဆိုတဲ့နှစ်ချက်ကို စာနယ်ဇင်းအဖွဲ့ ကထုတ်ပြန်တာပါ။ ဒီလိုစာထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး “အဲဒီစာကတော့ နှစ်ဦးနှစ်ဘက်ကို မျှမျှတတဖြစ်အောင်အသင်းက စီမံတယ်၊ ဆုံးဖြတ် တယ်လို့ထင်တယ်။ စာထဲမှာ တိုက်တွန်းမေတ္တာရပ်ခံတယ်လို့ပါတယ်လေ.. ဆိုတော့မျှတာပါတယ်။ သတင်းထောက်ကို ဝေဖန်တာမျိုး.. ရှုတ်ချတာမျိုး မဟုတ်ဘူးလေ´´ လို့ သတင်းဂျာနယ် အယ်ဒီတာတစ်ဦးကပြောပါတယ်။

ဒီကြေညာချက်ကို အတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က ဥက္ကဌကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း ဗဟိုရဲ့ ဒုတိယအကြိမ်မြောက် ထုတ်ပြန်ကြေညာချက်လည်း ဖြစ်ပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.