Sunday, July 18, 2010

0 နအဖဖော်လံဖား ငါးမင်းဆွေမှ The VoiceJournalသို့ပေးစာ






အီးမေးကရတာလေးတခုပါ ........

သတင်းစာတွေမှာ ဖော်လံဖားဆောင်းပါးတွေရေးတဲ့ ငါးမင်းဆွေ ( တချို့လူတွေခေါ်တာကတော့ ဖားမင်းဆွေ တဲ့ ) The Voice Journal ဂျာနယ်ကိုပေးတဲ့ အိပ်ဖွင့်ပေးစာလေးပါ...... ဟာသပေးစာလေးတခုပေါ့ဗျာ....

သူ့ဆောင်းပါးတွေကိုသတင်းစာကလွဲလို့ဘယ်ဂျာနယ်မှမထည့်တော့သူ့အတွက်ကြိတ်မနိုင်ခဲမရဖြစ်နေတာ.....
. သူ့ပေးစာကို ဖိုရမ်ပေါ်မှာ တကူးတကဝေဖန်ထောက်ပြရလောက်အောင်အဆင့်အတန်းမရှိဘူးလို့ ထင်မြင်လို့ရယ် ၊ သူ့ပေးစာကို ဟာသပေးစာတခုလို့မြင်မိတာကြောင့်ဘာမှမဝေဖန်ပါ..... The Voice Journal ဂျာနယ်ရဲ့မူဝါဒပိုင်းနဲ့ခံယူချက်အာဘော်တွေတချို့ဆောင်းပါးတွေကိုလည်းမကြိုက်နှစ်သက်ပါ..

ဒါပေမယ့် အခုလို ငါးမင်းဆွေရဲ့ဆောင်းပါးကို၃နှစ်လုံးလုံးမဖေါ်ပြခဲ့တာကိုတော့ကျေးဇူးအထူးတင်မိပါတယ်..... နောက်နောင်လည်းမဖေါ်ပြပါနဲ့..... လူကြီးဖိအားနဲ့ အရေးယူမယ်ဆိုရင်တောင်
ဂျာနယ်အရေးယူခံလိုက်ပါ..... သူ့စကားအတိုင်း တသက်စာမရေးတော့ဘူးဆိုလို့ ( အမှန်က အစကတည်းကကို စာမရေးခဲ့သင့်ဘူး ) ၊ သူ့နာမည် သူ့ဆောင်းပါးကို ဘယ်ဂျာနယ်မှ မဖေါ်ပြကြပေမယ့် သူ့နာမည် သူ့ဆောင်းပါးကို သတင်းစာမှာတောင် မတွေ့ချင်တော့လို့ပါ......
သူ့ပေးစာက သူ့ရဲ့အဆင့်အတန်းကို ကောင်းကောင်းသိသွားစေပါတယ်.......

Ziiro7

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.