Tuesday, August 3, 2010

0 မျိုးဆက်သစ်တို့အတွက် မဲပေးပြီ


နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျိုးဆက်သစ် ကလေးငယ်များအတွက် တစ်ဦးနှင့်တစ်ဦး လူငယ်ပီပီ အားကျမခံ စစ်မှန်သော ပြိုင်ဆိုင်မှုကို ဖော်ထုတ်ပေးခြင်း၊ ပညာရပ်တစ်ခုကို ထိရောက်စွာ တတ်ကျွမ်းမှုရှိရေး၊ ပန်းချီပညာရပ်သည် လူသားတို့၏ စိတ်ထား နူးညံ့မှုရှိခြင်း၊ မျိုးဆက်သစ် လူငယ်များအား အမှန်တရားကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်ကို ကျွမ်းကျင်မှုရှိရေး၊ လောက အလှကို ဖော်ထုတ်ပေးသော ပန်းချီပညာရပ်အား စိတ်ဝင်စားမှုရှိစေရေး ဟူသော ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပေးထားသော ပန်းချီသင်တန်း နောက်ဆုံးနေ့တွင် သက်ငြိမ် ရေဆေးပန်းချီ ပြိုင်ပွဲတစ်ရပ် ကျင်းပပေးခဲ့ရာ ကလေးငယ်များ ရေးဆွဲထားသော ရေဆေးပန်းချီ ကားချပ် (၁၆) ကားချပ်အား ပန်းချီဆရာကြီးများဖြစ်ကြသော ပန်းချီဆရာကြီး - ဦးမြသောင်း၊ ပန်းချီဆရာကြီး - ဦးထွန်းကျော်၊ ပန်းချီဆရာမ - ဒေါ်နုနု၊ သင်တန်းနည်းပြ ပန်းချီဆရာ - ဦးဝင်းကြည်နှင့် နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူတို့မှ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုတို့အား ချီးမြှင့်ရန် အတွက် ရေဆေးပန်းချီကားများအား အမှတ်ပေးမဲစနစ်ဖြင့် မဲပေးရွေးချယ် ပြီးစီးပြီ ဖြစ်ပါ၍ ဆုပေးပွဲအား သင်တန်းဆင်းပွဲ ကျင်းပမည့်နေ့၌ ချီးမြှင့် ဂုဏ်ပြုသွားမည် ဖြစ်ပါသည်။

သတင်းနှင့်ဓာတ်ပုံ။ ။ ကိုကျော်သူ

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.