Sunday, August 1, 2010

1 ကင်ဂျုံအီစာအုပ် အသိမ်းခံရသည့်ကိစ္စ စာနယ်ဇင်းသမားအမြင်များ


မြန်မာနိုင်ငံက စာရေးဆရာဟိန်းလတ်ရဲ့ မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီအကြောင်း ရေးသားထားတဲ့ စာအုပ်တွေကို မြောက်ကိုရီးယားသံရုံးက သိမ်းဆည်းသွားတာနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေက ဝေဖန် ပြောဆိုနေကြပါတယ်။



နိုင်ငံခြားတိုင်းပြည်တခုကမြန်မာစာပေစိစစ်ရေးအပေါ်မှာ ဩဇာလွှမ်းမိုးတာ အံ့ဩစရာ



ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းသမား များအဖွဲ့က အာရှ-ပစိဖိတ်ရေးရာ တာဝန်ခံ Vincent Brossel က အခုလို နိုင်ငံခြားတိုင်းပြည်တခုက မြန်မာစာပေစိစစ်ရေးအပေါ်မှာ ဩဇာလွှမ်းမိုးတာဟာ အံ့ဩစရာ ဖြစ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကတော့ မြန်မာစစ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံဘက်ကို လိုက်ပြီး ကိုယ့်နိုင်ငံသား စာရေးဆရာကို နစ်နာအောင် လုပ်တယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။

ပြည်ပရောက် မြန်မာကာတွန်းဆရာ ကာတွန်းဝင်းထွန်း ကလည်း ကာတွန်းရေးဆွဲ သရော်ထားပါတယ်။ အဲဒီကာတွန်းမှာ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအီ စာအုပ်ကို ကိုင်ထားတဲ့ မြန်မာစာရေးဆရာကို မြောက်ကိုးရီးယားက လက်သီးနဲ့ထိုး၊ မြန်မာစစ်အစိုးရက စစ်ဖိနပ်နဲ့ ကန်နေတဲ့ပုံ ပါရှိပါတယ်။

မစ္စတာဘားမား ခေါ် ကာတွန်းဝင်းထွန်းက မလွတ်လပ်တဲ့ စာနယ်ဇင်းလောကဟာ နှစ်ဖက်ညှပ် ဖိနှိပ်ခံနေရတယ်ဆိုတာ ပြသချင်လို့ ဒီကာတွန်းကို ရေးဆွဲရတာလို့ ဆိုပါတယ်။ စာရေးဆရာဟိန်းလတ်ဟာ မြန်မာစစ်အစိုးရ စာပေစိစစ်ရေးရဲ့ ခွင့်ပြုချက်နဲ့ ဒီစာအုပ်ကို ထုတ်ဝေတာဖြစ်တယ်လို့ ပြောပါတယ်။

BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ပိုမိုရရှိအောင် စုဆောင်းပြီး သင့်တော်သလို ဆက်လက်ဆောင်ရွက်မယ်လို့ ပြောပါတယ်။
(rfa)

1 comment:

  1. I think it is a clear indication that Burmese authorities are favoring the North Korea's dictator for their searching for Nuclear bombs. They admired North Korea as a country which has nuclear weapons. So the USA, EU and others have to negotiate with N.Korea instead of using force. N.Korea insulted Burma in 1980s to plant a bomb in ArZarNi building and killed many South Korean Ministers and diplomats. Now they can take away books written by a Burmese author in our own soil. Is this kind of act acceptable? No
    Htun Aung Gyaw

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.