Wednesday, August 4, 2010

0 ( ၈၈ ) ပင့်ကူကောင်တွေရဲ့ အကြောင်း.....

သြဂတ်ရဲ့ မိုးရေစက်တွေ အကြား

ခိုကိုးရာမဲ့ ဘ၀တွေ ရှိခဲ့ကြတယ်.........။

အဆိပ်ငွေ့နီကြောင်ကြောင်တွေကြားထဲ

အသက်အောင့် ထားခဲ့ကြရ........

ကြိမ်ဖန်အနန္တ အနိုင်ကျင့်ခံကြရ.........

နေပိုင်ခွင့်နဲ့ ရပိုင်ခွင့် တို့ အတွက်

ခြေချောင်းတချို့တလေ အလေအလွင့် ဖြစ်ခဲ့ကြရ........

အမှန်တကယ် ရှိခဲ့ကြတယ်........

အမှန်တကယ် ဖြစ်ခဲ့ကြတယ် ......။

ဆောင်းတွင်းနှင်းစက်တချို့ ရောက်မလာခင် .........

အသိုက်အမြုံ နဲ့ခွဲခွာ ခဲ့ကြရ.........။

ဘ၀မှာ ရုပ်ခန္ဓာ သေရတာထက် ယုံကြည်ချက်ရှင်နေချင်ကြသူတွေ......

အမှန်တရားအတွက် ရုန်းကန်နေရတာကိုကဘဲ

ဘ၀ပေး တာဝန် လို့ သူတို့ရင်ဘတ်နဲ့ ထပ်မျှ ခံယူကြ.........

ရှိနေခြင်းတွေအတွက် စိုစိုစွတ်စွတ်နဲ့ ရင်ခုန်နေကြရပေါ့...........။

ငါတို့ အကောင်မျိုးတွေပေါ့ .........

ဝန်းကျင်အသေ ကြားထဲ မရမက ရုန်းကန် နေကြရင်း

ကိုယ်ပိုင် အမျှင်တွေ ဖွက်ပြီး....

အိမ်ခိုးဖွဲ့နေကြလေရဲ့.......။ ။


ဟန်သာမောင်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.