Sunday, February 13, 2011

0 အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားတွင်မိန့်ခွန်းပြောကြား (ရုပ်/သံ)


၂၀၁၁ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် အဖွဲ့ချုပ်၌ပြည်ထောင်စုနေ့ အခန်းအနားတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည် ၊ အဆိုပါအခန်းအနားသို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များအား ရှမ်းအိုးစည် အက ၊ ကရင်ဒုံးယိမ်း အကများ နှင့် အဖွဲ့ချုပ်လူငယ်တို့မှ ကြိုဆိုဖျော်ဖြေ ခဲ့ကြပြီး ၊ အခန်းအနားမှူးကို ဖားအံ လွတ်တော်ကိုယ်စားလှယ် နန်းခင်ထွေးမြင့် မှ ဆောင်ရွက်ခဲ့ပါသည် ။အခန်းအနားတွင် အဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ရွေ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များစုံညီစွာတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုနေ့တွင်ထုတ်ပြန်ကြေငြာချက်အား ချင်းပြည်နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးဇိုဘွဲ မှ ဖတ်ကြားခဲ့ပါသည် ။ အခန်းအနားကို အစီအစဉ် ( ၉ ) ရပ်ဖြင့် နံနက် ၉ နာရီတွင်စတင်ကျင်းပပြုလုပ်ခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည် ။

(www.nldburma.org)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.