Thursday, February 17, 2011

0 ဒန်ကလီနဲ့ ကျော်ဆန်း၊ ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့ကြပြီ

ဒန်ကလီနဲ့ ကျော်ဆန်း
နအဖ အကြောင်းကိုသူအသိဆုံး အတတ်ဆုံးလို့ ကြွေးကြော်လေ့ရှိတဲ့ ရော့စ်ဒန်ကလီရဲ့ ဘ၀ဟာ သိပ်တော့ မလွယ် တော့ပါဘူး။ ဒီနေ့ ကျော်ဆန်းရဲ့ ဘလောခ့်ဖြစ်တဲ့ ပိတောက်မြေမှာ သူ့ကို လိင်ကိစ္စ၊ ဆေးခြောက်ကိစ္စ စတဲ့အမှုတွေကို ကျူးလွန်ထားတဲ့အတွက် သူ့ကို အရေးယူရတာဖြစ်ကြောင်း ရှင်းထားပါတယ်။ ကမာရွတ်ရဲစခန်းကနေ သူ့ကို အင်းစိန်ကို ပို့လိုက်ကြပါပြီ။
ဒန်ကလီကိုဖမ်းဆီးထားအတွက် မြန်မာပြည်က သတင်းစာလွတ်လပ်ခွင့်ဆိုတာ ဒါပါပဲလို့ နိုင်ငံတကာက ကောက်ချက်ချ မှာကို ကြိုကန်ထားလိုက်တာပါ။ ၀ါရှင်တန်မှာရှိတဲ့ နအဖ သံမှုး က အမေရိကန် အစိုးရဌာန (State Department) ကို ဒန်ကင်ကိုဖမ်းတာဟာ သတင်းစာလွတ်လပ်ခွင့်နဲ့ မဆိုင်ပါဘူး။ ရာဇ၀တ်မှုကိုကျူးလွန်လို့ပါ။ တရားဥပဒေအရ သူရင်ဆိုင် ရမှာပါလို့ တိုးတိုးတိတ်တိတ် အကြောင်းကြားထားတယ်။ အမေရိကန်တွေလည်း ဘာမှမပြောနိုင် ဖြစ်နေတယ်။
ရန်ကုန်မြို့အမှတ် ၈၈၊ စတင်းလမ်းက သြစတေလျသံရုံးမှတဆင့် သြစတေးလျအစိုးရကိုလည်း ဒန်ကင်ကို ရာဇ၀တ်မှု အရ အရေးယူထားရကြောင်း အကြောင်းကြားထားပါတယ်။
မြန်မာတိုင်းမ်စ်နဲ့ နအဖ တည့်နေတုန်းက ဒန်ကင်နဲ့ ကျော်ဆန်းဟာ ငါးထည်ရွက်များလို တပူးတွဲတွဲ ရှိလှတယ်။ နှစ်အိမ် တအိမ် ချောင်းပေါက်နေတယ်လို့ ဓါတ်သိတွေက ဆိုကြတယ်။ ဒန်ကင်ကို သူ့ရုံးက မြန်မာသတင်းထောက်မလေးတွေက ချစ်စနိုးနဲ့ ဦးဒန် လို့ခေါ်သလို ကျော်ဆန်းကလည် ဦးဒန် လို့ ခေါ်တယ်ဆိုပဲ။ ဒန်ကင် ကလည် တပြုံပြုံနဲ့ သဘောကျ တယ်။ မြန်မာလို မပီကလာပီကလာနဲ သူနာမည်ကိုတောင် ဥတန် လို့ မိတ်ဆက်လေ့ရှိတယ်။
ပြီးခဲ့နှစ်များက မူးယစ်ဆေးဝါးနှိမ်နင်းတဲ့ပွဲမှာ နအဖ မူယစ်ဆေးဝါးတွေကို ဟန်ပြမီးရှို့ ဖျက်ဆီးပြတဲ့ပွဲမှာ ဒန်ကင်ကိုလည် နအဖ က ပွဲထုတ်ပါတယ်။  ကျော်ဆန်း က ဒန်ကင်ကို ဖိတ်တယ်။ သံတမာန်တွေက ဘိန်းဖြူတွေ၊ မူးယစ်ဆေးဝါးတွေ ဟာ အစစ်မှဟုတ်ရဲ့လားလို့သံသယရှိတာကို နအဖက ရိပ်မိတယ်။ ဒန်ကင်ကလည်း ရိပ်မိတယ်။ ရေငတ်တုန်းရေတွင်း ထဲကျ ဖြစ်သွာတဲ့  ဒန်ကင်ကြီးက ဘိန်းဖြူ တကော်လော ဇတ်ကနဲယူပြီး နှာခေါင်းနဲ့တေ့ပြီး အားပါးတရ တချက်ရှိုက်ပေး လိုက်ခြင်းဖြင့် သံတမန်ကြားကသံသယကို သူပြေပျောက်စေတယ်။  ပြီတော့ ဖီလင်အပြည့်နဲ့ စစ်တယ်လို့ အတည်ပြုပေး ခြင်းအားဖြင့် နအဖရဲ့အရှက်ကို ကာကွယ်ပေးခဲ့တယ်။ အဲဒါလေးတွေကြောင့် ဒန်ကင်ကို နအဖ က ချစ်ခဲ့ရတဲ့ ကာလ တွေ။
ဒန်ကင် မူးယစ်ဆေးဝါးပွဲက အပြန်မှာ ကျော်ဆန်းက အလိုက်တသိနဲ ဘိန်းဖြူ့ခြူးကမ္ဘာ စစ်စစ်တထုပ်ကို လက်ဆောင် ပေးလိုက်ပါသေးတယ်။ အိမ်မှာအလှထားဖို့ ဘိန်းသီး အခြောက်လေးတွေကိုလည်း ပေးလိုက်ပါသေးတယ်။  ကားပေါ်မှာ သူနဲ့ပါလာတဲ့ နယူဇီလန်းသတင်းထောက်ကို သြစတေးလျလေသံနဲ့ အားပါးတရ To dye (Today) Holly Shit,Heroine is much better than Coke။ ဒီနေ့ကွာ တကယ့်သောက်ကြိုးနဲမှပဲ။ ဘိန်းဖြူများကောင်းချက်က ကိုကင်းထက်သာ သ ကိုးကွယ့်။ Kyaw San is so sweet. (ကျော်ဆန်း က သိပ်ချစ်ဖို့ ကောင်းတယ်)
ဒန်ကင် မလိုတော့ပြီ
ဒါတွေက အတိတ်မှာကျန်ခဲ့ပြီ။ ခုတော့ဒန်ကင်မလိုတော့ဘူး။ အစိုးရအသစ်တောင်ဖွဲ့ပြီးပြီ၊ နိုင်ငံတကာကလည် မ ထောက်ခံချင်သောလည်း အသည်းအသန်မကန့်ကွက်ကြပေဘူး။ ဒန်ကင်ရှိနေခြင်းအားဖြင့် သူတို့အတွင်းရေးတွေ အ ကုန်သိကုန်မယ်။ ဒီတော့ ဒန်ကင်ကို အပြစ်ရှာပြီး ကိုင်တော့တယ်။ ဒန်ကလီဟာ မီဒီယာသမားဖြစ်တဲ့အတွက် နအဖ က ဒန်ကလီကိုလျော့တွက်လို့ မရတော့ဘူး။ အသေကိုင်ရမှာ ဖြစ်ပါတယ်။ ဒန်ကလီကို ဒီအတိုင်းလွတ်လိုက်ရင် နအဖနဲ့ ခွာ ပြဲလာတဲ့ ဒန်ကလီကလည်း နိုင်ငံတကာမီဒီယာမှာ ကောင်းကောင်းကိုင်မှာဖြစ်ပါတယ်။
နအဖတွေရဲ့ လုပ်ရပ်ကိုသူဖေါ်ထုတ်မှာပါ။ သူရထားတဲ့သတင်းတွေဖြစ်တဲ့ ခင်ညွန့် နောက်ဆုံးအခြေအနေ၊ မူယစ်ဆေး ၀ါးထုတ်လုပ်မှုမှာ တပ်ချုပ်ကြီးမိသားစု ပတ်သက်နေပုံတွေ၊ ကကကြိုင် တရုပ်ပြည်မှာဝယ်ထားတဲ့ ဒေါလာ သန်း ၄၀ ကျော်တန်တဲ့ အိမ် ၊ တပ်ချုပ်ကြီး မိသားစုအတွင်းရေး အရှုပ်တော်ပုံတွေ ဒါ့အပြင်  စီးပွားရေးသမားတဦးဖြစ်တဲ့ မိုးကျော် သောင်းနဲ့ တပ်ချုပ်ကြီးမိသားစု ဆက်ဆံရေး (တပ်ချုပ်ကြီးလိုချင်နေတဲ့ နိုင်ငံခြားက ဇိမ်ခံပစ္စည်းတွေ၊ တပ်ချုပ်ကြီးမြေး တွေအတွက် ပညာရေးတွေကို မိုးကျော်သောင်းက လျှို့ဝှက် လုပ်ဆောင်ပေးနေရပုံတွေ)။ ဗိုလ်ချုပ် သိန်းဆွေသမီး မာလာမော်ကို ဗြိတိသျှသံရုံးက ကောင်ဆယ်လာနဲ့ တူနှစ်ကိုယ့်နီးစပ်နိုင်ရေးအတွက် ဒန်ကင် အောင်သွယ်ပေးခဲ့ရပုံတွေ၊ ဗိုလ်ချုပ်ကတော်တွေ၊ သမီးတွေ၊ ခယ်မတွေ၊ ခေတ်ပျက်သူဋ္ဌေးတွေရဲ့ ကိုယ်ရေးအတွင်းရေးသတင်းတွေက သူမှာ ဖိုင် အတွဲလိုက်ရှိနေပါတယ်။ (ဒါတွေက သြတေးလျမှာ သိမ်းဆည်းထားပြီုးဖြစ်ပါတယ်။)
ဒါကြောင့် ဒန်ကလီကို နအဖ က အသေကိုင်တော့မှာ ဖြစ်ပါတယ်။  ဒန်ကင် ကို စွပ်စွဲထားတဲ့အမှုတွေကလည်း ကြည့်ပါ ဦး။ မဖွယ်မရာ လိင်ဆက်ဆံမှု (Sadistic Sex) နဲ့ မူးယစ် (Drug) တွေနဲ့မှမလုံလောက်သေးရင် လက်နက်ကြီးကိုလည် သုံးမယ်။ တခါတည်း ပွဲပြီးမယ့်ကိစ္စကို ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒါကတော့   အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို မဖွယ်မရာပြုမှု (Child molestation) နဲ့ပါကိုင်ဖို့ အတွက် အချက်အလက်တွေစုဆောင်းနေပြီလို့ သိရပါတယ်။ ဒန်ကင်ကလည် ဒန်ကင် ရန်ကုန် ခေတ်ပျက်သူဋ္ဌေးသမီးများ လော ကကတောင် အော်ကြောလံကြရတယ် ဆိုပဲ။
ရန်ကုန်က မျက်နှာကြီး လှပျိုဖြူ လောကမှာ ဒန်ကင် ကို ဖမ်းတဲ့အတွက် မျက်ခုံးလှုပ်နေကြတယ်လို့ သိရပါတယ်။ သူတို့ ဒန်ကင်နဲ့ ဖက်လည်တကင်းလုပ်ထားတဲ့ ဓါတ်ပုံတွေကို ဖေ့ဘုတ်တွေက အမြန်ဖြုတ်ချနေကြတယ်လို့ သိရပါတယ်။ ကတုံးပြောင် ဒန်ကင်ဟာ ခေတ်ပျက်သူဋ္ဌေးက၊ မိန်းမလျာ၊ မော်ဒယ် ပြိုဖြူတွေ အသိုင်းအ၀ိုင်းမှာ အတော်မျက်နှာပန်း ပွင့်ခဲ့တယ်လို့ သိရပါတယ်။ မှတ်တမ်းတွေအရ မြန်မာပြည်မှာ ရုပ်ရှင်မင်းသားကြီး ချီးဗူး ခမြာ ချီးဗူးချင်တူသော်လည်း ပြည်တွင်းဖြစ် (Loacal made) ဖြစ်နေတဲ့အတွက် တောအရက်လေနဲ့ပဲ အဖေါ်ပြုခဲ့ရပြီ အေးဘုံတွေ ဗွေထုတ်တို့နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဒန်ကင်လို “ဒန်တန့်တန် ဒန်တန့်တန်” သိပ်မဖြစ်ခဲ့ရရှာပါဘူး။ ဒါကလည်း နအဖ ဗိုလ်ချုပ်တွေက ဒန်ကင် ကို အသေကိုက် (Vital Bite) စေချင်တဲ့ အဓိကအချက်တခု ဖြစ်ခဲ့ရပါတယ်လို့ အမည်မဖေါ်လိုတဲ့ ဒန်ကင်တပည့် သတင်းသမားတဦးက ဆိုပါတယ်။
အရင်ကပါတီပွဲတွေ မှောင်ရိပ်ခို ပွတ်သဘင် ပွဲတွေမှာ ဗိုလ်ချုပ်သားတွေသာအပြိုင်အဆိုင် ရေပန်းစားနေတဲ့ ဈေးကွက် ထဲမှာ ထိုးထိုးထွန့်ထွန့်ရှိလှတဲ့ ဒန်ကင်ရောက်လာကတည်းက ဗိုလ်ချုပ်သားတွေဟာ ဒေါ်လာငွေလိုပဲ ဈေးထိုးကျလာ တယ်။
ဈေးကျရတဲ့အကြောင်းကတော့ ဗိုလ်ချုပ်တွေရော၊ သူတို့သားတွေဟာ လူတောသိပ်မတိုးဘူး။ ပါတီတွေဘာတွေမှာ အ ပေါင်းသင်းမဆံ့ကြဘူး။ ဒီ ဒန်ကင် ကို မယှဉ်နိုင်ဘူး။  ဒီတော့ ကျော်ဆန်း ကို တာဝန်ပေးတော့တယ်။
ဒန်ကင် ဘာလုပ်၊ ဘယ်သူနဲ့တွေ့  ဆိုတာတွေကို  ၂၀၁၀ အဆန်းပိုင်းကထည်းက ထောက်လှမ်းတော့တယ်လို့ သိရ တယ်။ ဒန်ကင်ကို ကြိုးနဲ့တုပ်ပြီး တကျင်လျိုရမယ့်တာဝန်ကို ကျော်ဆန်း ကို ပေးထားတယ်လို့ သိရတယ်။ ကျော်ဆန်း ကလည်း နအဖဗိုလ်ချုပ်တွေထဲမှာ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်ကြပါဘူး။ ဒါကြောင့် သူဟာ အတိုက်ခံတွေ ကို ဖမ်းဟယ်ဆီးဟယ်လုပ်မှ သတင်းစာရှင်းလင်ပွဲမှာ တချက်တချက်အနံ့ဆိုးရတဲ့ ဘ၀နဲ့ကျေနပ်နေရတာပါ။
ပိတောက်မြေဘလောက်လေးကိုနဲ့ပဲ ကျေနပ်နေရတာပါ။ ဒါပေမဲ့ သူဟာ ကြိုးစားတယ်။ သူဘ၀တက်လမ်းကို ရှာနေသူ ပါ။ ခုတော့ ဒန်ကင်ကိုဖြိုခွင့်ရရင် မြန်မာတိုင်းမ်စ် တည်းဟူသော သတင်းစာတိုက်ကြီးကို သူဦးစီးခွင့်ရမှာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အစုရှယ်ရာပိုင်ရှင်က ဒေါက်တာတင်ထွန်းဦးပါ။ သူကိုလည်း နအဖ က ကိုင်ရမှာ သိပ်ခက်တယ် လို့ မယူဆဘူး။ သူကလည်း ရနောင်းကိုသွားသွားပြီ အပေါစားပြည့်တန်ဆာခန်းတွေကို သွားလေ့ရှိသူဆိုတော့ စစ်ရေး အခြေပြဇယားနဲ့ အသာဆွဲလိုက်တာနဲ့ ရနေပြီ။ နအဖ က ဒေါက်တာတင်ထွန်းဦး ကိုတော့ ကိုယ်ခြံထဲက ကြက်လောက်ပဲ သဘောထားတယ်။ ညနေစောင်ရင် .. ဒီ .. ဒီ .. ဒီ ခေါ်လိုက်ရုံနဲ့ရတယ်။ အချိန်တန်လို့မှ ပြန်မလာရင် ဒေါက်တာတင် ထွန်းဦး ဆိုသော အနှီ ကြက်ပျော့ကြီးသည် ဟင်းအိုးထဲတွင်မှာ ဘူးသီးကာလသားချက်ဘ၀နဲ့ နိဂုံချုပ်ခံရမှာပါ။
စစ်ရေးအခြေပြဇယား
ဗိုလ်ချုပ်တွေကလည်း ဘာလုပ်လုပ် သူတို့တတ်သမျှ  စစ်ရေအခြေပြဇယားနဲ့ပဲ တိုင်းထွာလေ့ရှိတာပါ။ ဒန်ကင် ရှိနေတာ ဟာ သူတို့ နောက်ဖေးတံခါး မလုံဘူးလို့ ယူဆနေတာကြာပါပြီလို့ဆို ကြပါတယ်။ ဒီတော့ ကျော်ဆန်း ကို တာဝန်ပေး တော့တယ်။ ဒန်ကင် ဘာလုပ်၊ ဘယ်သူနဲ့ တွေ့ဆိုတာတွေကို  ၂၀၁၀ အဆန်းပိုင်းတည်းက ထောက်လှမ်းတော့တယ်လို့ သိရတယ်။
ဒီတော့ ဒန်ကင်ကို ညီမျှခြင်း ချကြည့်ကြတယ်။ ဒန်ကင်ကြောင့်ရတဲ့ သူတို့ဖက်က နိုင်ငံရေးအမြတ် ညီမျှခြင်း ဒန်ကင် အ ပေါင်း သူတို့ ခယ်မ၊ သမီး၊ အိမ်ကဟာကြီးတွေဆိုတော့ …. ။ မကိုက်ဘူး။ အနှုတ်လက္ခဏာ ပြနေတယ်။ ဒါကြောင့် နအဖ နဲ့ ဒန်ကလီတွေရဲ့ ဖြုတ်ထုတ်သတ်ပွဲဟာ တကယ့်ကိုပွဲကြီးပွဲကောင်းတခု ဖြစ်လာမှာပါ။ မန်ယူနဲ့ ချားလ်စီး ပွဲထက်သာ မှာပါ။ ကျားနဲ့ ဆင် လယ်ပြင်မှာတွေ့ကြတဲ့ သူသေကိုယ်သေ ဆော်ပွဲတခုလို ကြည့်ကောင်းမှာပါ။
ရန်ကုန် ရေပေါ်စီလောကမှာတော့ သူတို့ ဘော်ဒါကြီး ဒန်ကင် သတင်းဟာ လောလောဆယ်ပျံနေတယ်။ တယောက်တ ပေါက်ပြောနေကြတယ်။
“ကကကြိုင် တရုပ်ပြည်မှာ အိမ်ဝယ်တာ သူက သိနေလို့။ အော် ပျားအုံမှ တုတ်နဲ့သွားထိုးမိတယ်”
“သူတုတ်ကလည်း ရမ်းတယ် မမရဲ့”
“မဟုတ်ဘူး ဦးခင်ညွန့် အခွေကို သူထုတ်လိုက်လို့ တဲ့”
“အမလေး ညည်းတို့က ဘာသိလဲ။ သူလုပ်လိုက်လို့ မေ့သွားတဲ့ ဟိုကောင်မလေးက ဦးကျော်ဆန်း အသည်းစွဲလေး လေ’’
“ဟယ်… ဟုတ်လို့လား ကိုကျော်ဆန်း က ဘုရားတရား သမားကြီးပါ … ဟဲ့ ”
“အို .. ဒေါ်ဒေါ် ကလည်း ဘာသိလို့လဲ … … ”
(၀ါးကနဲ – ရယ်သံများ)
“အော်ဟုတ်လား”
“တင်ထွန်းဦး က မြန်မာတိုင်းမ်စ်ကို လိုခြင်လို့ မောင်ပိုင်စီးချင်လို့ အစိုးရနဲ့ ပေါင်းကြံတာ”
“အမေလေး တော်ကြာလွတ်မှာပါ။ သူ့ အစိုးရက အမတ်တယောက်ယောက်လာခေါ်ရင် ထည့်လိုက်မှာပါ”
ထူးခြားတာကတော့ ဘယ်သူသေသေ ပရိတ်သတ်က သြဘာပေးမှာပါ။ လောဘသားတွေဟာ ဒီလိုပဲ ဇတ်သိမ်းမလှကြ တာကိုးဗျ။
ငချစ်သင်
www.naytthit.net/

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.