ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သခင်ဖိုးလှကြီးလမ်း၊ အမှတ် (၄၄/၃၃၅)နေဦးလှခိုင် + ဒေါ်ဒေါင်နောတို့၏ သား - မောင်ညီထွေးခိုင် REX Marine Engineering Pte Ltd. (Singapore) နှင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစဉ်ရွာမရပ်ကွက်၊ ရတနာလမ်း၊ အမှတ် (၈) နေဦးအုန်းကြိုင် + ဒေါ်နုနုဆွေတို့၏ သမီး - မတင်ဇာလင်း Blue Scope Steel Lysaght (Singapore) Pte Ltd. တို့ကို မိဘတို့ဝတ်တရားရှိသည့်အတိုင်းထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ၁၅.၂.၂၀၁၁ (အင်္ဂါ) နေ့တွင် နတ်မောက်လမ်းရှိ မိုးကုတ်ဝိပဿနာခန်းမတွင် မင်္ဂလာဦးဆွမ်းကျွေးကိုကျင်းပပြီးစီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် ၂၀၀၀၀၀/- (နှစ်သိန်းကျပ်) ကိုလာရောက်လှူဒါန်းခဲ့ပါသည်။
နာရေး (သေရေး)ကိုလူအများကြောက်ရွံ့ကြသည်။ မင်္ဂလာမရှိဟုသတ်မှတ်ကြသည်။ သို့သော် လူ့လောကကြီးသည် အငိုနဲ့စ၍ အငိုနဲ့အဆုံးသတ်ရမည် ဖြစ်သည်။ သေခြင်းတရားကိုမည်သူမှ မလွန်ဆန်နိုင်ပေ။ အငိုနဲ့ဆုံးသွားသောအများပြည်သူတို့အတွက် အဆင်ပြေစွာ ဘ၀ကူး ကောင်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကူညီဖေးမ လှူဒါန်းခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။သတို့သားမောင်ညီထွေးခိုင်နှင့် သတို့သမီးမတင်ဇာလင်းတို့၏ မင်္ဂလာရှိသောနေ့ရက်တွင် ယခုကဲ့သို့ မင်္ဂလာရှိသောအလှူဒါနကို ပြုလုပ်ခြင်းသည် သံသရာတစ်လျှောက် လျှောက်လှမ်းရမည့် ခရီးလမ်းအတွက် ရေရာသေချာသောကောင်းမှုကုသိုလ်ပြုခဲ့ခြင်းပင် ဖြစ်ပါတော့သည်။
ထို့ကြောင့်သူတို့သူတို့သည် တစ်သက်တစ်ခါမင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့်မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကိုဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။

0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်