Sunday, August 21, 2011

0 “ဧရာဝတီ”အလုပ်ရုံဆွေးနွေးပွဲ


၁၈-၈-၂၀၁၁ နေ့ က ဗေဒါသင်တန်းကျောင်းမှာ“ဧရာဝတီ”အမည်နဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကျနော်စီစဉ်ဖြစ်ခဲ့ ပါတယ်။

ကျနော်လုပ်ရမဲ့ အလုပ်တခုလုပ်ပြီးပြီလို့ သဘောထားပြီးခပ်တည်တည်နေလိုက်တာ ဒီနေ့ အထိဘဲဆိုပါတော့ လေ။

ဒီနေ့ ကိုခင်မောင်ဝင်းကသတိပေးမှဒီအကြောင်း Online ပေါ်မှာ ကျနော်ဘာမှမပြောဖြစ်သေးပါလား ဆိုတာသတိရတယ်။

မနက်(၉)နာရီတိတိမှာ ကျနော်အခမ်းအနားစပါတယ်။ဘယ်သူလာလာ/မလာလာ ရှိသမျှနဲ့ စမယ်လို့ ဆုံးဖြတ်ထားတာကိုး။

လူဦးရေ(၃၀)ကျော်တက်ရောက်ပါတယ်။ခင်ဗျားတို့သိနိုင်တဲ့လူသိများသူတွေထဲကဦးအောင်ကြည်ညွန့်(ချောင်းဆုံ)။ ကိုဖြိုးမင်းသိန်း။ ကိုမျိုးရန်နောင်သိမ်း။တို့ ပါပါတယ်။ကျန်တဲ့ သူများကတက်ကြွလှုပ်ရှားသူများပေါ့ ဗျာ။

ကျနော့် ရဲ့ On line မိတ်ဆွေထဲကတယောက်တော့ လာနှုတ်ဆက်လို့ကျနော့် တော်တော်ဝမ်းသာ သွားတယ်။ (အရင်မမြင်ဘူးဘူး)

တကယ်တမ်း“အလုပ်ရုံဆွေးနွေးပွဲ”လို့ နံမယ်တပ်ထားပေမဲ့ လူရင်းတွေအချင်းချင်း ထိုင်စကားပြောသလို ပါဘဲ။(ဘုံတူညီချက်ရှိနေတာကိုး)

ကျနော်တို့ အားလုံးကသိချင်နေကြသူတွေလေ။အစဉ်အလာအရ(နှစ်ပေါင်း(၂၀)ကျော်ဘာမှမသိဘဲ နေလာခဲ့ရတဲ့အခါကျတောဟိုဟာလည်းသိချင်/ဒီဟာလည်းသိချင်။““မောင်လူမွှေး””မေးသလို“စာကလေးတွေကဘာကြောင့်ဖိနပ်မစီးသလဲ””ဆိုတာမျိုးပေါ့ ဗျာ။

အလုပ်ရုံဆွေးနွေးပွဲရဲ့ အင်္ဂါရပ်နဲ့ လည်းမညီတဲ့ အတွက်အဲသလိုနံမယ်မတပ်ပါနဲ့ လို့ တယောက်က ထောက်ပြတယ်။

အဲဒီအတွက်နောက်ဆွေးနွေးပွဲကို“ဧရာဝတီ”စကားဝိုင်းလို့ဘဲနံမယ်တပ်တော့မှာဖြစ်ပါတယ်။နောက်ပြီးဗေဒါသင်တန်းကျောင်းနေရာဟာလည်းတကယ်တမ်းကျတော့ လူ(၃၀)ကျော်ကိုတောင်မချိမဆန့် ထမ်းထားရတာဖြစ်တဲ့ အတွက်နောက်ထပ်သင့် တင့် တဲ့ နေရာကိုရွေးဘို့ လည်းအားလုံးကတိုက်တွန်းကြပါတယ်။

ပြောတဲ့ အကြောင်းအရာတွေကိုခြုံငုံသုံးသပ်ရရင်တော့ 

(၁) ဧရာဝတီမြစ်နဲ့ တကွမြစ်ဆုံပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ(ရရှိခဲ့ သမျှ)ကိုဝေမျှပေးနိုင်ခဲ့ ပါတယ်။

(၂) (မြစ်ဆုံဆည်အပါအ၀င်)ဧရာဝတီမြစ်ပေါ်မှာတည်ဆောက်မဲ့ ဆည်တွေနဲ့ ပတ်သက်ပြီးရရှိခဲ့ သမျှအချက်အလက်တွေအရဆက်လက်တည်ဆောက်ခြင်းကိုဆိုင်းငံ့ ပေးထားရန်တောင်းဆိုဘို့ လိုအပ်ကြောင်းသဘောတူညီမှုရရှိခဲ့ ပါတယ်။

(၃)ဆည်တည်ဆောက်ခြင်းများကို ဖွဲ့ စည်းပုံအခြေခံဥပဒေ (နိုင်ငံသားတို့ ၏မူလအခွင့် အရေးများနှင် တာဝန်များအခန်းကဏ္ဍ)အရကန့် ကွက်နိုင်သည့် အကြောင်းအရာများကိုသိရှိကြေငြာနိုင်ခဲ့ ပါတယ်။

(၄)သို့ အတွက်ပထမဦးစွာစတင်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်း (အမည်ရင်း။ လိပ်စာမှန်။ အမျိုးသားမှတ်ပုံတင် အမှတ်များနှင် အတူ)အဖြစ်နိုင်ငံတော်သမတကြီးထံလိပ်မူပြီးလက်မှတ်ထိုးတောင်းဆိုမှု(Signature Campaign) ကိုတက်ရောက်လာသူများအားလုံးက တညီတညွတ်တည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

(၅)နောက်တကြိမ်ထပ်မံပြုလုပ်မယ်“ဧရာဝတီစကားဝိုင်းမှာလူထု၊လူတန်းစားအမျိုးမျိုးပါဝင်နိုင်ရေး။အသိပညာရှင်။အတတ်ပညာရှင်များမှဦးဆောင်ပါဝင် ဆွေးနွေးနိုင်ရေး။နှင့် အခြားသောလူပုဂ္ဂိုလ်။အဇွဲ့ အစည်းများမှဆောင်ရွက်သည့် “ဧရာဝတီ”လှုပ်ရှားမှုများကို အားပေးကူညီမည်ဖြစ်ကြောင်းအားလုံးသဘောတူဆုံးဖြတ်နိုင်ခဲ့ ကြပါတယ်။

ပြည်တွင်းပြည်ပမှ မိတ်ဆွေများခင်ဗျား။

ကျနော့်ရဲ့ပထမဆုံးအကြိမ်“ဧရာဝတီ”လှုပ်ရှားမှုနဲ့ပတ်သက်ပြီးအစီရင်ခံနိုင်တာဟာအင်မတန်နည်းပါးတယ်။အားမရဖြစ်ရတယ်ဆိုခဲ့ ရင်ကျနော်ရဲ့ အားနည်းချက်တွေကြောင့် သာဖြစ်ပါတယ်။ရရှိနိုင်ခဲ့ တဲ့ သတင်းအချက်အလက်။ကျင်လည်နေရတဲ့ အသိုင်းအ၀ိုင်းနှင့်တကွအခြားသောချို့ ငဲ့ မှုများကိုအကြောင်းမပြတော့ ပါဘဲထပ်မံပြုလုပ်ရန် (အသည်းအသန်)ကြိုးပမ်းနေသောဒုတိယအကြိမ်“ဧရာဝတီ”စကားဝိုင်းမှာတော့ကျနော်ယခုထက် ပိုမိုကြိုးစားပါမယ်လို့ ကတိပြုပါတယ်။

(ပထမအကြိမ်“ဧရာဝတီ”အားအောင်မြင်နိုင်ရန်အားပေးကူညီခဲ့ကြသူများအားလုံးအား အထူးကျေးဇူးတင်ရှိပါသည်ခငိဗျား)

ဦးဝင်းချို(တစ်သီးပုဂ္ဂလ)

ဆက်သွယ်ရန်။၀၁-၃၉၃၁၅၅လိုင်းခွဲ၂၆၄။၀၉-၈၀၃၃၅၅၄

email.wincho1020@gmail.com

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.