Saturday, January 7, 2012

0 ဂျော့ဆိုရော့စ် မြန်မာနိုင်ငံတွင်အခြေစိုက်ရုံးခန်းဖွင့်တော့မည်


မြန်မာနိုင်ငံတော် သမတ ဦးသိန်းစိန်၊ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ ဆိုရော့စ်က သူ၏ ပရဟိတလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံအခြေစိုက် ရုံးခန်းဖွင့်လှစ်ရန် သဘောတူညီခဲ့သည်ဟု ပြောကြားကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်အရ သိရသည်။ ၂၀၁၁ ဒီဇင်ဘာ ၂၆ မှ ၂၀၁၂ ဇန်န၀ါရီ ၃ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်မှ အပြန်တွင် ဆိုရော့စ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ “တံခါးပိတ်ထားတဲ့ အခြေအနေကနေ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြောင်းလဲနေတာပါ”ဟု သူကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ကျယ်ပြန့်စွာဆွေးနွေးခဲ့ကြောင်း ယင်းကပြောပါသေးသည်။ “ကျွန်တော်ရဲ့ ဖောင်ဒေးရှင်းဟာ ဒီမိုကရေစီအရေးတွေအတွက် နှစ်၂၀လောက်ပံ့ပိုး ပေးခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖြစ်တာကတော့ ခုမှ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပွင့်လင်းမှုနဲ့ပတ်သက်တဲ့ အရိပ်နိမိတ်တွေအတွက် ကျွန်တော် အင်မတန်မှကိုကြေနပ်အားရမိပါတယ်။ လောလောဆယ်မှာတော့ ထိပ်ပိုင်းရဲ့ စေတနာကောင်းတွေနဲ့ အောက်ခြေပိုင်းရဲ့ အခြေအနေတွေအကြားမှာ တော် တော်လေး ကွာဟမှုရှိနေပါသေးတယ်”ဟု ဂျော့ ဆိုရော့စ်ကပြောသည်။

popularmyanmar.com

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.