Monday, January 2, 2012

0 ညနေ ၄ နာရီအက်ဖ်အမ် ရေဒီယိုမှ လွတ်ငြိမ်းချမ်းသာခွင့်မှာ ထောင်ကျနှစ်များကိုသာလျော့ပေးသွားခြင်းဖြစ်

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အစိုးရသက်တမ်းတွင် တတိယအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ....
Cartoon Aungmaw
ညနေ ၄ နာရီသတင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခဲ့ခြင်းနှင့် ပတ်သက်ပြီး ထပ်မံသိရှိရသမျှ
ထောင်ဒဏ် နှစ် ၂၀ ကျခံနေရသူအား ၄ ပုံ၁ ပုံသို့လျော့ပေါ့လိုက်သည်ဟု သိရသည်။ ကိုနေဖုန်းလတ်မိခင်က ၎င်း၏ သားဖြစ်သူမှာ နှစ် ၂၀ ချမှတ်ခံထားရသဖြင့် လွတ်မြောက်နိုင်ကြောင်း ပြောသည်။

မသက်သက်အောင် ၏ မိခင်ဖြစ်သူ ဒေါ်စုစုကြည်က ၆၅ နှစ်ချမှတ်ခံထားရသည့် သမီးဖြစ်သူမှာ နှစ် ၃၀ သို့လျှော့ပေါ့မည့် အထဲပါဝင်မည်ဟု ယခုလက်ရှိ အချိန်ထိကြားသိရသည့် အချက်အလက်ပေါ် မူတည်ပြောဆိုသည်။

ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွှတ်ပေးမည့်အထဲ မပါဝင်သေးကြောင်း မိသားစုဝင် မမီမီလွင်က ပြောသည်။ “ မပါပါဘူးရှင် ၊ မပါပါဘူး၊ သူတို့ကြေညာချက်က မရှင်းမရှင်းတွေ၊ အဲဒီအတိုင်းဆို နှစ် ၄၀ လောက်ကျန်ဦးမယ် ” ဟု YPI သို့ပြောသည်။

yangon press international

ထောင်ဒဏ် နှစ် ၂၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၂၀၊ ထောင်ဒဏ် အနှစ် ၃၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၃၀၊ ထောင်ဒဏ် အနှစ် ၂၀ အောက်က လူတွေက ၄ပုံ၁ပုံ၊ သေဒဏ်သမားတွေကို တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းမှ ညနေ ၄ နာရီအချိန်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
Burma Vj media network
ယခု ကြေငြာချက် အတိုင်း ဆိုလျှင် မည်သည့် ၈၈ မျိုးဆက်ကျောင်းသား မှ လွတ်မြောက် အုံးမည် မဟုတ်သေး ချေ။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.