Monday, January 2, 2012

0 လွတ်လပ်ရေးနေ့အတွေးတမျှင်

လွတ်လပ်ရေးနေ့အတွေးတမျှင်
နယ်ချဲ့ဖက်ဆစ် တွန်းလှန်ပစ်လို့
ကျွန်ဖြစ်တဲ့ဘဝ လွတ်မြောက်ခဲ့ရ။

ထိုမှတဖန် အကောက်ကြံလို့
အဖိုးတန် မီးရှူးတန်ဆောင်
ဒို့ခေါင်းဆောင်တွေသွေးမြေကျ
ဆုံးရှုံးခဲ့ရ။

တဖန်ရှေ့ဆက် ချီတက်ခဲ့ရာ
သူခိုးလက်က တဝက်လုပြန်
ဗြောင်းဆန်တဲ့ ဒို့တိုင်းဒို့ပြည်
ဖွတ်ဖွတ်ကိုကျေ အခြေနေတကယ်ဆိုး
ဘယ်လိုအမြင်မျိုးမှမြင်လို့မရ
နာတာရှည်ရောဂါထ ဆေးကုလို့မရ။

ကျီးကန်းက ပက်လက်ပျံ
ငါးဒန်က ကောင်းကင်တက်
ပိုးဆိုးပက်လက် သူခိုးမျိုးနန်းတက်
အမျိုးမျိုးအသက်ထွက်နိုင်တဲ့ခုချိန်မှာ
ပြည်သူ့ဘဝဆိုတာ နုံချာလှ

ပုံပမာပြရရင် ကျွန်စုပ်တဲ့သရက်တောင်
သူတို့ထက်တောက်ပြောင်။

၎-ရက်ဇန္န၀ါရီ ရောက်လာပြန်ပြီ
နှစ်ချီကျင်းပပေးခဲ့ လွတ်လပ်ရေးနေ့တဲ့
မလွတ်လပ်သေးတဲ့ နိုင်ငံရေးအကျဉ်းသား
လွှတ်ပေးမှာလား ပြောသံသာကြား
အမှန်တရားက ဘယ်အနားရောက်နေမှန်း
လမ်းမမြင် ကမ်းမမြင်လေတော့
လည်တမော့မော့နဲ့ စောင့်မျှော်ကြရုံပေါ့။

နတ်သုဒ္ဓာမှာ မစင်တစက်ပါရုံနဲ့ နတ်သုဒ္ဓာပစ်ရသတဲ့။

ကိုကိုအောင်(ဆန်ဖရန်စစ္စကို) ဇန္န၀ါရီ ၄ ၂၀၁၂

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.