Tuesday, May 10, 2011

0 ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့်နှင့်ဂျာနယ်လစ်များ၏ လုံခြုံရေး(ပြည်သူ့ခေတ်ဂျာနယ်မှ)


ငြိမ်းဆက်လင်း(မြစ်မခ)

`ဂျာနယ်လစ်ဘ၀မှာ အရေးကြီးဆုံးက မိမိရဲ့လုံခြုံရေးပါပဲ၊ ဘယ်သတင်း ဘယ်သတင်းဓါတ်ပုံကမှ ကိုယ့်အသက်နဲ့ ဘ၀လောက်အရေးမကြီးဘူး`

၁၀ စုနှစ်တစ်ခု ကျော်ဖြတ်ပြီးမှ သိခဲ့ရသည်ကတော့ ကျွန်မ၏ လေ့လာအား အားနည်းခြင်းကြောင့်လည်း ဖြစ်မည် ထင်သည်။မေလ ၃ ရက်နေ့သည် ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့်ရှိသောနေ့ဖြစ်ကြောင်း သိခဲ့သည်မှာ သိတ်မကြာလှသေးပါ။ သတင်းသမားအဖြစ် အသက်မွေးဝမ်းကျောင်းပြုရင်း လုပ်သက်
ဘ၀နှင့် အသက်ကိုတောင် ပေးဆပ်ရင်းနှီးခဲ့သော သတင်းသမားတွေလည်း ရှိကြောင်း ထိုအခါကျမှ သိခဲ့ရပါသည်။ ကမ္ဘာလုံးဆိုင်ရာ သတင်းလွတ်လပ်ခွင့်နေ့အဖြစ် မေလ ၃ ရက်နေ့ကို သတ်မှတ်ထားကြောင်း သတင်းလွတ်လပ်ခွင့်နည်းပါးသော နိုင်ငံပေါင်းများစွာ ယနေ့ကမ္ဘာတွင် ရှိနေဆဲဖြစ်ကြောင်း သိခဲ့ရသည်က ၂၀၀၇ ခုနှစ် နှစ်ကုန်ခါနီးမှ ဖြစ်သည်။ သတင်းအတွက်
ဒီကနေ့ခေတ်ကမ္ဘာတွင် စစ်ပွဲသဘောသဘာဝ နည်းပါးသွားသော်လည်း အကြမ်းဖက်ခြင်းများ၊ အကြေမ်းဖက် တိုက်ခိုက်ခြင်းများရှိနေသည့်အတွက် ထိုအကြမ်းဖက်ခြင်းများအား လူသားတို့ ခါးသီးစွာ ရင်ဆိုင်နေကြရသည်။ ထိုထဲတွင် သတင်းထောက်များလည်း အပါအ၀င်ဖြစ်လာခဲ့သည်။ သတင်းထောက်တို့သည် မိမိတို့ပြည်သူအတွက်၊မိမိတို့ ပရိတ်သတ်များအတွက် သက်စွန့်ဆံဖျား ဆောင်ရွက်ကြရရင်း သေဆုံးနေသော သတင်းထောက်များမှာ နှစ်စဉ်တိုးလာခဲ့သည်။

၂၀၀၈ ခုနှစ်၊ အီရတ်တွင် သတင်းထောက် ၁၅ ဦးသေဆုံးခဲ့ရပြီး၊ပါကစ္စတန်တွင် သတင်းထောက် ၇ဦး၊ ဖိလစ်ပိုင်တွင်း သတင်းထောက် ၆ဦး၊ မက္ကဆီကိုတွင် သတင်းထောက် ၄ ဦးတို့ အသက်ပေးခဲ့ရပြီး သတင်းထောက်ပေါင်း ၆၇၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့၏ စစ်တမ်းထုတ်ပြန်ချက်အရ သိရှိခဲ့ရသည်။

အဆိုပါ စစ်တမ်းများအရ အီရတ်တွင်သေဆုံးခဲ့ရသော သတင်းထောက်များမှာအများဆုံးဖြစ်ကြောင်း တွေ့မြင်ရပြီး ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်ထိ အီရတ်နိုင်ငံတစ်ခုတည်းတွင် သေဆုံးခဲ့ရသော သတင်းထောက်ပေါင်း ၂၅၀ ကျော်ခန့်အထိ ရှိနေပြီး အများစုမှာ အကြမ်းဖက်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ဂျာနယ်လစ်များ ကာကွယ်ရေးကော်မတီ( Committee to Protect Journalists )မှ စစ်တမ်းအရ နှစ် ၂၀ အတွင်း ဂျာနယ်လစ်ပေါင်း ၈၆၁ ဦးသေဆုံးခဲ့ရပြီး၊ ထောင်နှင့်ချီသော ဂျာနယ်လစ်များ ဖမ်းဆီးခံခဲ့ရကြောင်း ၄င်းတို့၏ မှတ်တမ်းဖော်ပြချက်များ သိရှိရပါသည်။`ဂျာနယ်လစ်ဘ၀မှာ အရေးကြီးဆုံးက မိမိရဲ့လုံခြုံရေးပါပဲ၊ ဘယ်သတင်း ဘယ်သတင်းဓါတ်ပုံကမှ ကိုယ့်အသက်နဲ့ ဘ၀လောက်အရေးမကြီးဘူး`ဟု စီနီယာဂျာနယ်လစ်များ၊ အယ်ဒီတာများက သတင်းသွားယူကြမည့် သတင်းသမားများအား ဘယ်လောက်ပင် မှာကြားထားခဲ့ပါစေ။ သတင်းထောက်များအနေဖြင့် သတင်းရရှိနိုင်ရေးအတွက်၊ သတင်းဓါတ်ပုံရရှိရေးအတွက်ဆိုလျှင် ကိုယ့်ကိုယ်ကိုပင် မေ့လျော့ပြီး သတင်းယူတတ်ကြမြဲဖြစ်သည်။ ထို့ကြောင့်လည်း သတင်းထောက်တို့မှာ သတင်းယူရင်းနှင့်ပင် သေဆုံးခြင်း၊ ဖမ်းဆီးခံကြရခြင်းတို့ဖြင့် ကြုံတွေ့ခဲ့ကြခြင်းဖြစ်ပါသည်။

ပြီးခဲ့သော ဧပြီလ ၂၀ ရက်နေ့က လစ်ဗျားတွင် ဓါတ်ပုံဂျာနယ်လစ် တင်ဟီသာရင်တန်နှင့် ဆုရဓါတ်ပုံဆရာ ခရစ်ဟွန်ဒရိုတို့ သေဆုံးခဲ့ကြကြောင်း စိတ်မကောင်းဖွယ်ရာ၊နှမျောဖွယ်ရာ သိခဲ့ရသည်။

ဟီသာရင်တန်နှင့် ဟွန်ဒရိုတို့သည်လည်း စစ်မြေပြင်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး မည်သို့ သတင်းယူရမည်ကို သိရှိထားကြသော အတွေ့အကြုံရှိထားသူများဖြစ်သည်။ သို့သော်လည်း သတင်းထောက်များမှာ လက်နက်မရှိ၊ ကျဉ်ကာ အကျီာင်္မ၀တ်သော အကာကွယ်မဲ့သူများသာ ဖြစ်ကြပြီး သတင်းဖော်ထုတ်နိုင်တင်ပြနိုင်ရေးအတွက် အချိန်မရွေး အသက်စွန့်ရဲသူများလည်း ဖြစ်ကြောင်း သိရသည်။ လစ်ဗျားတွင် ထိုသတင်းသမားနှစ်ဦးအပြင် အယ်လ်ဂျာဇီးယားမှ ဓါတ်ပုံဆရာတစ်ဦးနှင့် လစ်ဗျားရုပ်သံ Al-HurraTV မှ သတင်းထောက်တဦး သေဆုံးခဲ့ကြောင်း CPJ၏ မှတ်တမ်းဖော်ပြချက်များအရသိရပါသည်။

ယနေ့ နိုင်ငံတကာတွင် သတင်းလုပ်ငန်းများ အား လုပ်ကိုင်ဆောင်ရွက်နေကြသော ဂျာနယ်လစ်များအား အမျိုးအစား ခွဲခြားသတ်မှတ်ကြည့်ပါက ၁၂ မျိုးနီးပါးခန့်ရှိကြောင်း တွေ့မြင်ရပါသည်။ အထွေထွေသတင်းထောက်(General)။ စီးပွားရေးသတင်းထောက်(Business and Eco)၊ နိုင်ငံရေးသတင်းထောက်(Politic)၊မှုခင်းသတင်းထောက်(Crime)၊အားကစားသတင်းထောက်(Sport)၊သိပ္ပံနည်းပညာနှင့်စက်မှုလက်မှုသတင်းထောက်(Hightech)၊အင်တာနက်သတင်းထောက်(Citizen)၊စစ်သတင်းထောက်(WarCorrespondent)၊အလွတ်တန်းသတင်းထောက်(Freelance)၊အစိုးရသတင်းထောက်(Sturff))၊အနုပညာရေးရာသတင်းထောက်(POP)နှင့်လူမှုရေးအဖွဲ့အစည်းများနှင့်သဘာဝကပ်ဘေးအန္တရာယ်ဆိုင်ရာသတင်းထောက်(Social )တို့ဖြစ်သည်။ ထိုဂျာနယ်လစ်များတွင် မည်သည့်အမျိုးအစားကတော့ အန္တရာယ်အကင်းဆုံး ဖြစ်သည်ဟု တစ်ထစ်ချ ယူဆလို့မရနိုင်ကြောင်းလည်း တွေ့မြင်ရသည်။ အခြေအနေ၊ အချိန်အခါနှင့် မိမိလိုက်နေသော သတင်းပေါ်တွင် မူတည်ပြီး ဂျာနယ်လစ်များ အန္တရာယ်ရှိနေကြခြင်းဖြစ်သည်။

ကမ္ဘာကြီးအတွက် လူသားများအတွက် အမှန်တရားအတွက် ဖော်ထုတ်လုပ်ကိုင်နေကြသော ဂျာနယ်လစ်များအဖို့ မသမာသူများ၊ အမှန်တရားကို ဖုံးကွယ်လိုသူများ၊ အကြမ်းဖက်လိုသူများ၏ ရန်သူ၊ပစ်မှတ်များ ဖြစ်နေဦးမှာပဲ ဖြစ်သည်။ ထို့ကြောင့်လဲ ဂျာနယ်လစ်များအပေါ်တွင် တိုက်ခိုက်မှုများ၊ ဖမ်းဆီးခြင်းများ၊ လက်သည်မပေါ်ပဲ သတ်ခြင်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခုနှစ်အတွက် အခြား စိတ်မကောင်းစရာ သတင်းတစ်ခုမှာ Freedom Hourse မှာ ထုတ်ပြန်လိုက်သော စစ်တမ်း၏ အဖြေရလဒ်ပင် ဖြစ်သည်။

ကမ္ဘာ့မီဒီယာညွှန်းကိန်းတွင် နိုင်ငံနှင့် နယ်နမိတ်ပေါင်း ၁၉၆ ခုပါရှိပြီး ထိုထဲမှ နိုင်ငံပေါင်း ၆၀ ကျော်ခန့်ကသာ လွတ်လပ်သော မီဒီယာများရှိနေသည်ဟု ဖော်ပြပါရှိခဲ့သည်။ အီဂျစ်၊ ဟွန်ဒူးရပ်စ်၊ ဟန်ဂေရီ၊မက္ကဆီကို၊ တောင်ကိုရီးယား၊ထိုင်း ၊ယူကရိန်းစသည့်နိုင်ငံများတွင် မီဒီယာလွတ်လပ်ခွင့်မှာ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။ ထို့ပြင် နိုင်ငံအချို့မှာ ဆက်သွယ်ရေးမီဒီယာ အသစ်ဖြစ်ကြသော ဂြိုလ်တု စလောင်း၊ အင်တာနက်၊ တယ်လီဖုန်းစသည့် များကို ထိန်းချုပ်နေကြောင်း ပါရှိခဲ့သည်ကို တွေ့မြင်ရသည်။

ကမ္ဘာနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး၊ လူသားချင်း စာနာထောက်ထားရေးစသည်တို့ကို အခြေခံပြီး လုပ်ဆောင်ကြသူများသာ ဖြစ်သည်။ သတင်းလုပ်ငန်း၊ သတင်းအချက်အလက်ပေးခြင်းလုပ်ငန်းတို့မှာ လူသားတို့ အမြင်အကြားတို့အား သိသာကျယ်ပြန့်စေရန် ဆောင်ရွက်ပေးရသော လုပ်ငန်းမျိုးဖြစ်ပြီး။ ဂျာနယ်လစ်များသည်ကလည်း

ထိုလုပ်ငန်းများအားပိတ်ပင် တားဆီးခြင်းဆိုသည်မှာ လူသားအခွင့်အရေးကို ချိုးဖောက်ရုံသာမက လူသားရန်သူ၊ ကမ္ဘာ့ရန်သူအဖြစ်ပင် သတ်မှတ်လိုက်သင့်ကြောင်း ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်ရှိသော နိုင်ငံများနှင့် ဂျာနယ်လစ်များကလည်း ဝေဖန်ထောက်ပြလျက်ရှိကြောင်း သိရှိရသည်။

Ref: Freedom House,CNN,Internet,AFP,Reuters.

0 ပြည်သူ့ ခရီးကြမ်း


ပြည်သူ့ ခရီးကြမ်း

သံတိုင်အထပ်ထပ်
သော့ နဲ့ ခတ်လည်း
မင်းခွန်မင်းအား
စိတ်ဓာတ်များက
သွေးတို့ ရဲနီ
တာဝန်ကြေခဲ့ ပြီ......။

ယုတ်ရင်းကြမ်းတမ်း
အာဏာရှင်ရဲ့ 
ငရဲခန်းမှာ
နှိပ်စက်ညှဉ်းပမ်း
ပြည်သူတွေအတွက်
ခရီးလည်းပမ်းခဲ့ ပြီ....။

မင်းရဲ့ စိတ်ဓာတ်
ဆုံးဖြတ်ချက်က
နိုင်ငံအရေး
ကိုယ်အရေးလို
အနစ်နာခံ
ဇွဲသန်သန်နဲ့ 
ပြည်သူထဲကတစ်ယောက်
ရဲရဲတောက်တောက်ခဲ့ ပြီ....။

မင်းရဲ့ တိုက်ပွဲ
မပြီးသေးလည်း
မျက်နှာအဟောင်း
အသစ်တစ်ယောက်
ပြောင်းခဲ့ ပြီ.....။

အာဏာရှင်
တစ်ယောက်ပြီးတစ်ယောက် ရဲ့ လက်ထဲ
တိုင်းပြည်လည်းမွဲခဲ့ ပြီ.....။

တို့ ရဲတိုက်ပွဲ
ရှေ့ ဆက်နွဲရန်
မင်းရဲ့ ဆန္ဒ
ထက်တူကြအောင်
တို့ ကြိုးစားနေတယ် သူငယ်ချင်း....။


ကိုမိုးဟိန်း (နိုင်ငံရေး တက်ကြွလှုပ်ရှား သူ လူငယ်တစ်ဦး )

-နိုင်ငံရေးအကျဉ်းသား တစ်ဦးဖြစ်သူ ကိုကြည်ဖြူအတွက် ဂုဏ်ပြုကဗျာ ။

ပေးပို့သူ....KHIT NAY

0 ချက်ခြင်းလွှတ်

0 Suu Kyi urges Burmese to be brave

09-05-2011

audio Aung San Suu Kyi
The leader of Burma's democracy movement, Aung San Suu Kyi, says while her country has the basic makings of democracy, its citizens must cast aside fears of political persecution to take the initiative. Speaking to RTHK in Rangoon, half a year after being released from house arrest, Ms Suu Kyi insisted that her country is nonetheless ready for full democracy.

0 ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း

w63211

Flicker ဓာတ်ပုံဝက်ဘ်ဆိုက်တွင် လူကြည့်အများဆုံး ဖြစ်ခဲ့သော ဤဓာတ်ပုံသည် သမိုင်းဝင်သွားခဲ့ပြီ ဖြစ်သည်။ စစ်ဆင်ရေးကို တိုက်ရိုက် ကြည့်ရှုနေကြသော အမေရိကန်သမ္မတနှင့် တာဝန်ရှိသူများ၏ ဓာတ်ပုံသည် လူမျိုးရေးအခန်းကဏ္ဍ၊ အမျိုး သမီးများ၏ အခန်းကဏ္ဍနှင့် အမေရိကန်သမ္မတ ဆိုသော ပြယုဂ်တို့နှင့် ပတ်သက်သော နိုင်ငံ၏ သဘောထား ၂၁ ရာစုတွင် မည်သို့ ရှိနေပြီကို ဖော်ပြသည်ဟု သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသိပ္ပံပညာရှင်များက သုံးသပ်သည်။

လူမည်းတစ်ယောက်က ကာကွယ်စောင့်ရှောက်သူ အကြီးအမှူး ဖြစ်လာခြင်း
အမေရိကန်သမိုင်းတွင် တစ်ခေတ်တစ်ခါက လူမည်းတို့သည် ဒေါသကြီးသော ပြဿနာတို့ကို ဖန်တီးသော အကြမ်းဖက်မှုတို့ကို ဖြစ်စေသော သူများအဖြစ် သရုပ်ဖော် ခံခဲ့ရသည်။ ယခု Situation Room အတွင်းမှပုံတွင်မူ လူမည်းတစ်ဦးသည် နိုင်ငံကို ကာကွယ်စောင့်ရှောက်သူ အကြီးအမှူးအဖြစ် ရှိနေသည်ဟု ခံစားမိစေပြီး လူဖြူအမေရိကန်တို့၏ လူမည်းတို့အပေါ် ထားရှိသည့် သဘောထားကိုပါ အကောင်းဘက်သို့ ပိုရောက်လာစေခဲ့သည်ဟု သုံးသပ်ကြသည်။

အာဏာ၏ဗဟိုချက်မှ အမျိုးသမီး
အမြင့်ဆုံးအာဏာ ရှိကြသော စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင် အမျိုးသားများ အလယ်တွင် ထီးထီးကြီး ရှိနေသော ဟီလာရီသည် အနောက်ကမ္ဘာတွင် အမျိုးသမီးတို့၏ အခန်းကဏ္ဍကို ဖော်ပြနေသည်။ ယင်းပုံကို နော်မန်ဒီ ကမ်းတပ်တိုက်ပွဲ အောင်ပွဲပုံ (သို့မဟုတ်) အီဝိုဂျီးမား ကမ်းတက်တိုက်ပွဲ အောင်ပွဲပုံတို့နှင့် နှိုင်းယှဉ်နိုင်သည်။ အမေရိက၏ စစ်ဘက် အောင်ပွဲပုံများတွင် အမျိုးသမီးတို့၏ပုံ မပါရှိခဲ့။ သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ကျူးဘား ဒုံးပျံအရေးအခင်းကာလ ဓာတ်ပုံတွင်လည်း အိမ်ဖြူတော်တွင် ယူနီဖောင်းဝတ်များနှင့် မေးရိုးကားကား အမျိုးသားများ ၀န်းရံနေပုံကိုသာ တွေ့ခဲ့ရသည်။

ယခုပုံတွင် မူဟီလာရီနှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေးညွှန်မှူး အော်ဒရေတိုမာဆင်ကိုပါ မြင်တွေ့ရပြီး အမျိုးသမီးနှစ်ဦးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာပြီ ဆိုခြင်းကို ဖော်ပြနိုင်ခဲ့သည်။

သမ္မတ၏ ဂုဏ်မာန်ကြီးဟန်
အမေရိကန်သမ္မတ အစဉ်အဆက်သည် ကိုယ့်ပုံစံနှင့်ကိုယ် မိမိတို့၏ ဂုဏ်မာန်ကြီးဟန်ကို ဖန်တီးလေ့ရှိသည်။ သီအိုဒိုရုစဗဲ့လ်က အမဲလိုက်ထွက်သည့်ဟန်ကို ယူသည်။ရော်နယ်ရေဂင်က ကောင်းဘွိုင်ဦးထုပ်နှင့် စတိုင်ရှိသလို ဂျော့ဒဗလျူဘုရှ်က လည်း လေယာဉ်တင် သင်္ဘောပေါ် သွားသောအခါ လေယာဉ်မှူးဝတ်စုံနှင့် ဖြစ်သည်။ သမ္မတတို့၏ ဂုဏ်မာန်သည် လူပုံအလယ်တွင် ထင်ရှားစေလေ့ ရှိသည်။ ဖရန်ကလင်ရုစဗဲ့လ်တွင် ပိုလီယိုရှိသလို ကနေဒီသည်လည်း နှစ်နာရီထက် ပိုမရပ်နိုင်။ သို့ပေမဲ့ သမ္မတတို့သည် ဂုဏ်မာန်ပျောက်နေသောပုံကို ထုတ်ပြန်ပေးလေ့ မရှိခဲ့ကြ။ ယခုပုံတွင်မူ အိုဘားမားကို မသိသူသည် သမ္မတဟုပင် ထင်စရာ မရှိ။ အမြင့်ဆုံးခုံတွင် ထိုင်မနေသလို၊ ဗဟိုချက်တွင် ရှိမနေ။ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် ခေါင်းဆောင်မှု အတွက် မည်သည့်နေရာတွင် ရပ်နေ၊ ထိုင်နေသည်က အရေးမကြီးတော့သည် ဆိုခြင်းကိုလည်း ဖော်ပြနေသည်။

source..http://news-eleven.com/

0 မာယာသာထေယျ လောက်ကောင်များသို့ မေတ္တာစာ (ဆောင်းပါးရှင် မောင်ကိုဦး)

laud kg

Sunday, May 8, 2011

0 ကျွန်ူပ်တို့၏ တာဝန် ၀တ္တရား


မရှိတာထက် ၊ မသိတာ ပိုခက်၏ ၊

မသိတာထက် မသိချင်တာ ပိုခက်၏ ၊


မသိချင်တာထက် သိချင်ယောင် ဆောင်တာက ပိုခက်၏ ဆိုတဲ့ စကားလေးကို အမြဲကြားနေရ ပေမယ့် တခါမှ သေချာ မစဉ်းစားမိခဲ့ဘူး ။

မြေပေါ်မြေအောက် သဘာဝ သယံဇာတ အရင်းအမြစ်တွေ ပေါများစွာ ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်ကြီးက ပြည်သူလူထု ပိုမို ဆင်းရဲကြပ်တည်းကာ ဒုက္ခရောက်နေရတာလည်း ဆိုတဲ့ မေးခွန်း ကို ဖြေရရင် သိချင်ယောင် ဆောင်ကာ နေရာတကာ လူတတ်ကြီး လုပ်ချင်နေကြသည့် ကိုယ်ချင်းစာ တရားခေါင်းပါးသည့် လူများ၏ နှစ်ပေါင်းများစွာ အုပ်ချုပ်စိုးမိုး ချယ်လှယ် မှု ကြောင့်ပင် ဖြစ်လိမ့်မည် ဟု ထင်မိပါသည် ။ ကိုယ်တိုင်က အသိဥာဏ် ပညာအားနည်း သည့် အပြင် ပညာမဲ့သော နောက်လိုက်များ၏ မြှောက်ပေးမှုကို အဟုတ်မှတ်ကာ စိတ်ထင် သမျှ လျှောက်ရမ်းကာ အာဏာတည်မြဲရေးမှ တပါး အခြား အရာမှန်သမျှကို လေးနက်စွာ မစဉ်းစားခဲ့ကြ၍ ကျနော်တို့ တိုင်းပြည်ကြီး အခုလို ပုံပျက်ပန်းပျက် ဖြစ်ခဲ့ရပါသည် ဆိုခဲ့လျှင် မှားမည် မထင်ပါ ။

ကိုယ်တိုင်က မသိနားမလည်ခဲရင်တောင် စိတ်ကောင်း စေတနာများဖြင့် တိုင်းပြည်အား တိုးတက် ထွန်းကာစေလိုပါ က တတ်ကျွမ်း နားလည်သူများ နှင့် ညှိနှိုင်း တိုင်ပင်ကာ ဆောင်ရွှက်နိုင်ပါလျှက် နားလည်ချင်ယောင် ဆောင်ကာ နေရာတကာ ၀င်ရောက် စွက်ဖက်လုပ်ဆောင်မှုများ ကြောင့် ပညာရှင်တော်တော်များများသည် သူတို့ နှင့် ဆက်ဆံရမှာ ၀န်လေးလာကြသည် ။ အမှန်ကို လမ်းညွှန်ပြနေသူ ပညာရှင်များရဲ့ ဝေဖန်သံများကို နားခါးလှ၍ လူမိုက်များ၏ မြှောက်ထိုးပင့်ကော် မုသားစကားများကို သာ အစဉ်ကြားလိုရာက အစပြု၍ ပညာရှင်များကို နေရာ ဖယ်ရှားရန် ကြိုးစားကြသည် ။ ထိုအရာကို သိထားသည့် ပညာရှင်တော်တော်များများသည် ဥပက္ခာ စိတ်ထားကာ သူတို့နှင့် ဝေးရာကို ထွက်ခွါရန်သာ အစဉ် အမြဲ ကြိုးစားကြလေသည် ။ တတ်ကျွမ်းနားလည်သော ပညာရှင်များ အစား ပညာမဲ့များကို နေရာပေးရာ က စလို့ မြန်မာနိုင်ငံ ပညာရေး စနစ်ကြီး အလုံးစုံနီးပါး ပျက်သုဉ်းတော့မည့် အနေအထားကို တစတစ နီးကပ်လာသလို ပညာမသင်ကြားနိုင်သည့် ကလေးတွေ ပိုမိုတိုးပွားလေသည်ကို ၀မ်းနည်းဖွယ်ရာ တွေ့ရှိနေရတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါဘူး ။

အုပ်ချုပ်ရေး အာဏာကို ရယူထားကာ တိုင်းပြည် ဘဏ္ဍကို စီမံခန့်ခွဲနေသည့် လူအများက လှစ်လျူ ရှုထားမှု ကြောင့် နေရာတကာ ကိုယ်ထူကိုယ်ထ နှင့် ရုန်းကန်နေရသော ပြည်သူ အများတွင် ထိုးတက်လာသော ကုန်ဈေးနှုန်း နှင့် ကျဆင်းလာသည့် ၀င်ငွေများကြောင့် တဖြည်းဖြည်းနှင့် သူများကို ထူနိုင်ဖို့ အသာထား ကိုယ့်ဟာကိုယ်ရပ်တည်နိုင်ဖို့ ပိုမို ခက်ခဲလာသည် ။ အထူးသဖြင့် ပညာရေး ကိစ္စတွင် ဆင်းရဲနွမ်းပါးသော မိသားစုများရဲ့ ရင်သွေးငယ်များသည် မူလတန်း ပညာကိုပင် သင်ကြားရန် အခက်အခဲ ရှိလာကြသည် ။ တိုင်းပြည် တပြည်တွင် ပညာရေး မဏ္ဍိုင် ပြိုလဲလျှင် ထိုတိုင်းပြည်ကြီး တိုးတက်ဖို့ အသာထား လက်ရှိ အနေအထားကို ထိန်းသိမ်း နိုင်ရန်ပင် အတော်ကြိုးစားရသည်ကို သိထားသည့် လူအများသည် ကိုယ့်တိုင်းပြည်မှ လူငယ်လူရွယ်များ ပညာဆက်လက် သင်ကြားနိုင်ရေး အတွက် မိဘမဲ့ ကလေးကျောင်းများ ၊ ဘုန်းတော်ကြီးသင် စာသင်ကြောင်းများ ၊ အခမဲ့ ပညာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးကို အစွမ်းကုန် အားထုတ် ကြိုးပမ်းလာကြသည် ။

ကိုယ်တိုင်ကလည်း မကူညီချင် ၊ ကူညီသူများရဲ့ လုပ်ဆောင်ချက်ကိုလည်း လိုက်လံနှောက်ယှက်တတ်သည့် စစ်အာဏာရှင် လူတစ်စု နှင့် ကိုယ်ကျိုးရှာလိုသူ နောက်လိုက်များသည် သေးသိမ်သည့် စိတ်ထားများဖြင့် ဖျက်လို ဖျက်စီးပြုချင်ကြကာ ပိတ်ပင် တားဆီးမှု များ ပြုလာကြပြန်သည် ။ ထို့နောက် တဆင့်တက်၍ ထိုကဲ့သို့ ပြည်သူလူထု အကျိုးပြု လူမှုရေး လုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီး အပြစ်ပေး အရေးယူသည် အထိ ပိုမို သောင်းကျန်းလာကြပြန်သည် ။ သူတို့တတွေရဲ့ နှလုံးသားမှာ ကိုယ်ချင်းစာ တရားက ပျောက်ဆုံးနေ၍ ယုတ်မာ ရိုင်းစိုင်းသည့် လုပ်ဆောင်ချက်များကို ပြည်သူလူထုက မတော်လှန်ဘဲ ခေါင်းငုံသီးခံ နေလိုက်သည့် အခါ သူတို့၏ ညံ့ဖျင်းလှသော အသိဥာဏ်က သူတို့ လုပ်သမျှ အမှန်ပါလို့ တွေးထင်ကာ ပိုမို ယုတ်မာသည့် လုပ်ဆောင်မှုများ ဆက်လက် လုပ်ဆောင်နေကြကာ မိုက်လုံးကြီးနေကြဆဲ ပင် ဖြစ်လေသည် ။

ကျနော် သတိထားမိသလောက် ပြောရရင် လက်ရှိအစိုးရရဲ့ မူဝါဒမှိုင်းများ နှင့် ပညာရေး မဏ္ဍိုင်တွင် အားနည်းမှု များကြောင့် မြန်မာနိုင်ငံက လူတော်တော်များများဟာ အမှန်နဲ့ အမှားကို ဝေဖန် ပိုင်းခြားနိုင်မှု နည်းပါးလာက လက်ရှိ အစိုးရ လုပ်ဆောင်ချက်များကို မသိစိတ်က ထောက်ခံ နေသလို ဖြစ်နေပါတယ် ။ သူတို့ ဇွတ်အတင်း သွတ်သွင်းနေသည့် ပုံစံခွက်ထဲတွင် အသားကျကာ တစတစ်နှင့် သူတိုကို ထောက်ခံအားပေးသူများ ပိုမို များပြားလာပါတယ် ။ ဒီပုံ အတိုင်းသာ ရှေ့ဆက်သွားရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ အနေအထားကို ဦးတည်သွားနေပြီလို့ ကျနော် ခံစားမိပါတယ် ။

နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ ပညာရေး အစရှိသည်တို့သည် တခုနှင့် တခု အမြဲဆက်စပ်နေလို့ ပြည်သူလူထု ကောင်းကျိုးချမ်းသာ ရရှိစေရေး အတွက် လုပ်ဆောင်နေသူမှန်သမျှကို မိတ်ဆွေရင်းချာ သဖွယ် သဘောထားပြီး ကိုယ့်တိုင်းပြည် အရေးမှာ တတ်နိုင်သလောက်လေး ပါဝင်ဆောင်ရွှက်ဖို့ ကျနော် အမြဲတမ်း ကြိုးစားခဲ့ပါတယ် ။ Facebook သုံးစွဲရခြင်းရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာတလွှားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အလွယ်တကူ တွေ့ဆုံခွင့်ရလို့ တိုင်းပြည် အရေးလည်း မကြာခဏ ဆွေးနွေးဘူးပါတယ် ။ တချို့ကတော့ ကိုယ့်ရောက်နေတဲ့ နေရာနဲ့ လက်ရှိ မြန်မာနိုင်ငံ အနေအထားကို နှိုင်းယှဉ်ပြီး တော်တော်လေးကို ခံစားကြရလို့ နိုင်ရာ တာဝန် ထမ်းရွက်ချင်ကြသလို ၊ တချို့ကလည်း ကိုယ့်အိမ်ကို မေ့ထားပြီး သူတပါးအိမ်မှာ ဧည့်သည် လုပ်ရတာ တော်တော်လေးကို ပျော်နေကြတာ တွေ့ရပြန်တယ် ။

လူအမျိုးမျိုး စိတ်အထွေထွေနဲ့ မတူညီတဲ့ ပါတ်ဝန်းကျင် မှာ ရှင်သန်ကြီးပြင်းလာကြခြင်းရဲ့ အကျိုးဆက်များနဲ့ ကိုယ်ပိုင် အယူအဆ ပေါ်မှာ အခြေခံထားတဲ့ ရှုထောင့်တွေကြောင့် အမြင်တွေ အမျိုးမျိုး ကွဲလွဲကြပေမယ့် တိုင်းပြည်ကို ချစ်တဲ့ စိတ်ထားလေးတွေကိုတော့ မပျောက်ဆုံးစေချင်တာ အမှန်ပါ ။ဘယ်နေရာကို ရောက်ရောက် ငါဟာ မြန်မာလူမျိုး ဆိုတာလေးကိုမမေ့စေချင်ပါဘူး ။

ကျနော်အနေနဲ့ကတော့ လက်ရှိကိုယ်ရောက်နေတဲ့နေရာက လူအများက လူတန်းစေ့ နေနိုင်တာကို တကယ်အားကျပြီး ကိုယ့်နိုင်ငံသားတွေကို အဲဒီလို ဖြစ်စေချင်တဲ့ စေတနာနဲ့ အမြဲ ကြိုးစားပေးနေတာပါ ။ မြန်မာပြည်မှာ တုန်းက သေချာ မသိခဲ့ရတဲ့ လူ့အခွင့်အရေး ဆိုတာ တိုင်းတပါးရောက်မှ သေချာ နားလည် သဘောပေါက်လာလို့ အခွင့်အရေး မှန်သမျှ ဆုံးရှုံးနေတဲ့ ကျနော်တို့ နိုင်ငံသားတွေ အတွက် တကယ့်ကို ရင်နာလို့ မဆုံးပါဘူး ။ ဒါကြောင့် ကိုယ်တတ်နိုင်တဲ့ ဘက်က ပေးဆပ်နိုင်တာလေးတွေကို အမြဲပေးဆပ်နိုင်အောင် ကြိုးစား လုပ်ဆောင်နေတာပါ ။

ပေးဆပ်တယ် ဆိုတဲ့ စကားဟာ တကယ်တော့ ကျနော်လက်ရှိလုပ်နေတဲ့ အလုပ်လေးတွေ အတွက် သုံးစွဲဖို့တောင် ထိုက်တန်တယ်လို့ မယူဆပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးလေပြီးသော သူရဲကောင်းမျာ ၊ အကျဉ်းထောင်ထဲမှ နှစ်ပေါင်းများစွာ ဒုက္ခခံစားနေရသူတွေ ၊ မလွတ်လပ်တဲ့ နိုင်ငံကြီးမှာ လူအများ လွတ်လပ်စေအောင် တိုက်ပွဲဝင်နေကြဆဲ ပြည်တွင်းက ဒီမိုကရေစီ သူရဲကောင်းတွေ ကျခဲ့ရတဲ့ ချွေးတစက်စာတောင် မရှိတဲ့ ကျနော့်ရဲ့ လုပ်ရပ်များ အတွက်လည်း ကိုယ့်ကိုကိုယ် မချင့်မရဲ ဖြစ်မိတာ အမှန်ပါ .။ ဘာဘဲဖြစ်ဖြစ် ဘာမှ မလုပ်တာထက် စာရင်တော့ တခုခု လုပ်နေတာ ပိုပြီး အကျိုးရှိတယ်လို့ ခံယူထားလို့ ဆက်လက် လုပ်ရှား လုပ်ဆောင် သွားမှာပါ ။

နိုင်ငံရေးနဲ့ ပက်သက်လို့ နိုင်ငံတော်သီချင်းတောင် လွတ်လပ်စွာ ရွတ်ဆိုခွင့်မရတဲ့ တိုင်းပြည် ကြီးမှာ ထောင်နူတ်ခမ်းကို လှမ်းပြီး နမ်းနေရတာကို သိနေပေမယ့် တိုင်းပြည်အကျိုးစီးပွားအတွက် အမြဲကြိုးစားဆောင်ရွက်နေသူတွေ ရှိနေသေးတယ် ဆိုတာ ဒီနေ့ အမျိုးသားဒီမိုကေ၇စီ အဖွဲ့ချုပ် က သက်သေခံထားနေပါတယ် ။ အမေစုရဲ့ ဦးဆောင်မှု နဲ့ ဆုံးဖြတ်ချက်ကို ပျော့ပြောင်းနေတယ်လို့

ထင်ထားပြီး အမျိုးမျိုး ဝေဖန်နေတဲ့ လူအများကို တခုလောက်မေးပါရစေ….. ။

ကိုယ်တိုင် ဦးဆောာင်နိုင်ရင် ဦးဆောင်လုပ်ကိုင်ပါ ။ ကိုယ်တိုင်လည်း ဦးမဆောင်နိုင် သူတပါးက ဦးဆောင်နေတာကိုလည်း အပြုသဘောမဆောင်ဘဲ အမြဲတမ်း လွယ်အိတ်လို ကန့်လန့်တိုက်နေသမျှတော့စည်းလုံးညီညွတ်ရေး ဆိုတာ ဖြစ်လာဖို့ အင်မတန်မှ ခဲယဉ်းတာကို သိထားပြီးသားပါ ။ ပြင်းထန်တဲ့ စိတ်ထားများနဲ့ ရဲရဲတောက် ဆောင်ရွက်ချင်တဲ့ စိတ်ထား အမှန်သာ ရှိခဲ့ရင် ခင်ဗျာတို့လည်း အခုချိန် ထောင်နန်းစံရတာ ကြာပါပြီ ။ လူထုနဲ့ NLD ပါတီကြားမှာ နားလည်မှုတွေ ကွဲပြားအောင် လုပ်ဆောင်နေတာတွေကို ရပ်တန်းက ရပ်ဖို့ လေးစားစွာ မေတ္တာရပ်ခံပါတယ် ။

နိုင်ငံရေး ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှုရေး တခုခုနဲ့ တခု ဆက်နွယ်နေတာကို ဖြတ်တောက်ပြီး တဖက်တည်းမှာ ကျောက်ချပြီး လုပ်ဆောင်လို့ ကတော့ ဘယ်သောအခါမှ အောင်မြင်မှု အစစ်မှန်ကိုရရှိမှာ မဟုတ်ဘူးဆိုတာကို သိထားလို့ တိုင်းပြည် အကျိုးစီးပွားကို အစဉ် ရှေးရှုတဲ့ လူအများက စဉ်းစားပြီး လုပ်ဆောင်နေတာကို မိုက်မဲတဲ့ အသိဥာဏ်နဲ့ လူတချို့က ဝေဖန်နေကြတာ တကယ်တော့ မခံချင်စရာ သိပ်ကို ကောင်းလှပါတယ် ။ ဘယ်အရာကိုဘဲ လုပ်လုပ် လူထုအကျိုးစီးပွား ကို စဉ်းစားပြီး လုပ်ဆောင်နေသူမှန်သမျှကို မိတ်ဆွေ အရင်းအချာ သဖွယ် သဘောထားပြီး ရင်းနှီးစွာ ဆက်ဆံကြရင် ပြတ်တောက်နေတဲ့ ကွင်းဆက်လေးတွေ ပြန်လည် ချိတ်ဆက်မိကာ ဘယ်သူဖြတ်လို့မှ မပြတ်နိုင်တဲ့ အားကောင်းတဲ့ လူထုစည်းလုံးညီညွတ်ရေး ဆိုတာ မကြာခင် ပြန်လည်တွေ့မြင်ရမယ် ဆိုတာ ကျနော် စွဲမြဲစွာ ယုံကြည်ထားပါတယ် ။

မိတ်ဆွေ တို့ အနေဖြင့်လည်း နိုင်ငံရေးမှာ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်ဖို့ အင်အား မရှိကြရင်

လူမှုရေးနဲ့ ပညာရေး ဘက်မှာတော့ အထူးကြိုးစားပြီး အားစိုက်စေချင်ပါတယ် ။ တိုင်းပြည်တပြည်ရဲ့ ပျက်စီးနေတဲ့ ပညာရေး စနစ် အဆင့်အတန်း ပြန်လည် မြင့်မားဖို့ အတွက် အားလုံး ကြိုးစားလုပ်ဆောင်ပါမှ အမြန်ဆုံး ထိရောက် အောင်မြင်လာမှာပါ ။ လူသေလို့တောင် ဈာပန အခမ်းအနား လုပ်စရာ မရှိတဲ့ လူအများ အတွက် နာရေး ကူညီမှု အသင်းက ကူညီဆောင်ရွက်ပေးနေသလို ပညာရေး စရိတ် မတတ်နိုင်လို့ ကျောင်းမနေနိုင်တဲ့ကလေးငယ်တွေ အတွက်လည်း ညီဆောင်ရွက်ပေးနိုင်မယ့် တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းတခု လိုအပ်နေတာ အမှန်ပါဘဲ ။

မြန်မာနိုင်ငံမှာ တောင့်တင်းခိုင်မာတဲ့ ပညာရေး အဖွဲ့အစည်း တရပ် ဖြစ်ထွန်း ပေါ်လာခြင်း မရှိသေးသမျှ စာသင်ကျောင်းကို ကျောခိုင်းပြီး ဘ၀ ရပ်တည်ရေး အတွက် ရရာ အလုပ်ကို ၀င်ရောက် လုပ်ကိုင်နေရတဲ့ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေ ပိုမို များပြားလာအုံးမှာ အသေအချာပါဘဲ ဆိုတာ လက်ရှိ ပြင်ပကမ္ဘာက အဖြစ်အပျက်များက သက်သေခံထားနေလို့လေးနက်စွာ စဉ်းစားစေလိုပါတယ် ။

ပညာမတတ်တဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်မှာ ခိုင်မာတဲ့ ဘ၀ ရပ်တည်ချက် ဆိုတာ ရှိဖို့ သိပ်ကိုခဲယဉ်းသွားမှာပါဘဲ ။ ပညာ အခြေခံ အားနည်းတော့ စဉ်းစားတွေးခေါ်မှုပိုင်းမှာ နိမ့်ကျနေတဲ့ ကလေးငယ်တွေ အရွယ်ရောက်လာခဲ့ရင် သူတို့ဘ၀ တိုးတက်ကြီးပွားဖို့ အတွက်ဆို ရာဇ၀တ်မှုတွေကို လုပ်ကိုင်ရတာလည်း မှန်တယ်လို့ ယူဆချင်ယူဆနိုင်တယ် ။ သူတို့ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ နှိပ်စက်မှုဒဏ်ကြောင့် နာကြည်းမှုတွေ ဖုံးလွှမ်းနေတဲ့ သူတို့ရဲ့ စိတ်ဓါတ်အခံကြောင့်

လောကကြီးကို အရွဲ့တိုက်ပြီး မိုက်မဲ ဖို့ အတွက်လည်း ၀န်လေးကြမှာ မဟုတ်ပါဘူး ။ ဒီလို အကျိုးဆက်များကြောင့် လှပသာယာတဲ့ လူ့ဘောင်တခု ပျောက်ဆုံးကာ ရာဇ၀တ်မှုတွေ ဖုံးလွှမ်းနေတဲ့ တိုင်းပြည် အဖြစ်က လွတ်မြောက်အောင် အတွက် ပညာမသင်ကြားတဲ့ ကလေးငယ်များရဲ့ အနာဂတ် အတွက် လုပ်ပေးနိုင်တာလေးတွေ လုပ်ပေးကြ တာဟာ ကျွန်ူပ်တို့ရဲ့ တာဝန်ဝတ္တရားလို့ သဘောထား ကာ ကြိုးစားဆောင်ရွက် ကြဖို့ လေးစားစွာ မေတ္တာရပ်ခံ အကြံပြု တင်ပြချင်ပါတယ် ခင်ဗျာ ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

0 အမေရိကန် အစိုးရက အိုစမာဘင်လာဒင် ၏ အသံဖိုင်မပါသော ရုပ်ပုံလှုပ်ရှားမှုပါဗီဒီယိုအသစ်ထုတ်လွှင့်


Video..CNN

0 The Voice Journal Vol7.No21

The Voice 7-21

0 ဒေါ်ရှု (သို့မဟုတ်) နိုင်ငံရေးအကျဉ်းသားများကို စောင့်ရှောက်သူ

မြန်မာပြည် အကျဉ်းထောင်တွေထဲမှာ စစ်အာဏာပိုင်များက ၁၉၈၈ နောက်ပိုင်း အဆက်မပြတ် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း နှစ်ထောင်ကျော် ရှိနေတယ်ဆိုတာ လူတိုင်းသိတဲ့ အချက်တခုပါ။ မြန်မာစစ်အာဏာပိုင်တွေရဲ့ အကျဉ်းထောင်ဆိုတာကလဲ နေရထိုင်ရတာကအစ တကိုယ်ရေသန့်ရှင်းမှု၊ အစားအသောက်တို့အထိ အစစခက်ခဲပင်ပန်းလှတဲ့ အခြေအနေတွေနဲ့ပါ။ အထူးသဖြင့်တော့ မိမိတိုဒေသ ရပ်ရွာနဲ့ ဝေးလံတဲ့ အကျဉ်းထောင်တွေကို အာဏာပိုင်များက အစီအစဉ်ရှိရှိ ပို့ဆောင်ထားတာက ပိုမို ခက်ခဲစေပါတယ်။

ဒီအခက်အခဲများကို တတ်နိုင်သမျှ လက်လှမ်းမီသမျှ လိုက်ပါဆောင်ရွက် စောင့်ရှောက်နေသူ တဦးကတော့ ဒေါ်ရှု (ခေါ်) ဒေါ်ရှုသင်း ဖြစ်ပါတယ်။

ဒေါ်ရှုဟာ အသက် (၆၁) နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် စည်းရုံးရေးမှူး တဦးလည်း ဖြစ်ပါတယ်။ သူမဟာ အကျဉ်းသားစောင်ရှောက်ရေး လုပ်ငန်းကို ရွှေဝါရောင်တော်လှန်ရေးအပြီးမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အကျဉ်းသားပေါင်း တရာဝန်းကျင်ကို စောင့်ရှောက်နေဆဲ ဖြစ်ပါတယ်။

ရွှေဝါရောင်တော်လှန်ရေးကာလ ငွေကြာရံကျောင်းတိုက်၊ မဂ္ဂင်ကျောင်းတိုက်၊ နန်းဦးကျောင်းတိုက်၊ ပုဇွန်တောင် ရွှေတောင်ကျောင်းတိုက် စတဲ့ကျောင်းတိုက်များကို အာဏာပိုင်စစ်တပ်က ဝင်ရောက်စီးနင်းပြီး ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်လို့ ယူဆရတဲ့ သံဃာတော်အမြောက်အများကို ဖမ်းဆီးရုံးတင် စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ သံဃာတော်များကို အင်းစိန်ထောင်မှ သက်ဆိုင်ရာမြို့နယ် တရားရုံးများသို့ ရုံးထုတ်ရာမှာ အင်းစိန်အကျဉ်းထောင်မှ နံနက် (၈း၀၀) နာရီခန့်မှာ ရုံးထုတ်ပြီး ညနေ ၃း၀၀-၄း၀၀ နာရီခန့်ထိ ရုံးထုတ်ချိန် ရှည်လျားလှသော်လည်း အာဏာပိုင်များက သံဃာတော်များရဲ့ ဆွမ်းကိစ္စကို ဘာမှစီစဉ်ပေးခြင်း မရှိခဲ့ပါဘူး။

ပြီးတော့ သံဃာတော်များကို လူဝတ်လဲရာမှာ ကြံ့ဖွတ်များ၊ ရဲတပ်ဖွဲ့များရဲ့ ပုဆိုးအင်္ကျီ အစုတ်အပြဲ၊ ချေးအထပ်ထပ်များသာ ဝတ်ပေးခဲ့ကြသဖြင့် သံဃာတော်များမှာ အဝတ်ပုဆိုး ညစ်နွမ်းလှကြောင်း ရှေ့နေ ကိုညီညိလှိုင်၊ ကိုဖိုးဖြူတို့ထံကတဆင့် ဒေါ်ရှု ကြားသိခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအခါ ဒေါ်ရှုဟာ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပြီး တရားရုံးချိန်းနေ့တွေမှာ တရားရုံးများသို့ ဆွမ်းလိုက်လံဆက်ကပ်ခြင်းဖြင့် အကျဉ်းသားစောင့်ရှောက်ရေးလုပ် ငန်းကို စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။


သူမရဲ့ စောင့်ရှောက်ရေးလုပ်ငန်းမှာ စတင်ခဲ့တဲ့သံဃာတော်များကတော့ ငွေကြာရံကျောင်းတိုက်မှ ဆရာတော်များ ဖြစ်ကြပါတယ်။ ထိုဆရာတော်များကတဆင့် နောက်ထပ် ဘယ်သူဘယ်ဝါရုံးထုတ် ဘယ်နေ့ ဘယ်မြို့နယ်မှာ ရှိမယ်စသဖြင့် လက်ဆင့်ကမ်း ပြောကြရာက ရွှေဝါရောင်တော်လှန်ရေးအပြီး ကာလနောက်ပိုင်း တနေ့ထဲ မြို့နယ် ၃-၄ ခုအထိ ဆွမ်းလိုက်ကပ်ရတာမျိုး ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သံဃာတော်များသာမက လူပုဂ္ဂိုလ် နိုင်ငံရေးအကျဉ်းသားများရဲ့တရား ရုံးချိန်းများကိုလည်း အဆက်မပြတ် ထမင်းလိုက်ကျွေးရတာမျိုး တိုးချဲ့လုပ်ကိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒေါ်ရှုဟာ တာမွေတရားရုံးပြီးလျှင် ပုဇွန်တောင်။ ပုဇွန်တောင် ပြီးလျှင် မင်္ဂလာဒုံ။ မင်္ဂလာဒုံပြီးလျှင် မြောက်ဥက္ကလာစသဖြင့် တရားရုံးများလှည့်ပတ် ကျွေးမွေးခဲ့သလို ပုဆိုး အင်္ကျီ၊ ထောင်ဝတ်စုံပြာများအထိ ထောက်ပံ့ ပေးဝေခဲ့တယ်လို့ သိရပါတယ်။ ယနေ့အထိ ထောင်ဝတ်စုံပြာဝမ်းဆက် အစုံ ၅၀၀ ခန့်ထောက်ပံ့ ပေးလှူခဲ့ရပြီး အဝတ်ပုဆိုး၊ ဆေးဝါး၊ ဖိနပ်၊ ခြင်ထောင်၊ အိပ်ယာ အခင်း၊ အစားအသောက်၊ ကွမ်းဆေးလက်ဖက်၊ ဆပ်ပြာအစ၊ သွားတိုက်ဆေးအဆုံး အကျဉ်းသားများထံအရောက် ပေးပို့နေသူလည်း ဖြစ်ပါတယ်။

“အန်တီကတော့ အင်းစိန်ထောင်ရောက်တာနဲ့ တတ်နိုင်သမျှ ပို့ပေးလိုက်တာဘဲ။ နယ်က ပြောင်းလာသူတွေက ဘာဆိုဘာမှ မပါကြသလို ဆွေမျိုးသားချင်းတွေကလည်း လိုက်မလာနိုင်ဘူးလေ။ ဒီတော့ ဘယ်သူ့မှ တွက်ကပ်မနေဘူး။ အင်းစိန်ထောင်ကို ရောက်တယ် ကြားတာနဲ့ ဖယောင်းပုဆိုး အခင်းပို့တယ်။ အဝတ်ပုဆိုး၊ ခြင်ထောင်စတာ လိုမယ်ထင်တာကို ပို့လိုက်တာဘဲ” လို့ ဒေါ်ရှုက ပြောပြတတ်ပါတယ်။

ဒီလို ပို့ပေးရတာဟာ လွယ်ကူချောမွေ့လှတယ်တော့ မဟုတ်ရပါ။ သူမအနေနဲ့ သားသမီး ၅ ယောက် လုပ်စာကိုင်စာနဲ့ အိမ်မှာ အငြိမ့်သာ ထိုင်စားနိုင်ပါလျှက် ထောင်ဘူးဝမှာ ထောင်ဝန်ထမ်းတွေက အငေါက် အငန်းခံ၊ ငြူငြူစူစူခံပြီး ပို့ရရှာတယ်လို့သိရပါတယ်။ တခြားသူတွေကို ပါဆယ်ပေးသွင်းပြီး သူမကို တနေကုန် မတ်တပ်ရပ်စောင့်ခိုင်းရင်တောင် မှ သူမကတော့ မတ်တပ်ရပ်ပြီး တနေကုန်စောင့်နေလို့ တချို့သော သဘောကောင်းတဲ့ ထောင်ဝန်ထမ်းများက လက်လျှော့ပြီး သူမပို့ချင်တဲ့ ပါဆယ်ထုပ်ကို လက်ခံပေးလိုက်ရတယ်လို့ ကြားသိရပါတယ်။

သူမဟာ နယ်အဝေးရောက် နိုင်ငံရေးအကျဉ်းသားများထံကို လည်း လက်လှမ်းမီသမျှ စာတိုက်မှတဆင့် ပါဆယ်များ ပေးပို့လေ့ရှိပါတယ်။ ဒါတင်မက ထောင်ဝင်စာလာတွေ့တဲ့ နယ်ကျေးလက်တောရွာက နိုင်ငံရေးအကျဉ်းသားများရဲ့ မိသားစုများကို သူမရဲ့အိမ်မှာ တည်းခိုစေပြီး ထောင်ဝင်စာတွေ့ဖို့ စီစဉ်ပေးတာတွေလည်း လုပ်ပါသေးတယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတယောက် နာမကျန်းဖြစ်လို့ အင်းစိန်ဆေးရုံကို ရောက်လာတယ်ဆိုတာနဲ့ အကျဉ်းသားလူနာများက သူမထံအကြောင်းကြား အသိပေးသလို သူမကလည်း ဆေးရုံအထိ လိုက်လံစောင့်ရှောက်တတ်ပါတယ်။ နိုင်ငံရေးအကျဉ်းသား မျက်စိခွဲလည်း သူမပါတယ်။ အူကျလည်း သူမပါတယ်။ စပိုတာလို အမျိုးသားသုံးပစ္စည်းလိုရင်လဲ သူမပါတယ်။ သီလရှင် ဆရာလေးတွေ အတွင်းခံအဝတ် မရှိတာလဲ သူမပါတယ်။ သူမဟာ တကယ့်ကို (ပါလေရာ ပဲခူးဆား) ပါဘဲ။ ပါလေရာ ပဲခူးဆားဆိုတဲ့ စကားပုံက နေရာတကာမှာ စပ်စပ်စုစု ဝင်ပါတာ မကောင်းတာကို ပြောတာပါ။ ဒေါ်ရှုဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဘာလိုလို၊ ဘာဖြစ်ဖြစ် ပါနေတဲ့ ပဲခူးဆားကတော့ အလွန်အရသာရှိသွားစေတဲ့ ဆားပွင့်လေးတွေ ဖြစ်နေပါတော့တယ်။

တကယ်တော့ သူမဟာ လောကတာဝန် သိစိတ်ရှိသူပါ။ လူဆန်တဲ့လူလို့ဘဲ သူမကို ကဗျည်းတပ်ချင်ပါတယ်။ သူမဟာ နိုင်ငံချစ်စိတ် ရှိတယ်။ မေတ္တာစိတ် ရှိတယ်။ ဂရုဏာစိတ် ရှိတယ်။ သူမရဲ့မေတ္တာစိတ်၊ ဂရုဏာစိတ်က အကျဉ်းကျ သားသမီးရှိတဲ့ တိုင်းနှင့် ပြည်နယ် အသီးသီးက အကျဉ်းထောင်တွေဆီ လမ်းခရီးမသွားတတ် မလာတတ်သူ မိသားစုတွေကိုလည်း သက်ဆိုင်ရာအကျဉ်းထောင်တွေအထိ လိုက်ပါ ပို့ဆောင်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် သူမဟာ ကျိုင်းတုံထောင်၊ မြိတ်ထောင်၊ စစ်တွေထောင်၊ ကလေးထောင် စတဲ့ မြန်မာပြည်တနံတလျားက နယ်အဝေးထောင်တွေအနှံ့ ရောက်ခဲ့ဘူးသူလဲ ဖြစ်နေပါသေးတယ်။ အကျဉ်းကျ သံဃာများရှိရာ လှေလှော်အင်း၊ တိုက်ကြီး ဥတို၊ မအူပင် အလန်း၊ ကျိုက်ထိုမြို့နယ် မုပ္ပလင် ရဲဘက်စခန်းတွေထိ နိုင်ငံရေးအကျဉ်းသားတွေ မှာကြားသမျှကို လည်း ခေါက်တုန့် ခေါက်ပြန် သွားရောက် စောင့်ရှောက်တတ်ပြန်ပါတယ်။ မော်လမြိုင်အကျဉ်းထောင်မှ ဦးဇင်းတပါး အာဟာရပြတ်ပြီး ဘဝနတ်ထံပျံလွန်တော်မူကြောင်း ကြားသိရတဲ့အခါ သူမဟာ ကြီးစွာသော စိတ်ဆင်းရဲခြင်းဖြစ်ပြီး သူလက်လှမ်းမမီလို့ပါ။ မသိလိုက်လို့ပါ။ သိလို့တော့ ပါဆယ်ပို့ပေးပါတယ်လို့ ဆိုပါသတဲ့။ အခုအချိန်မှာ သူမဟာ နေ့စဉ်နေ့တိုင်း အကျဉ်းသားစောင့်ရှောက်ရေးလုပ် ငန်းနဲ့ ပင်ပန်းနွမ်းနယ်နေတတ်ပေမဲ့ ကိုယ်က ပင်ပန်းပေမဲ့ မသေနိုင်သေးဘူး။ အထဲက လူတွေက အာဟာရပြတ်ပြီး သေသွားနိုင်တယ်။ ငါ ကြိုးစားမှ၊ ငါ ကြိုးစားမှလို့ သူမကိုယ်သူမ အားပေးပြီး လုပ်နေရတယ်လို့ ဆိုပါတယ်။

တကယ်တော့ သူမဟာ နိုင်ငံရေးအကျဉ်းသားများကိုသာ မကပါ။ ရန်ကုန်မြို့မှာ တည်းခိုစရာမရှိသူ နယ်အဝေးက မိသားစုဝင်တွေ အင်းစိန်ထောင်ကို ထောင်ဝင်စာလာတွေ့ကြလျှင် သူမအိမ်မှာ တည်းခိုစေပြီး ကြည်ကြည်ဖြူဖြူနဲ့ ထောင်ဝင်စာ တွေ့နိုင်အောင် စီစဉ်ပေးတတ်ပါသေးတယ်။ အကျဉ်းထောင်က လွတ်မြောက်လာသူ အကျဉ်းသားများကိုလည်း သူမက ရန်ကုန်မြို့အနှံ့ ဘုရားဖူး လိုက်လံပို့ဆောင်ပေးတတ်သေးသလို လွတ်မြောက်လာတဲ့ သီလရှင်ဆရာလေးများ သီလရှင်ပြန်ဝတ်ခွင့်မရလို့ စားဝတ်နေရေး ခက်ခဲနေတာကို ဖြေရှင်းနိုင်ဘို့ စက်ချုပ်သင်တန်းတက်နိုင်အောင် စီစဉ်တာမျိုးလဲ လုပ်ပေးတတ်သူပါ။

ဒေါ်ရှုက သူမဒီလို နိုင်ငံရေးအကျဉ်းသားစောင့်ရှော က်ရေးလုပ်ငန်းနဲ့ နေ့စဉ်အချိန်ကုန်နေတာကို သားသမီးတွေက မကြည်မဖြူ ဖြစ်လာတဲ့အခါ (နင့်တို့ ငါနှစ်လုံး သုံးလုံးထိုးလို့ အိမ်တိုင်ချွတ် လျော်ရရင်လဲ ကုန်မယ်။ နှစ်လုံး သုံးလုံးနဲ့ ငါအချုပ်ထဲရောက်၊ ထောင်ထဲရောက်ရင်လဲ နင်တို့ အရှက်ကွဲမယ်။ ငွေ ကုန်မယ်။ ငါအခု အများကောင်းကျိုး လုပ်နေတာ။ နင်တို့ ဂုဏ်ယူတတ်ကြစမ်း)လို့ မိသားစုအတွင်း အတိုက်အခံလုပ် တတ်သူပါ။ အာဏာပိုင်များက ခေါ်မေးမြန်းရင်တော့ ကျမနိုင်ငံတော် ပုန်ကန်နေတာ မဟုတ်ပါဘူး။ လူမှုရေးလုပ်ငန်း လုပ်နေတာလို့ ဖြေပါသတဲ့။ သက်တောင့်သက်သာ ပါဘဲ။

မြန်မာပြည်မှာ သူလိုလူတွေ လူ ၂၀ ရှိမယ်ဆိုရင် အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွေထဲမှာ အတော်အသင့်တော့ သက်တောင့်သက်သာရှိနိုင်ပါလိမ့် မယ်။ (အမေက မွေး၊ ထောင်က ကျွေး) ဒီမိုကရေစီအရေးနဲ့ ထောင်ကျနေသူ ဒေါ်ရှုရဲ့ ပါဆယ်ထုတ်ကို လက်ခံရရှိနေသူ နိုင်ငံရေးအကျဉ်းသားတွေကတော့ သူမကို ဒုတိယအမေလို့ ခေါ်နေကြပါပြီ။ ရဟန်းတွေကတော့ (ဘိက္ခု မာတာ) ရဟန်းတို့ရဲ့ အမေပါတဲ့။

ဒေါ်ရှု (သို့) နိုင်ငံရေးအကျဉ်းသားတို့ရဲ့ ဒုတိယအမေ (သို့) ဘိက္ခုမာတာ။ သူမကတော့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ သူမရဲ့ သားသမီးတွေ အားလုံးအမြန်ဆုံးလွတ်မြောက်ပါေ စလို့ နေ့စဉ်ဆုတောင်းနေပါသတဲ့။

အမေဒေါ်ရှု -သူမရဲ့ ဆန္ဒအမြန်ဆုံး ပြည့်နိုင်ပါစေ။

မိုးကျော်ကျော်(http://www.yoma3.org/)

0 စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ



စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ
      အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ်(အလောင်း)အား ပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း (၄) စီးအား လှူဒါန်းပေးခဲ့ပါသည်။ ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ခေတ္တခဏ ထားရှိနိုင်ရန် ကူညီဖေးမပေးနိုင်တော့မည် ဖြစ်ပါသည်။
      ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏  သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံးပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေး တွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများအပါအ၀င် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစ်စီးအား သဒ္ဒါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ဂရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။






ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.