ရွှေစင်စင်္ကြာ ဟူသော အမည်နာမသည် မြန်မာပြည်တွင်း ခရီးသွားလာနေကြသော ခရီးသွားမိဘ ပြည်သူများအနေဖြင့် အကျွမ်းတဝင် ရင်းနှီးနေသော အမည်နာမတစ်ခု ဖြစ်ပေလိမ့်မည်။ ရွှေစင်စင်္ကြာ ခရီးသွား ပို့ဆောင်ရေးလုပ်ငန်းသည် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းမှ မော်တော်ယာဉ်များအားလုံး၏ ကားလက်မှတ်များအား (၁.၁ဝ.၂ဝ၁၂) နေ့မှစ၍ (၁၉%) လျှော့ချကာ ခရီးသွား မိဘပြည်သူများ၏ ကိုယ်ရေးကိုယ်တာနှင့် အလုပ်ကိစ္စအဝဝများအား အဆင်ပြေ လွယ်ကူချောမွေ့စွာ လှုပ်ရှားသွားလာ ဆောင်ရွက်နိုင်ရန် အဓိကထားရည်ရွယ်ကာ တိုင်းပြည်၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍတစ်ခုအား တစ်ထောင့် တစ်နေရာမှ ပါဝင်ကူညီ ဆောင်ရွက်လျှက်ရှိသည်။
(၂၃.၁ဝ.၂ဝ၁၂) နေ့တွင် ကျရောက်မည်ဖြစ်သော ရွှေစင်စင်္ကြာ ခရီးသွားပို့ဆောင်ရေးလုပ်ငန်း၏ မွေးနေ့ အခါသမယတွင် ထူးခြားသော လှူဒါန်းမှုတစ်ခုကို ပြုနိုင်ရန်အတွက် နိုင်ငံရပ်ခြားတွင် ရောက်ရှိ နေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူအား ဆက်သွယ်လာပါတော့သည်။ လှူဒါန်းမည့်ပစ္စည်းများအဖြစ် (၄၅) ယောက်စီး ခရီးသည်တင် အဝေးပြေး Express ကားကြီးတစ်စီးနှင့် ကော့မှူးမြို့နယ်မှ ဆင်းရဲနွမ်းပါးသော မိသားစုများ၏ ရေရှည်အကျိုးအတွက်
သတင်းအကျဉ်းချုပ် ...
လွှတ်တော်ကော်မတီဥက္ကဌတာဝန်၊ အမတ်တာဝန်၊ ပါတီဥက္ကဌတာဝန်၊ ပြည်တွင်းပြည်ပ ခေါင်းဆောင်တွေ၊ မီဒီယာတွေနဲ့ တွေ့ရတဲ့ တာဝန်တွေအပြင် လူမှုရေးတာဝန်တွေကိုလည်း ထမ်းရွက်ရသေးတယ်။ လူတယောက် အလုပ် လုပ်နိုင်တဲ့ လုပ်အားနဲ့ တွက်မယ်ဆိုရင်ပဲ အလွန်လေးစားစရာ ကောင်းပါတယ်။
ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ၊ သတင်းစာဆရာ၊
ဆရာမောင်ဝံသ နေအိမ်သို့ ဆရာမောင်ဝံသ၏ ကျန်းမာရေးအခြေအနေမေးရန် ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ။။SunNy
သတင်းအကျဉ်းချုပ် ...
အောက်တိုဘာလ ၂၇ရက်နေ့၊ ပြင်သစ်နိုင်ငံ ပါရီမြို့ တွင် ကျင်းပသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ဥရောပရောက် မြန်မာမိတ်ဆွေများ တွေ့ဆုံပွဲအပြီး မေးမြန်းချက်များ။
88 Generation Students
သတင်းအကျဉ်းချုပ် ...
ဦးနေ၀င်း ကြိမ်းခဲ့သလို နောင်ကို ဆန္ဒပြရင် ပြတဲ့သူတွေ မလွယ်ဘူးသာမှတ် ဆိုတဲ့ စကားလိုပါပဲ။ ဆန္ဒထုတ်ဖော်တဲ့ ခေါင်းဆောင်တွေကို အကြမ်းနည်းနဲ့ မနှိမ်နှင်းပေမဲ့ ပညာသားပါပါနဲ့ နှိပ်ကွပ်နေတာပါ။ နောက်နောင် မလုပ်ရဲအောင်ပေါ့။
အဲဒီလို လူသိရှင်ကြား နှိပ်ကွပ်တာတွေရှိတဲ့အပြင် နောက်ကွယ်မှာလည်း ဆန္ဒထုတ်ဖော်တဲ့ လူတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေ၊ နည်းလမ်းတွေကို စနစ်တကျရေးဆွဲထားပါတယ်။
ခုတလော ဆန္ဒပြတဲ့ကိစ္စလေးတွေက မကြာခဏကြားနေရတော့ ဆန္ဒပြတဲ့သူတွေ သိသင့်တယ် ထင်တာလေးတွေကို မှတ်မိသလောက် အကြံပြုလိုက်ပါတယ်။
VIDEO
ဥပဒေ ဆိုတာ ကွက်ကျားမိုးလို ရွာချင်သလို ရွာလို့ မရဘူး။ တတန်းတစားတည်း တပြေးညီတည်း ရှိရမယ်။ ဒီလိုမှ မဟုတ်ရင် ဥပဒေကို စော်ကား ဖေါက်ဖျက်တာပဲဖြစ်တယ်။ (ကိုနေမျိုးဇင်)
ဆ န္ဒပြတာနဲ့ပတ်သတ်ပြီးထုတ်ပြန်ထားတဲ့ဥပဒေ/နည်းပဒေထွက်ထားတယ်ဆို လို့ ပြန်ဖတ်ဖို့ရှာခဲ့ပေမဲ့ လတ်တလော မတွေ့သေးတာကြောင့် သိသလောက်ပဲ အကျဉ်းရုံးပြီးရေးလိုက်ပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရဟာ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရပါလို့ ကြေညာထားတာမို့ လူထုအတွက် ဒီမိုကရေစီ နည်းလမ်းဆန်တဲ့ အခွင့်အရေးတချို့ကို မပေးချင်ပေးချင်နဲ့ပေးခဲ့ရပါတယ်။ အဲဒီ မပေးချင် ပေးချင်နဲ့ ပေးခဲ့ရတဲ့ အခွင့်အရေးတချို့ထဲမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပြသခွင့် ဆိုတာလည်း ပါခဲ့တာပေါ့။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဆန္ဒပြတယ်ဆိုတာဟာ အင်မတန်သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဇာတ်လမ်းတစ်ခုလို ဖြစ်ခဲ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ ဆန္ဒပြပြီးတာနဲ့ လွတ်အောင်ပြေးနိုင်ရင် ပြေး၊ မပြေးနိုင်ရင်တော့ ထောင်ထဲမှာ လေးငါးဆယ်နှစ် သွားနေရတာမို့ပါပဲ။ ဒီတော့ အနှစ်(၂၀) ကျော်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ ဆန္ဒပြတယ်ဆိုတဲ့ကိစ္စကြီးကို စိတ်ပါဝင်စားပေမဲ့ လက်တွေ့မှာတော့ အလှမ်းဝေးသွားခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ်ရောက်တော့ ပြည်သူတွေဟာ သံဃာတော်တွေရဲ့ လှုပ်ရှားမှုတွေကို အခြေအနေစောင့်ကြည့်ရင်း တစတစလမ်းပေါ်ထွက်လာခဲ့ပေမဲ့ လုံထိန်းတွေနဲ့ စစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် သွေးပျက်ခဲ့ရပြန်ပါတယ်။ မြန်မာ့ တပ်မတော်သားတွေဟာ ရှေ့တန်းမှာ ရှုံးနိမ့်ခဲ့ရသမျှ အကြွေးတွေကို လက်နက်မဲ့ပြည်သူတွေအပေါ် အတိုးချခဲ့ပြီး ဆပ်ခဲ့တာမို့ သွေးမပျက်လို့လည်းမရပါဘူး။ တပ်စုတပ်ကြပ်ကြီးက တပ်စုရှေ့တက် ဆိုရင် တပ်စုတစ်စုလုံး ရင်ဘောင်တန်းပြီး သေနတ်အသင့်နဲ့ ရှေ့တက်၊ ပစ် လို့ အမိန့်ပေးရင် ရှေ့မှာ ရှိနေတဲ့ လူစုစုထဲကို ကျည်တစ်ကပ်ကုန်အောင် ခလုတ်ဆွဲ၊ ပြီးရင် နောက်ပြန်ဆုတ်၊ ကျည်စစ်ပြီး တပ်စု ရှေ့ပြန်တက်၊ ကျည်တစ်ကပ်ကုန်အောင် ခလုတ်ဆွဲ …. တကယ့် စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလိုပါပဲ။ တကယ် ရှေ့မှာရှိနေတာက လက်နက်ဆိုလို့ လွန်ရောကျွံရော အုတ်ခဲကျိုးတစ်စလောက်ပဲရှိမဲ့ ပြည်သူတွေပါ။ ထားပါတော့။
ခုချိန်မှာတော့ ဆန္ဒပြတယ်ဆိုတာ လူတွေကြားမှာ ရေပန်းစားတဲ့ ကိစ္စတစ်ခုလို ဖြစ်လာပါပြီ။ တစ်ခါက ရန်ကုန်မြို့က ဆန္ဒပြပွဲမြင်ကွင်းတစ်ခုကို ကြည့်ပြီး “တို့ နိုင်ငံကြီး ဒီမိုကရေစီရနေပါပြီ” လို့ ၀မ်းပန်းတသာပြောတဲ့ သူငယ်ချင်း တစ်ယောက်ကို သောက်ရူး လို့ပဲ ကျွန်တော်ဆဲမိပါတယ်။ ဆန္ဒပြသခွင့်ရှိတာလေးနဲ့တော့ အပြောင်းအလဲလို့ ကျွန်တော်က မမြင်နိုင်ပါဘူး။ ဆန္ဒထုတ်ဖော်တဲ့နေရာမှာတောင် သူတို့မလိုရင် မလိုသလို ချုပ်ချယ်နေတဲ့ ကိစ္စတွေရှိနေတာ အားလုံး သိမယ်ထင်ပါတယ်။ မန္တလေးက သမ္မတထောက်ခံပွဲကိုတော့
ချွင်းချက်မရှိ အတည်ပြု လက်ခံပေးပြီး ငြိမ်းချမ်းရေး အတွက် ဆန္ဒပြတဲ့သူတွေကိုတော့ ရမယ်ရှာ ဖမ်းဆီးဖို့ လုပ်နေပါတယ်။ ဦးနေ၀င်း ကြိမ်းခဲ့သလို နောင်ကို ဆန္ဒပြရင် ပြတဲ့သူတွေ မလွယ်ဘူးသာမှတ် ဆိုတဲ့ စကားလိုပါပဲ။ ဆန္ဒထုတ်ဖော်တဲ့ ခေါင်းဆောင်တွေကို အကြမ်းနည်းနဲ့ မနှိမ်နှင်းပေမဲ့ ပညာသားပါပါနဲ့ နှိပ်ကွပ်နေတာပါ။ နောက်နောင် မလုပ်ရဲအောင်ပေါ့။ မနေ့ညကပဲ ကိုနေမျိုးဇင် ကို ဖမ်းဝရမ်းထုတ်တယ်လို့ သတင်းမှာ ဖတ်မိပါသေးတယ်။ အဲဒီလို လူသိရှင်ကြား နှိပ်ကွပ်တာတွေရှိတဲ့အပြင် နောက်ကွယ်မှာလည်း ဆန္ဒထုတ်ဖော်တဲ့ လူတွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေ၊ နည်းလမ်းတွေကို စနစ်တကျရေးဆွဲထားပါတယ်။ အဲဒီထဲက တချို့ကို ဗဟုသုတအနေနဲ့ လေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဆန္ဒပြသဖို့ ကြိုတင်တောင်းခံလာတဲ့အပေါ် စိစစ်ရမည့် အချက်တွေကို ရန်ကုန် ရဲအက်ဥပဒေပုဒ်မ (၃၇) အရ စိစစ်ဖို့ ညွှန်ကြားထားခဲ့ပါတယ်။ အမိန့်ကို မြို့နယ်၊ ခရိုင်တွေက အဆင့်ဆင့် စိစစ်တင်ပြရပြီး တိုင်းဒေသကြီး/ပြည်နယ်အဆင့်က အတည်ပြုပေးရပါတယ်။ မြို့နယ်အဆင့်၊ ခရိုင့်အဆင့် စိစစ်ရေးအဖွဲ့တွေအနေနဲ့ ဆန္ဒပြဖို့ တောင်းခံမှုတွေ စိစစ်တဲ့အခါမှာ ဒီလို အချက်တွေနဲ့ စိစစ်ဖို့ သတ်မှတ်ထားပါတယ်။
(၁) ဆန္ဒပြသူများ ဆူပူအကြမ်းဖက်ပါက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရုတ်ချည်း ထားဆီးထိန်းချုပ်နိုင်သော နေရာဖြစ်စေခြင်း။
(၂) ဆန္ဒပြရန်တင်ပြတောင်းခံလာသောနေရာများကို မြို့နယ်အလိုက်ကွပ်ကဲမှု အဖွဲ့ အတည်ပြုချက်ရရှိပြီးမှ ခွင့်ပြုမည်။
(၃) အခြားသောပြည်သူလူထုအား စိတ် အနှောင့်အယှက် မဖြစ်စေခြင်း။
(၄) လမ်းသွားလမ်းလာများအား ပိတ်ဆို့မှုမရှိစေခြင်း။
(၅) တောင်းခံလာသောနေရာအား ခွင့်ပြုရန်မသင့်က အခြားသင့်တော်မည့်နေရာ ခွင့်ပြုရေး စီစဉ်ဆောင်ရွက်ပေးရမည်။
(၆) ဆန္ဒပြရန် တောင်းခံသောအင်အားကို ကွပ်ကဲမှုအဖွဲ့ ဆုံးဖြတ်ချက်ဖြင့် ထိန်းချုပ်သတ်မှတ်ပေးရမည်။
(၇) ဆန္ခပြရန် ရည်ရွယ်ချက်သည် ခွင့်ပြုရန်မသင့်ပါက ခွင့်မပြုနိုင်ကြောင်း ပြန်ကြားရမည်။
ဆန္ဒပြသဖို့ခွင့်ပြုချက်ပေးပြီးတဲ့အခါမှာလည်း ဆန္ဒပြတဲ့နေ့ရက်မှာ လုပ်ဆောင်ရမဲ့ ကိစ္စတွေကို ဒီလို ညွှန်ကြားထားခဲ့ပါတယ်။
** မိမိလုပ်ဆောင်ရမည့်အစီအစဉ်
(၁) ဆန္ဒပြရန်ခွင့်ပြုထားသည့်နေရာဝန်းကျင်တွင် စွမ်းအားရှင်နှင့် အရပ်ဝတ် မိမိရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဖြန့်ခွဲ နေရာယူမည်။
(၂) ဆန္ဒပြလူစုမြင်သောနေရာတွင် ၎င်းတို့ထက်သာလွန်သော မိမိ အဓိကရုဏ်းတပ်ဖွဲ့ဝင် အင်အားထားရှိမည်။
(၃) မသက်ဆိုင်သူများပါဝင်လာမှု မရှိစေရေး ကန့်သတ်ထားမည်။ (ဒေါ်အောင်ဆန်းစုကြည်တို့၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ လာပြီး အားပေးတာမျိုးမလုပ်နိုင်အောင်ပါ)
(၄) ဆန္ဒပြမှုသည် ဆူပူအကြမ်းဖက်သော လူစုလူဝေးအသွင် ပြောင်းလဲသွားလျှင် ကျင့်ထုံးဥပဒေ ၁၂၇၊ ၁၂၈ တို့ကိုလိုက်နာလျက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ၂ဝဝ၇ အောက်တိုဘာတွင်ထုတ်ပြန်သည့် အဓိကရုဏ်း နှိမ်နှင်းရေးလက်စွဲ စာစောင်ပါ အဆင့်(၃)ဆင့်ဖြင့် ဖြိုခွင်းသွားနိုင်ရေး ဆောင်ရွက်ထားပါမည်။
ကိုနေမျိုးဇင်တို့ကို နှိပ်ကွပ်ခဲ့လို့ ဆန္ဒထုတ်ဖော်ပွဲခေါင်းဆောင်တွေက နောက်မတွန့်သွားပဲ အစိုးရမကြိုက်တဲ့၊ သဘောမကျတဲ့ ဆန္ဒပြပွဲတွေကို ဆက်ပြီး လုပ်နေဦးမယ်ဆိုရင် နောက်ထပ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကတော့ ဆန္ဒပြတဲ့လူတွေထဲမှာ သူလျှိုတွေ၊ အလံရှုးတွေထည့်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေ လုပ်ခိုင်း၊ (ခဲနဲ့ထုတာ၊ ထိုးတြိတ်တာ၊ ဆဲဆိုတာမျိုးပေါ့)၊ ပြီးတော့ ၀ရုန်းသုန်းကားဖြစ်၊ ပြီးရင် ဆန္ဒပြတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ အရန်သင့်စောင့်နေတဲ့ အဓိကရုဏ်းနှိမ်နှင်းရေးတပ်တွေက ၀င်ပြီးနှိမ်နှင်း၊ နောက်တစ်နေ့ကျတော့ သတင်းစာ ရှင်းလင်းပွဲကြီးလုပ်ပြီး “ဆန္ဒပြသသူများသည် ငြိမ်းချမ်းစွာ ဆန္ဒမထုတ်ဖော်ပဲ ၎င်းတို့အား အကာအကွယ်ပေးနေသော မိမိတို့ လုံခြုံရေးတပ်ဖွဲ့များအား အကြမ်းဖက်တိုက်ခိုက်လာပါသဖြင့် တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ရပါကြောင်း” ဆိုပြီး ခပ်တည်တည်နဲ့ ရွတ်ပြပါလိမ့်မယ်။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ်တွေရှိသေးတာမို့ သတိကြီးကြီးထားကြဖို့ တိုက်တွန်းချင်ပါတယ်။
မိုးဇေညိမ်း
သတင်းအကျဉ်းချုပ် ...
လူမှောင်ခိုကူးသူ ပွဲစားများ၏ တရုတ်ပြည်အတွင်း ရောင်းချခံထားရသူ မြန်မာအမျိုးသမီးငယ်တစ်ဦးသည် ၀ယ်ယူထားသူ တရုတ်အမျိုးသားထံမှ ပြန်လည်ထွက်ပြေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့၊ ကုလသမ္မဂနှင့် မြန်မာမာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တို့၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်မှ မအေးအေး(အမည်လွှဲ) အသက် ၃၂ သည် သြဂုတ်လ ၂၂ရက်နေ့က တစ်ရပ်ကွက်တည်းတွင် နေထိုင်သူ အသက် (၃၆)နှစ်အရွယ်ခန့်ရှိ ပွဲစားအမျိုးသမီး၏ အိမ်ဖော်အလုပ် လုပ်ကိုင်ရန် လိုက်ခဲ့ပါဆိုသော ပြောဆိုခေါ်ဆောင်မှုကြောင့် လိုက်သွားခဲ့ပြီး လားရှိုးသို့ရောက်သည့်အခါတွင် ပွဲစားအမျိုးသမီးက အခြားသူများ၏လက်သို့ လွှဲပြောင်းပေးခဲ့သည်။
“ကျွန်မတို့ ဒုက္ခရောက်ပြီး အလုပ်မရှိတဲ့အချိန်မှာ ကျွန်မတို့က မစိုးစိုးဆီက ပိုက်ဆံတစ်သောင်းချေးမိပါတယ်။ ပိုက်ဆံချေးပေးပြီး မစိုးစိုးကအိမ်ကို ၃/၄ရက်ဆက်တိုက်၊ “ဟိုမှာအလုပ်လုပ်ရင် ပိုက်ဆံရမယ်”ဆိုပြီး လာခေါ်နေတာ။ ကျွန်မတို့ လင်မယားကလည်း အလုပ်အကိုင်ရှာတာ အစဉ်မပြေဘူး။ နောက်ပြီး သူ့နဲ့လည်း ရင်နှီးနေတော့ ကောင်းတဲ့အလုပ်အကိုင်ပဲ ရှာပေးမယ်လို့ယုံပြီးတော့ လိုက်သွားမိတယ်။ မစိုစိုးက ကျွန်မကို လားရှိုးကိုခေါ်သွားတယ်။ ဟိုရောက်တော့ စုစုခိုင်မင်း၊ ဦးခိုင်မင်းတို့ သားအဖလက်ထဲကိုထဲ့ပေးလိုက်ပြီး သူက နေခဲ့တယ်”ဟု ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ မအေးအေးကပြောသည်။
ထို့နောက် အဆိုပါပွဲစားများက မအေးအေးအား နမ်တီး၊ ချင်းရွှေ၊ မင်းတိမ်မြို့များသို့ အဆင့်ဆင့်ခေါ်ဆောင်သွားပြီး အခြားပွဲစားတစ်ဦးလက်သို့ ထပ်မံလွှဲပြောင်းပေးခဲ့ပြန်သည်။ ထိုသို့အဆင့်ဆင့်လွှဲပြောင်းခေါ်ဆောင်သွားပြီး
တရုတ်လူမျိုးများထံတွင် လှည့်လည်ရောင်းချရာ စက်တင်ဘာ ၂၇ရက်တွင် မအေးအေးအား ရှမ်ဟိုင်းပြည်နယ်၊ ရှမ်တုံမြို့နေ ၀ယ်ယူသူ တရုတ်အမျိုးသားထံသို့ ယွမ်လေးသောင်းဖြင့် ရောင်းချခံလိုက်ရကြောင်း သိရသည်။ ထို့နောက် အောက်တိုဘာ ၂ရက်နေ့တွင် တရုတ်အမျိုးသားလက်မှ ပြန်လည်ထွက်ပြေး လွတ်မြောက်လာပြီး တရုတ်နိုင်ငံရဲတပ်ဖွဲ့၏ကူညီမှုဖြင့် မူဆယ်သို့လည်းကောင်း၊ ထိုမှတဆင့် ကုလသမ္မဂအဖွဲ့နှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တို့၏ ကူညီဆောင်ရွက်မှုဖြင့် မန္တလေးမှတဆင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မအေးအေး၏ ပြောပြချက်အရ သိရသည်။
မြန်မာနိုင်ငံအတွင်းမှ အမျိုးသမီးငယ်အများစုမှာ တရုတ်အမျိုးသားများအတွက် ကလေးမွေးဖွားပေးရန်အတွက် အသုံးချခံနေကြရပြီး မြန်မာအမျိုးသမီးငယ်အများစုမှာ ပြန်စရာလမ်းစရိတ်မရှိသောကြောင့် နေရပ်သို့ မပြန်နိုင်ဖြစ်နေသည်ကိုလည်း မအေးအေး၏ ပြောပြချက်အရသိရသည်။
“မြန်မာမိန်းကလေးအများစုက တရုတ်တွေအတွက် ခလေးမွေးပေးဖို့ အဓိကရောင်းစားခံနေရတာပါ။ မွေးတဲ့ကလေးတွေမှာလည်း မိန်းခလေးဆိုရင် သတ်ပစ်ပါတယ်။ ယောင်္ကျားလေးဆိုမှ ဆက်မွေးစားတယ်။ ကျွန်မတို့မြန်မာမတွေကို ၀ယ်ပြီးပေးစားတဲ့ တရုတ်တွေထဲမှာ ဦးနှောက်ကျပ်မပြည့်တဲ့ ရူးနေတဲ့သူတွေ၊ ခြေကျိုးမျက်ကန်းတွေနဲ့လည်း ပေးစားတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ သားအတွက်ဝယ်တယ်၊ ဖအေပါပေါင်းတယ်၊ ညီအစ်ကိုနှစ်ယောက် ပေါင်းတာတွေလည်းရှိတယ်။ ကျွန်မသွားခဲ့တဲ့ လမ်းခရီးမှာတွေခဲ့ရတဲ့ မြန်မာမိန်းကလေး အများစုဟာ အလုပ်ကြမ်းတွေလည်း လုပ်နေကြရတယ်။ တချို့ဆို အရိုက်နှက်ခံရတာတွေလည်း ရှိနေတယ်”ဟု မအေးအေးက ၎င်းကိုယ်တိုင် ကြုံတွေ့ခဲ့ရမှုများကို တဆင့်ပြန်လည်ပြောပြသည်။
လူကုန်ကူးသူများ၏ အရောင်းစားခံရသော မြန်မာမိန်းကလေးအများစုသည် ၀ယ်ယူသူတို့၏အိမ်အတွက် အလုပ်ကြမ်းများကိုလည်း လုပ်ကိုင်ပေးနေရပြီး အိမ်ခန်များအတွင်း လှောင်ပိတ်ထားလေ့ရှိကာ အိမ်ရှင်များ အပြင်သွားပါက အိမ်အတွင်းသော့ပိတ်ခံထားရလေ့ရှိကြောင်း လည်း မအေးအေး၏ပြောပြချက်အရ သိရသည်။
ယခုအခါ မအေးအေးသည် လူကုန်ကူးသူ ပွဲစားအုပ်စုအား မူဆယ်မြို့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ထံတွင် အမှုဖွင့် တိုင်ကြားထားပြီး ရွှေပြည်သာမြို့နယ်မှ ပွဲစားဖြစ်သူ မစိုစိုးဆိုသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ အထက်ပါကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ထံ စုံစမ်းမေးမြန်းရန် ဆက်သွယ်သော်လည်း တယ်လီဖုန်းခေါ်ဆိုမှုမရရှိခဲ့ပါ။
ကိုရဲ (REPORTER)
သတင်းအကျဉ်းချုပ် ...
(26 October 2012 ရက်စွဲပါ Business Insider တွင် Simmon Black နှင့် Soverign Man တို့ရေးသားသော Myanmar:How quickly things can change ကိုဘာသာပြန်ဆိုသည်)
မြန် မာနိုင်ငံသည် မနေ့ကမိစ္ဆာဝင်ရိုးစွန်းမှ တရားမဝင်အစိုးရတစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်က စစ်အစိုးရသည် အစိုးရဆန့်ကျင်သူအားလုံးကို ထောင်ချ ခဲ့သည်။ မြန်မာနိုင်ငံအပေါ်အရေးယူ ပိတ်ဆို့မှုများလည်း ကြီးစွာချမှတ်ခံရသည်။ အသက်ကြီးနေသော Sylvester Stallone ကိုရိုက်ကူးသော Rambo ရုပ်ရှင်ကပင် မြန်မာနိုင်ငံကို အခြေခံရိုက်ကူးခဲ့ဘူးသည်။
Rambo ဇာတ်လမ်းတွင် အချို့အစိတ်အပိုင်းများကမှန်ကန်သည်။ အမေရိကန်အထူးတပ်ဖွဲ့များသည် ကာလကြာရှည်ကပင် သူပုန်များအား လေ့ကျင့်ပေးခြင်း၊ အစိုးရဆန့်ကျင်သူများအား အားပေးခြင်းများရှိခဲ့သည်။
ယနေ့အချိန်တွင်မူ အခြေအနေမှာ လုံးဝခြားနားသွားပြီ ဖြစ်သည်။အရေးယူမှုများလည်း ဖြေလျော့သွားခဲ့သည်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရွေးကောက်တင်မြှောက်ခံရသောပုဂ္ဂိုလ်တစ်ဦးဖြစ်နေပြီ။
မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းက ပြန်လည်ကြိုဆိုခဲ့ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိသျှ ဝန်ကြီးချုပ် David Cameron တို့သည် မြန်မာနိုင်ငံသို့သွားရောက်ကြပြီး
ချစ်ကြည်ရေးအသစ်ကို ခိုင်မာအောင်လုပ်ဆောင်ခဲ့ကြသည်။
နောက်ဆုံးတော့ ထိုအချက်များကို မြန်မာနိုင်ငံသည် စီးပွားရေးအတွက် တံခါးဖွင့်ခဲ့ပြီဟု အဓိပ္ပါယ်ဖွင့်ဆိုရမည် ဖြစ်သည်။
Tom Hanks နှင့်ရိုက်သော Big ဆိုသည့်ရုပ်ရှင်ကို ကြည့်ဘူးသူများရှိပါက သတိရပါလိမ့်မည်။ လူငယ်တစ်ဦးသည် တစ်နေ့ကြီးလာပါက လောကကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံသည်လည်း ကမ္ဘာကြီးနှင့်ထိတွေ့ရတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ခေတ်နောက်ပြန်ဆွဲနေသောနိုင်ငံ၊ အပယ်ခံနိုင်ငံဖြစ်နေခြင်းကြောင့်၊ လွန်ခဲ့သောလအနည်းငယ်ကအထိ ATM စက်များကို မြန်မာနိုင်ငံတွင် မတွေ့နိုင်သေးပေ။ မြန်မာနိုင်ငံသည် ငွေသားကိုသာကိုင်သုံးသော လူ့အဖွဲ့အစည်းဖြစ်နေသည်မှာ ကာလရှည်ကြာနေပြီဖြစ်ပြီး၊ နိုင်ငံတကာ ငွေကြေးစနစ်ဖြင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်ခြင်းမှာ ဝေးကွာလွန်းပြီး ထူးဆန်းလွန်းနေပေသည်။
ထိုအရာများအားလုံး စတင်ပြောင်းလဲနေပြီဖြစ်သည်။ တဖြည်းဖြည်းချင်း ဖြစ်သည်။ Hanks ရုပ်ရှင်ကားထဲကအတိုင်း ဖြစ်သည်။ တိုင်းပြည်နှင့် ယဉ်ကျေးမှုသည် ကမ္ဘာကြီးနှင့်ထိတွေ့ရာ၌ အစပထမတွင် အံဝင်လိမ့်ဦးမည်မဟုတ်ပေ။ အချိန်တော့ ယူရမည်ဖြစ်သည်။ ၎င်းတို့တွင် တယ်လီဖုန်း ဆက်သွယ်ရေးနှင့် IT အခြေခံအဆောက်အဦးများတွင် ဆိုးရွားစွာလိုအပ်ချက်များရှိနေသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ငွေပေး၊ ငွေယူနှင့် ကုန်သွယ်ရေးအတွက် သင့်တင့်လျောက်ပတ်သော ငွေကြေးစနစ်တစ်ခု လိုအပ်နေသည်။ အဆိုပါ အခြေခံလိုအပ်ချက်များမရှိဘဲနှင့် အမှန်တကယ် စီးပွားရေးလုပ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ ကြက်မနှင့်ကြက်ဥ ကစားပွဲသာဖြစ်နေသေးသည်။ ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံသို့ ခုန်ဝင်လာမည့်အချိန်ကို စောင့်ကြည့်နေကြသည်။ အဘယ့်ကြောင့်ဆိုသော်အရေးယူမှုများသည် ဖြေလျော့သွားပြီး၊ ဈေးကွက်ကတံခါးဖွင့်ပေးခဲ့ပြီ ဆိုသော်လည်း၊ ၎င်းသည် ခြေခင်းလက်ခင်းသာသော စီးပွားရေးဝန်းကျင်အခြေအနေ ဖြစ်သည်ဟုဆိုလိုခြင်း မဟုတ်သေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သဘောတူညီမှုများမှာ နှေးကွေးနေဆဲ ဖြစ်သည်။
ရေရှည်တွင်မူ ရင်းနှီးမြှုပ်နှံရန်အကောင်းဆုံးနေရာတစ်ခု ဖြစ်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် လူဦးရေသန်း(၆၀) ရှိပြီး၊ သယံဇာတ ကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်သည်။ တိုင်းပြည်အရွယ်အစားမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်တူညီနီးပါးရှိသော်လည်း တစ်ဦးချင်း GDP မှာ အရွယ်အစားနှင့်စာလျှင် နည်းပါးနေသည်။ အများကြီးတိုးတက်ကြီးထွားလာနိုင်သည့် အနေအထားတွင်ရှိသည်။ လာမည့်နှစ်အနည်းငယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ သွန်ချလိုက်သလိုစီးဝင်လာမည် ဟု မျှော်လင့်နိုင်သည်။
စတော့အိတ်ချိန်းအသစ်ကလည်း ၂၀၁၅ တွင်စတင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သယ်ဆောင်လာပြီး အရင်းအနှီးများတိုးမြှင့်နိုင်ရန် များစွာအထောက်အကူ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် စောစောနေရာရရန် ရောက်ရှိပြီးနေသူ များလည်း ရှိသည်။
အကယ်၍သင်သည် မြန်မာနိုင်ငံအကြောင်းကိုသိလိုပါက မြန်မာနိုင်ငံတွင် ပမာဏကြီးကြီးလုပ်ကိုင်လျက်ရှိသော စင်္ကာပူစာရင်းဝင်ကုမ္ပဏီ တစ်ချို့ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ကုန်းတွင်းရေနံရှာဖွေခွင့်ရထားသော Interra Resources နှင့်မြန်မာ့ကျွန်းစိုက်ပျိုးရေးတွင် ကြီးစွာ ရင်းနှီး မြှုပ်နှံထားသော Ginnacle Import-Export တို့ ရှိသည်။
ကျွန်ုပ်သည် အများပိုင်ကုမ္ပဏီများအကြောင်း များများစားစားမသိရှိဘဲ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကလုပ်ကိုင်နေသူ အနည်းငယ်သာသိရှိသည်။ ထို့ကြောင့် စိတ်ဝင်စားပါက ဟောင်ကောင်ရှိ Boom Securities တွင် account ဖွင့်၍ ဝင်ရောက်ကြည့်ရှုနိုင်သည်။
Yangon chronicle
သတင်းအကျဉ်းချုပ် ...
နိုင်ငံရေးအရဖြေရှင်းနိုင်အောင် ကျွန်တော်တို့ နိုင်ငံရေးအရ ဘယ်လိုဘဲဖြေရှင်းမယ်ပြောပြော တိကျခိုင်မာတဲ့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုရင် ဘယ်လိုမှဖြေရှင်းလို့ ရမှာမဟုတ်ပါဘူးဗျာ။ ကျွန်တော် တစ်ချက်ထောက်ပြချင် ပါတယ်။အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ နဲ့ ပက်သက်ပြီးတော့ ချီတက်ဆန္ဒပြတဲ့နေရာမှာ ပါမစ်မတင်လို့ ၊ ခွင့်မပြုလို့ ဆိုပြီးတော့ လူငယ်လေးတွေတရားဥပဒေအရ၊ ပုဒ်မ ၁၈ အရ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ ဒါမျိုးကိုတောင်အရေးယူတယ်ဆိုရင် ကျန်တဲ့ အလားသဏ္ဍာန်တူသော ဖြစ်ရပ်မျိုးတွေကိုလည်းတိကျစေချင်ပါတယ်။ ဆိုလိုတာက ဒါရှင်းရှင်းဘဲ ပြောတာပါ။ ကျွန်တော်က အစ္စလာမ်ဘာသာဝင်ဖြစ်နေပါတယ်။ ဘက္ကရီအီးဒ်နဲ့ ပက်သက်လို့ ပြောပြချင်ပါတယ်။ ဘက္ကရီအီးဒ်ကို ရပ်ဆိုင်းလိုက်တယ်ဆိုတော့ ဘာသာရေးအဖွဲ့ အစည်းတွေနဲ့ တွေ့ တာ ကျွန်တော်ပါပါတယ်။ အစ္စလာမ်အဖွဲ့ ကြီး ၅ ရပ်ရှိပါတယ်။ ရပ်ဆိုင်းရတဲ့အကြောင်းအရာက အစိုးရက လုံခြုံရေးမပေးနိုင်လို့ ရပ်ဆိုင်းတာ မဟုတ်ပါဘူး။ ပြဿနာကဘာဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကလည်း တော်တော်ကြီးကြီးမားမားဖြစ်လာတယ်။
အဲဒီအခြေအနေကို ဘာသာရေးအသွင်သဏ္ဍာန်ဆောင်ပြီးတော့ ဆွဲယူနေတဲ့သူတွေကလည်းရှိနေပါတယ်။ ဘယ်သူရယ်ဘယ်ဝါရယ်လို့ တော့မပြောလိုပါဘူး။ အားလုံးလည်းသိကြမှာပါ။ ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့ ပြောပါရစေ။ ကျွန်တော် ဂျာနယ်တစ်စောင်မှာဖတ်ရပါတယ်။
အစ္စလာမ်ဘာသာဝင်တွေကို အိမ်မငှားရ၊ အိမ်မရောင်းရဆိုတဲ့ဟာမျိုးတွေ၊နောက်တစ်ခုက ဘာလဲဆိုတော့ ၀ါဒဖြန့် ချိမှုတွေများများလာတဲ့အခါဒီဘက်ကစိုးရိမ်ထိတ်လန့် စရာတွေ ဖြစ်လာတယ်။ အစိုးရကပေးတဲ့လုံခြုံရေးက ဘယ်လောက်စိတ်ချရသလဲ။ အစိုးရကပေးတဲ့ လုံခြုံရေးက အစ္စလာမ်ဘာသာဝင်အများစုအတွက် လုံခြုံတယ်လို့ မခံယူဘူး။ အဲဒီအပေါ်မှာ အစ်ဒ်လုပ်တဲ့ကိစ္စကိုရပ်လိုက်တယ်။ အဲဒါကလည်း ဘာလဲဆိုရင် with draw ပြန်လုပ်တာပါ။
ပြဿနာတစ်ရပ်ကို အကြမ်းဖက်ပြီးဖြေရှင်းတာက ကျွန်တော်တို့ ကြေညာချက်ထဲမှာပါတဲ့အတိုင်း ရလဒ်ကောင်းတွေထွက်လာမှာ မဟုတ်ပါဘူး။အဖြေမှန်တစ်ခုမဟုတ်ဘူးလို့ မြင်တယ်။ဒီကိစ္စကိုအကြမ်းဖက်ဖြေရှင်းမယ်ဆိုရင် နိုင်ငံရေးနည်းလမ်းအရဘဲ ဖြေရှင်းချင်ပါတယ်။ အဲဒါဖြေရှင်းဖို့ အတွက်ဆိုရင် သက်ဆိုင်ရာလူ့ အဖွဲ့ အစည်းတွေ၊ အစိုးရအဖွဲ့ အစည်းတွေ ပါပြီးတော့ တရားဥပဒေစိုးမိုးရေးဆိုတာ ကျောသားရင်သားမခွဲခြားဘူးလို့  အတိအလင်းဘဲပြောချင်ပါတယ်။အစ္စလာမ်ဘာသာဝင်ဘဲခေါ်ခေါ်၊ ဘင်္ဂလီဘဲခေါ်ခေါ်။ မနေ့ ကဆိုရင် ကမန်တွေလာပါတယ်။ ကမန်ဟာ ၁၃၅ မျိုးထဲမှာ ပါပါတယ်။ ရခိုင်မျိုးနွယ်စုထဲမှာပါပါတယ်။ မရမာကြီးအိမ် ၂၅လုံး ဖျက်ခံရတဲ့ကိစ္စတွေလည်း ကြားပါတယ်။
ရခိုင်တိုင်းရင်းသားတွေဘက်ကလည်း နစ်နာဆုံးရှုံးမှုတွေ အများကြီးဘဲ။သူတစ်ပြန်ကိုယ်တစ်ပြန် ဘယ်အချိန်ထိ လုပ်ကြမှာလဲ။ ဒါကိုလည်း အစိုးရကမသိကျိုးကျွံပြုပြီးတော့ လုံခြုံရေးအနေနဲ့ ပက်သက်ပြီးတော့ ဘာမှ တာဝန်ယူမှုမရှိဘူးဆိုရင် ဒီပြဿနာကြီးက တဖြည်းဖြည်းနဲ့
ကြီးလာစရာမြင်တယ်။ပျောက်သွားဖို့ မမြင်ဘူး။ အဲဒီတော့ နှစ်ခုကိုသင့်မြတ်အောင်၊ မနေ့ ကဆိုရင်ဦးဌေးဦးပြောတဲ့စကား ဖတ်ရတယ်။ ပြောနေကြတာဘဲ။ လူမျိုးစုနှစ်ခုချကြတယ်။ ဟုတ်ပြီ၊ ဘယ်တော့အထိချကြမှာလဲ။ တစ်ယောက်နဲ့ တစ်ယောက်ကုန်တဲ့အထိ ချကြတော့မှာလား။ ဒါဟာ အမှန်တစ်ခုရလိမ့်မယ်လို့  မမြင်ဘူး။migrant ပြဿနာဟာ migrant နဲ့ ဘဲ ဖြေရှင်းရမှာဖြစ်တယ်။ တစ်ဘက်ကနိုင်ငံသားမဟုတ်တဲ့ ဖြေရှင်းရမယ့် ပြဿနာတွေရှိတယ်။ ဒါတွေက စနစ်တကျတစ်ဆင့်တစ်ဆင့် ဖြေရှင်းရမယ် ဖြစ်တယ်။ မုန်းတီးရေးနဲ့  လက်စားချေလိုမှု နဲ့ တစ်ဘက်နဲ့ တစ်ဘက် သတ်ဖြတ်မှုတွေနဲ့ မရဘူးလို့  ကျွန်တော်မြင်တယ်။
အစ်ဒ်နဲ့ ပက်သက်ပြီးတော့ နှစ်ချက်ရှိပါတယ်။ နံပတ်တစ်အချက်က အစိုးရကပေးတဲ့လုံခြုံရေးအပေါ်မှာ အစ္စလာမ်ဘာသာဝင်အများစုအတွက် လုံခြုံမယ်လို့ မမြင်ပါဘူး။ အစ္စလာမ်ဘာသာဝင်တွေဟာ မြန်မာပြည်တစ်ပြည်လုံး မှာပြန့် ကျဲပြီးနေထိုင်ကြရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ၊ မန္တလေးမြို့ လုံခြုံခြင်းဟာ မြန်မာပြည်လုံခြုံတယ်လို့  မယူဆပါဘူး။ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲမှာပါတဲ့အတိုင်း၊ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ် ဆိုတဲ့အတိုင်း တခြားအဖွဲ့ အစည်းတွေကို မထိခိုက်စေဘဲ လွတ်လပ်စွာကိုးကွယ်ခွင့်ရှိတယ် ဆိုတဲ့မူဘောင်အတိုင်း တိတိကျကျ ပီပီပြင်ပြင်ဖြစ်စေချင်တဲ့ဆန္ဒပါ ပါတယ်။
နံပတ်နှစ်အချက်က အခုလိုပြဿနာတွေ ကြီးထွားနေတဲ့အချိန်မှာခင်ဗျားတို့ လည်းသိတဲ့အတိုင်းဘဲ၊ အစ်ဒ်လုပ်တယ်ဆိုတဲ့ကိစ္စက
ဓားတွေဘာတွေ သုံးရတဲ့ကိစ္စ ဖြစ်နေတယ်။ အဲဒီအချိန်မှာ spam တစ်ခုဝင်သွားရင် တိုင်းပြည်အတွက်လည်း မကောင်းနိုင်ဘူးဆိုတဲ့အမြင်နဲ့ မလုပ်တာ။
ထပ်ပြီးပြောပါမယ်၊ မနေ့ က အစိုးရအဖွဲ့ ကနေ လုပ်ပါလုပ်ပါလို့  အကြိမ်ကြိမ်လာပြောပါတယ်။ အစိုးရလုံခြုံရေး မဟုတ်ဘူးဆိုတာ ပြောပါမယ်။
မနေ့ က ညနေအထိ၊ ဒီနေ့ မနက်အထိ ကျွန်တော်တို့ နဲ့ တော့ မဆိုင်ဘူး။ဒါပေမယ့် အစ်ဒ်နဲ့ ပက်သက်ပြီး လုပ်မှာမဟုတ်ပါဘူး။ ဒါ အစ်ဒ်နဲ့ ပက်သက်ပြီးရှင်းတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီအတိုင်းဘဲ ဖြစ်လိုက်ပြောလိုက်ဖြစ်လိုက် ဒီလိုပြောလိုက်နဲ့  မရတော့ဘူးလို့ မြင်ပါတယ်။
နောက်ပြီးဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ အရေးအကြီးဆုံးအချက်က တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ဟိုရက်ပိုင်းကဆိုရင် ကြားမှာပါ။ ဘိုကလေးဈေးမှာဆန္ဒပြမယ်။ ဒီဘက်ကလည်း ဆူးလေဘုရားမှာဆန္ဒပြမယ်ဆိုတော့။ဒီ community နှစ်ခု ထိတ်တိုက်မတွေ့ ဖို့ အတွက်ကို ၈၈ က အကုန်လုံးညီအစ်ကိုမောင်နှမတွေ အငယ်တွေကအစ မနေနိုင်ဘူး။ ဆင်းပြီး တားကြပြုကြပေါ့။
ပြဿနာတွေကိုအမုန်းတရားတွေ။နဲ့ မီးတွေပွားပြီးတော့ ဖြေရှင်းလို့ မရဘူး။တစ်ဆင့်ချင်းနိုင်ငံရေးအရ ဖြေရှင်းစေချင်တယ်။ နိုင်ငံရေးအရဖြေရှင်းနိုင်အောင် ကျွန်တော်တို့ နိုင်ငံရေးအရ ဘယ်လိုဘဲဖြေရှင်းမယ်ပြောပြော တိကျခိုင်မာတဲ့ ဥပဒေစိုးမိုးမှု မရှိဘူးဆိုရင် ဘယ်လိုမှဖြေရှင်းလို့ ရမှာမဟုတ်ပါဘူးဗျာ။ ကျွန်တော် တစ်ချက်ထောက်ပြချင်ပါတယ်။အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ နဲ့ ပက်သက်ပြီးတော့ ချီတက်ဆန္ဒပြတဲ့နေရာမှာ ပါမစ်မတင်လို့ ၊ ခွင့်မပြုလို့ ဆိုပြီးတော့ လူငယ်လေးတွေတရားဥပဒေအရ၊ ပုဒ်မ ၁၈ အရ တရားရုံးမှာ ရင်ဆိုင်နေရတယ်။ ဒါမျိုးကိုတောင်အရေးယူတယ်ဆိုရင် ကျန်တဲ့ အလားသဏ္ဍာန်တူသော ဖြစ်ရပ်မျိုးတွေကိုလည်းတိကျစေချင်ပါတယ်။ ဆိုလိုတာက ဒါရှင်းရှင်းဘဲ ပြောတာပါ။
ရာဇ၀တ်မှုမှာဘာသာ လူမျိုးဆိုတဲ့ တံဆိပ် မရှိပါဘူး။ ရာဇ၀တ်မှုကျူးလွန်တဲ့သူဟာဘာသာပေါင်းစုံကလည်း ဖြစ်နိုင်ပါတယ်။ လူ့ အဖွဲ့ အစည်းမှာ အရင်ကလည်းရှိတယ်၊ အခုလည်းရှိတယ်၊ နောင်လည်း ရှိဦးမှာဖြစ်တယ်။ ရှိတိုင်းရှိတိုင်းမှာဘာသာရေးအခြေခံ၊ လူမျိုးရေးအခြေခံတွေနဲ့  ဖြေရှင်းကြမယ်ဆိုရင်ဘယ်တော့မှ ကမ္ဘာကြီးကလည်း ငြိမ်းချမ်းမှာ မဟုတ်ပါဘူး။ ဗမာပြည်မှာရှိတဲ့
အစ္စလာမ်ဘာသာဝင်တွေဟာ အစဉ်အဆက်က အေးအေးချမ်းချမ်းဘဲနေထိုင်ခဲ့တာပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်ထဲမှာ သူခိုးလည်း ရှိမှာဘဲ။မုဒိမ်းကျင့်တဲ့ကောင်လည်း ရှိမှာဘဲ။ ဒါဟာ အစၥလာမ္ဘာသာ၀င္မွမဟုတ္ပါဘူး။ အဲဒီအပေါ်မှာ လူမျိုးရေးနဲ့ ကပ်၊ ဘာသာရေးနဲ့ ကပ်ပြီးတော့ဖြေရှင်းကြရင် အဖြေမှန်တစ်ခုကို ဘယ်လိုမှ မရနိုင်ဘူး။ မွတ်စလင်တစ်ယောက်က၊ အစ္စလာမ်ဘာသာဝင်တစ်ယောက်က လူမျိုးမဟုတ်ဘူးခင်ဗျ။မွတ်စလင်တစ်ယောက်က ပြစ်မှုကျူးလွန်လို့ ရှိရင် တိတိကျကျအရေးယူပေးပါ။
အဲဒီလိုဘဲ မွတ်စလင်မဟုတ်သောလူက ရာဇ၀တ်မှုကျူးလွန်ခဲ့လို့ ရှိရင်လည်းတိတိကျကျ အရေးယူပေးပါ။
မြအေး
သတင်းအကျဉ်းချုပ် ...
မိခင်သဖွယ်ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကတွင် ဝမ်းသာ အားရစွာ ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့သောကိုဖိုးခွား(photo..Min kyaw khine)
ကျွန်တော်သည်၂ဝဝ၇ခုနှစ်၊စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအရေးအခင်း နောက်ပိုင်း ပြည်ပနိုင်ငံများသို့ထွက်ခွာခွင့် နိုင်ငံကူးလက်မှတ် ပြန်လည်မရရှိခဲ့သောကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်း မပြုခဲ့ရပါ။ ၂ဝ၁၂ခုနှစ်၊ ဧပြီလတွင် အမေရိကန်နိုင်ငံရှိ မြန်မာပြည်သူလူထုတို့ ဖွဲ့စည်း ထူထောင်ထားသော ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ ဖိတ်ကြားမှုကြောင့် ၄င်း၊ နိုင်ငံကူးလက်မှတ်သည်လည်း ၂ဝ၁၂ ခုနှစ်၌ ပြန်လည်ရရှိခဲ့သည်ကတစ်ကြောင်း၊ အမေရိကန်နိုင်ငံသို့ ခရီးထွက်ခွင့်ရရှိခဲ့သည်။ယင်းခရီးစဉ်တွင်အမေရိကန်နိုင်ငံရှိမြို့ပေါင်း(၁၂)မြို့ခန့်ကို ပြည်သူ့ဂုဏ်ရည်အဖွဲ့၏အစီအစဉ်ဖြင့်သွားရောက်ကာ မြန်မာပြည်သူလူထုတို့နှင့် တွေ့ဆုံပွဲများ ပြုလုပ်ခွင့်ရခဲ့သည်။
ယင်းခရီးစဉ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ငယ်စဉ်တက္ကသိုလ် ကျောင်းတော်ကြီးတွင် မိတ်ဆွေသူငယ်ချင်း ဖြစ်သူ “ပန်းချီ မင်းကျော်ခိုင်”နှင့် ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သည်။ ထိုအချိန်တွင် “ပန်းချီ မင်းကျော်ခိုင်”နှင့် အတူ နေထိုင်နေသော “ဖိုးခွား” ဟု အမည်ခေါ်တွင်သော စိတ်ရင်းမွန်မြတ်သော၊ လူတကာအား အကူ အညီ ပေးတတ်သော၊ အမျိုးသားရေးစိတ်ဓါတ် နိုင်ငံရေး စိတ်ဓါတ်ထက်သန်သော ခင်မင်ဖွယ် မိတ်ဆွေ တစ်ဦးနှင့်လည်း တွေ့ကြုံခဲ့ရသည်။
ဒုတိယ အကြိမ်မြောက် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလတွင်လည်း NED ဆုပေးပွဲ အခမ်းအနား တက်ရောက်ရန်အတွက် အမေရိကန်နိုင်ငံသို့ ခရီးထွက်ခွင့် ကြုံခဲ့ပြန်ရာတွင် “ပန်းချီမင်းကျော်ခိုင်”နှင့် အတူ “ဖိုးခွား” တို့နှင့် ပြန်လည်၍ ရေစက်ဆုံခဲ့ရပြန်သည်။ “ဖိုးခွား” တို့ သူငယ်ချင်းတို့၏ ကူညီမှုများနှင့် အတူ “ဖိုးခွား” တို့ နေအိမ်တွင် နေထိုင်စားသောက်ကာ “ဖိုးခွား” ၏ မော်တော်ကားဖြင့် ကျွန်တော်သွားလို သည့် ပြည်ပနိုင်ငံရှိ သုဿန်များသို့ သွားရောက်လေ့လာ မှတ်တမ်းတင်ခွင့် ရရှိခဲ့သည်။ “ဖိုးခွား” သည် ယခင့် ယခင်ကာလများ၌ ရန်ကုန်မြို့ရှိ ခြံအမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် တာဝန်ထမ်းဆောင်ခဲ့သော
အမျိုးသားရေးစိတ်ဓါတ် ပြင်းပြသော နိုင်ငံ့သားကောင်း တစ်ဦးလည်းဖြစ်သည်။ ၁၉၈၈ အရေးခင်းကာလအပြီး နိုင်ငံရေးလောက ဖရိုဖရဲဖြစ်ကာ စစ်အုပ်ချုပ်မှုဒဏ်ကို မခံစားလိုသောကြောင့် အကြောင်းအမျိုးမျိုး လမ်းကြောင်းအသွယ် သွယ်တို့ဖြင့် ပြည်ပနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံသို့ ရောက်ရှိပြီး ဝမ်းရေးအတွက် ရုန်းကန်လှုပ်ရှား နေထိုင်ခဲ့ကာ စိတ်ရင်းစေတနာရင်း မှန်ကန်စွာဖြင့် အများသူငှါတို့အား ကူညီပံ့ပိုးဖို့ ဝန်မလေးခဲ့သူ တစ်ဦး ဖြစ်သည်နှင့်အညီ ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာလတွင် အမေရိကန်နိုင်ငံမှ ချီးမြှင့်ခဲ့သော (DEDICATED TO PROMOTING FREEDOM AND DEMOCRACY IN BURMA) ရွှေတံဆိပ်ဆုပေးပွဲ အခမ်းအနားအား တက်ရောက်ရန် ရောက်ရှိနေသည့် မိခင်သဖွယ်ဖြစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဝမ်းသာ အားရစွာ ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့သည်။ ၂၄ နှစ်ကြာ ကွဲကွာခဲ့ရသော မိခင်သဖွယ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဝမ်းသာအားရ ပြန်လည်ဆုံတွေ့ခွင့် ရခဲ့သော်လည်း ၂၄ နှစ်ကြာ ကွဲကွာခဲ့ရသူ “ဖိုးခွား” ၏ မွေးမိခင်ရင်းဖြစ်သူ ဒေါ်စိန်တင့် အား ပြန်လည်ဆုံတွေ့ခွင့် မရရှိခဲ့တော့ချေ။ အကြောင်းမှာ ၂၄ နှစ်ကြာ ကွဲကွာခဲ့ရသော ရန်ကုန်မြို့၊ အမှတ် ၅၉၄၊ ပြင်ဦးလွင်လမ်း၊ (၃၈)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်နေ မိခင်ကြီး ဒေါ်စိန်တင့် အသက် ( ) နှစ်သည် ၂၆.၁ဝ.၂ဝ၁၂ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ယနေ့ ၂၈.၁ဝ.၂ဝ၁၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျန်ရစ်သူမိသားစုတို့နှင့်အတူ ရပ်ဆွေရပ်မျိုးများ၊ မိတ်သင်္ဂဟများ၊ မြောက်ဒဂုံမြို့နယ်ရှိ သံသရာခရီးသည် နာရေးကူညီမှုအဖွဲ့နှင့်ပူးပေါင်း၍ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးစီးကျင်းပပြုလုပ် ပေးခဲ့သော်လည်း သားဖြစ်သူ “ဖိုးခွား” တစ်ယောက် မိခင်ကြီး၏ နောက်ဆုံးခရီးအား ပို့ဆောင်ပေးနိုင်ခွင့် မရှိခဲ့ရချေ။
သို့ပေမယ့် “ဖိုးခွား” တာဝန်ကျေခဲ့ပါသည်။ “ဖိုးခွား” သည် ကျွန်တော့်အား ယခင်က ကွယ်လွန် သွားရှာ ကြပြီဖြစ်သော ဖခင်ကြီး ဦးတင့်လွင်နှင့် ညီအစ်ကိုဖြစ်သူ ကိုမောင်မောင်လွင် တို့အား ရည်စူး၍ မိခင်ကြီး ဒေါ်စိန်တင့် အမည်ဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ US$ 100 အားလှူဒါန်းလိုကြောင်း နယူးယောက်မြို့တွင် ကျွန်တော်ရှိနေစဉ်ကာလ၌ ပြောကြားခဲ့ကာ အလှူငွေ US$ 100 အား ကျွန်တော်၏ လက်ထဲသို့ လှူဒါန်းခဲ့ပြီးဖြစ်သည်။ ကျွန်တော်သည် အမေရိကန်နိုင်ငံသို့ အလှူငွေလက်ခံ ဖြတ်ပိုင်း စာအုပ်များ မပါရှိခဲ့၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိပြီးမှ မိခင်ကြီး ဒေါ်စိန်တင့်ထံသို့ အလှူငွေဖြတ်ပိုင်း အား ဝမ်းသာပီတိ သာဓုခေါ်ဆိုနိုင်ရန်အတွက် နေအိမ်သို့ သွားရောက် အပ်နှံပေးမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ကျွန်တော်၏ခရီးစဉ်သည် နယူးယောက်မြို့မှတဆင့် ဆန်ဖရန်စစ်စကိုမြို့၊ ဆန်ဖရန်စစ်စကိုမြို့မှ လော့စ်အိန်ဂျယ်လစ်မြို့၊ လော့စ်အိန်ဂျယ်လစ်မြို့မှတဆင့် ဂျပန်နိုင်ငံ တိုကျိုလေဆိပ်၊ တိုကျိုလေဆိပ်မှ ဘန်ကောက်လေဆိပ်၊ ဘန်ကောက်လေဆိပ်မှ ၂၇.၁ဝ.၂ဝ၁၂ ရက်နေ့ နံနက် (၈း၎ဝ) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
၂၆.၁ဝ.၂ဝ၁၂ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုလေဆိပ်သို့ ရောက်ရှိသောအချိန်တွင် နယူးယောက်မြို့နေ “ပန်းချီ မင်းကျော်ခိုင်”၏ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားမှုကြောင့် “ဖိုးခွား” ၏ မိခင်ကြီး ဒေါ်စိန်တင့် ကွယ်လွန်သွားပြီဆိုသည့် သတင်းအား ကြေကွဲထိခိုက်စွာဖြင့် ကြားသိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်သည်လည်း တိုကျိုမြို့လေဆိပ်မှ ရန်ကုန်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ချက်ခြင်းအကြောင်းကြားကာ ကူညီဖေးမမှုလုပ်ငန်းအား ဆောင်ရွက် စေခဲ့သည်။ မိခင်ကြီး ဒေါ်စိန်တင့်၏ ကျန်ရစ်သောရုပ်အလောင်းအား နေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပို့ဆောင်ပေးခဲ့ပြီး ယနေ့ ၂၈.၁ဝ.၂ဝ၁၂ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် နောက်ဆုံးနှုတ်ဆက် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားကို ကျင်းပပြုပေးခဲ့တော့သည်။
ကျွန်တော့်အနေဖြင့် တမလွန်ဘဝသို့ ရောက်သွားရှာပြီဖြစ်သော မိခင်ကြီး ဒေါ်စိန်တင့် ကြားသိနိုင် ပါက “အမေ ဒေါ်စိန်တင့် ခင်ဗျား၊ အမေ့ရဲ့သား “ဖိုးခွား” တစ်ယောက် တာဝန်ကျေခဲ့ပါတယ် အမေ။ တိုင်းပြည်နှင့် လူမျိုးအပေါ်လည်း တာဝန်ကျေခဲ့ပါတယ်။ သူငယ်ချင်း အပေါင်းအသင်းများအပေါ်လည်း တာဝန်ကျေခဲ့ပါတယ်၊ အမေ့အတွက်လည်း ကုသိုလ်တာဝန်ကျေခဲ့ပါတယ် အမေရယ်” လို့ပြောကြား လိုပါသည်။ အမေ ဒေါ်စိန်တင့်၏ ကျန်ရစ်သော ရုပ်ခန္ဓာရှိ မျက်နှာပြင်ပေါ်တွင် စို့နေသော ချွေးပေါက်ကလေးများအားသုတ်ပေးရင်းကျွန်တော့်၏စိတ်တွင်းမှ ပြောကြားလိုက်သည်ကို အမေ ဒေါ်စိန်တင့် တစ်ယောက် တမလွန်ဘဝမှ ကြားသိလိုက်မည်ဟု ကျွန်တော် ယုံကြည်မိပါတော့သည်။
ကျော်သူ
သတင်းအကျဉ်းချုပ် ...
မီဒီယာသမားများအတွက် မြန်မာ ၀မ်ပေါင်ရဲ့လိပ်စာကဒ်တခု
ကိုယ့်မြေ ကိုယ့်ယာ ကို ဒိလိုပဲ လာသိမ်းရင်ဘယ်သူကကျေနပ်နိုင်မလဲ။
လက်ပန်းတောင်းဆည်တဲရွာမှာရွာသူ ၃ဦးကို ရဲများကရိုက်နှက်
အဆောက်အဦးဆောက်တာကို တားဆီးနေကြပုံဆည်တဲရွာ က ၂၇-၁၀-၁၂ မြင်ကွင်း
လက်ပန်းတောင်းဆည်တဲရွာက ကိုကျော်နိုင်ပိုင်တဲ့လယ်မြေမှာ စိမံကိန်းက နေကြေးနီသန့်စင်တဲ့စက်ရုံလာဆောက်တဲ့အတွက်
လယ်သမားတွေက တားဆီးခဲ့ပြိး တရုပ်လူမျိုးဆောက်လုပ်ရေးဝန်ထမ်းတဦးကို
ဦးပိုင်ကုမ္မဏီကိုခေါ်ပေးဖို့ တောင်းဆိုခဲ့ပါတယ် ။
ဝန်ထမ်းနဲ့စကားပြန်က ဖုန်းမပါဘူးဆိုတာကြောင့် ရွာသားတွေက သူတိုဖုန်းနဲ့ဆက်သွယ်ခိုင်းတဲ့အခါ ဆက်မသွယ်ပေးတာကြောင့်
ဦးပိုင်ကုမဏီကမလာမချင်း မပြန်သေးဖို့တားခဲ့တယ်လို့ဆိုပါတယ် ။
ရွာသားတွေပိုင်တဲ့လယ်တွေပေါ်မှာကုမ္မဏီက အဆောက်အဦးတွေဆောက်ချင်သလို ဆောက်နေတဲ့ကိစ္စကို ဘယ်သူမှဖြေရှင်းပေးခြင်းမရှိ
တာကြောင့်ရွာသားများက အဆောက်အဦးတွေလာဆောက်တိုင်းအချိုန်ကုန်ခံပြိး ဆန္ဒပြရ တားဆီးရလုပ်နေတာဟာ တလထဲမှာအကြိမ်ပေါင်းမနည်းရှိပြီလို့ဆိုပါတယ် ။
တရုပ်ဝန်ထမ်းကိုမပြန်သေးဖို့ပြောဆိုတဲ့ ဒေသခံတောင်သူတွေကိုလုံခြုံရေးရဲများကရွာသားတွေကိုအကြမ်းဖက်တယ်ဆိုပြိး
ဝင်ရောက် ရိုက်နှက်တဲ့အတွက် ဆည်တဲရွာက ရွာသူ အမျိုးသမီး ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ် ။
ဒီအတွက်ဆားလင်းကြီး ရဲစခန်းမှာနာကျင်စေမူနဲ့အမူဖွင့်တိုင်ကြားထားပါတယ်။
လုပ်စားစရာမြေမရှိလို့ သူတို့ လယ်မြေတွေပေါ်မှာအဆောက်အဦးဆောက်တာကို တားဆီးနေကြပုံ
ဆည်တဲရွာ က ၂၇-၁၀-၁၂ မြင်ကွင်း
Photo.aye mar Facebook
သတင်းအကျဉ်းချုပ် ...
Windows 8 ကို metro-style interface ဖြင့် ပုံဖော်ထားပြီး touchscreen,
mouse, keyboard, pen input တို့ဖြင့် လွယ်ကူစွာ အသုံးပြု နိုင်မည်
ဖြစ်ပါသည်။Windows 8 ဟာ Intel , AMD တို. ရဲ. microprocessors များတွင်
သာမက ARM mobile processor architecture များတွင်ပါ အသုံးပြု နိုင်ပါသည်။
Window server 8 ကို Server version အနေနဲ. ဖြင့်လည်း ထွက် ရှိခဲ.ပါတယ်။
Windows 8 ၏ Minimum System Requirement
Microsoft ကနေပြီးတော့ Windows 8 ကိုလည်း Windows 7 အတိုင်း minimum requirement ကို တက်နိုင်သမျှ
အနည်းဆုံးဖြင့် ပွဲထုတ်ခဲ.ပါတယ်။ Windows 8 ၏ minimum requirement တွေကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။၎င်းတို့ကတော့-
• 1 GHz or faster 32-bit (x86) or 64-bit (x64) processor
• 1 GB RAM (32-bit) or 2 GB RAM (64-bit)
• 16 GB available hard disk space (32-bit) or 20 GB (64-bit)
• DirectX 9 graphics device with WDDM 1.0 or higher driver
• Taking advantage of touch input requires a screen that supports multi-touch တို့ဖြစ်ကြပါတယ်။
Metro User Interface
Windows 8 က အရင်ကထွက်ဖူးတဲ. Windows operating system များနဲ. မတူဘဲ Metro
interface ဖြင့် ပွဲထုတ်ခဲ့ပါတယ်။Windows ကို logon ၀င်လိုက်သည်. နှင်.
တစ်ပြိုင်နက် Metro user interface အနေဖြင့် တွေ.မြင် ရမှာဖြစ်ပါတယ်။
Metro interface ဆိုသည်မှာ- လေးထောင့်ပုံစံအတုံး icons ကလေးများ (Tile
based interface)
ဖြင့်ဖွဲ.စည်း ထားခြင်းကို ဆိုလိုပါသည်။ Metro interface ကို
အသုံးပြုရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ user များအနေဖြင့် Windows 8 ကို
အသုံးပြုရာတွင်
သတင်းအကျဉ်းချုပ် ...
တောင်ငူမြို့ရဲ့ ၀က်သားဒိုင်း ကိုမျိုးလွင် ရဲ့လူမိုက်တစ်စု နဲ့စည်ပင်ဝန်ထမ်းတစ်ချိုရဲ့လုပ်ရပ်တွေကြောင့် မသူသူအောင်(ရူပဗေဒ)ပထမနှစ်ကျောင်းသူအသက်(၂၀)နှစ်ဟာဆယ်နှစ်ဘီးကားကြိတ်၍ သေဆုးံခဲ့ရပါတယ်။
ဖြစ်စဉ်မှာ 23.10.2012 ရက်နေ့မနက် ၃ နာရီလောက်တွင် ၀က်သားမှောင်ခိုသွားပို့ရန် သူငယ်ချင်းတစ်ယောက်နှင့်
့်ထွက်လာစဉ် ပြည်တော်သာလမ်းထိပ်အရောက်မှာကိုမျိုးလွင်ဆိုသူရဲ့လက်သပ်မွေးလူမိုက်တစ်စုနဲ့စည်ပင်ဝန်ထမ်းတို့ပူးပေါင်းပြီး မသူသူအောင်နှင့်သူငယ်ချင်းတို့အား ဆိုင်ကယ်ဖြင့်လိုက်တိုက်၊သံတုပ်ဖြင့်လိုက်ထိုးသဖြင့် ဆိုင်ကယ်ချင်းချိတ်မိပြီး တဖက်မှလာသော်
၁၂ ဘီးကားအောက်ဝင်သွားရာ မသူသူအောင်(သေဆုးံ)သူငယ်ချင်းက(အရေးပေါ်အခြေနေ)မျိုးလွင်၏လူမိုက်တပည့်တစ်ဦး
သေဆုးံခဲ့ပါသည်။
မသူသူအောင် သေဆုးံမှုတွင်ကိုမျိုးလွင်(၀က်ဒိုင်)နှင့်လူမိုက်တစ်စု၊စည်ပင်ဝန်ထမ်းတွေရဲ့ မင်းမဲ့စရိုက်ဆန် မှုကြောင့်သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။ သက်ဆိုင်ရာရဲစခန်းများမှလဲယခုအချိန်ထိ ထိရောက်တဲ့အရေးယူမှုမျိုးလုပ်ဆောင်ပေးချင်း မရှိသေးဘူးလို့ကြားသိရပါတယ်။မျိုးလွင်(၀က်ဒ်ုင်)နှင့်လူမိုက်တစ်စုဟာ တောင်ငူမြို့ပေါ်တွင်သက်ဆိုင်ရာ ရဲစခန်းစည်ပင်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး
သတင်းအကျဉ်းချုပ် ...