Sunday, December 9, 2012
3 လူထုမဲဆန္ဒဖြင့် သမ္မတ ရွေးကောက်ခွင့် မြန်မာပြည်သူတို့သာ ရမည် ဆိုလျှင်
ဖိလစ်ပိုင်နိုင်ငံတွင်သမ္မတဖြစ်ခဲ့သော မစ္စစ်အကွီနိုမှာ ကံကောင်းလှ၏။ အကြောင်းမှာ ဖိလစ်ပိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ဤကဲ့သို့စစ်ရေးအမြင်ရှိရမည်ဟူသော ကန့်သတ် ချုပ်ချယ်မှုမပါ၍ဖြစ်သည်။
ထိုဥပဒေ၏ အပိုဒ်(င)မှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မလုပ် နိုင်အောင် တမင် ရည်စူး၍ ရေးထား သလား အောက်မေ့ရသည်။ အကြောင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကွယ်လွန်သူ ခင်ပွန်း
0 မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်များ
ဂုဏ်လဲ ယူသင့်ပါတယ်။ ဒီတော့ကာ နတ်မောက်ရဲ့ အစဉ်အလာကိုထိန်းသိမ်းသွားမယ့်ပြည်သူတွေဖြစ်စေချင်ပါတယ်။ ဇာတိမာန်ရှိတယ်ဆိုရာမှာလဲ ဒီမြေမှာမွေးလို့ဆိုတာထက် ဒီမြေနဲ့ထိုက်တန်တဲ့ဇာတိမာန်ရှိဖို့လိုပါတယ်။
... နတ်မောက်သူ နတ်မောက်သားတွေဆိုရင် ရိုးဖြောင့်တယ်လို့ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်။ တိုင်းပြည်အကျိုးရှိစိတ်ရှိတယ်လို့လဲ တစ်နိုင်ငံလုံးက ယုံကြည်ကြတယ်"
"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေမြောက်ကြွမြောက်ကြွလုပ်နေလို့ကတော့ ကျွန်မကိုသာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှမလုပ်ဘူး။ အဲဒီတော့လုပ်လို့ရှိရင် ပြည်သူတွေအနေနဲ့ကျွန်မကိုပြောနိုင်တဲ့အခွင့်အရေးရှိပါတယ်။ ပြောလည်းပြောပါ။ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ကျွန်မ ခဏခဏပြောတယ်။ နေရာသိပ်မမက်ကြပါနဲ့။ ကျွန်မခဏခဏသတိပေးတယ်။ မရှိတဲ့ကုလားထိုင်နေရာတောင်မှ လုနေတဲ့လူတွေဟာ ကုလားထိုင်ရှိရင် ဒုက္ခရောက်ရလိမ့်မယ်။ အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေးပါတီတွေပြောသမျှမယုံနဲ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ်တွေဆိုတော့အပြစ်တော့ရှိမှာပဲ။ အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ပါဘူး။ ဒါတွေကို ပြည်သူတွေကနေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေးတဲ့နည်းနဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့သွားနိုင်မှာဖြစ်ပါတယ်"
"ကျွန်မတို့ အာဏာရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန်ထူထောင်နိုင်မယ်။ ဒါကြောင့် အာဏာလိုချင်သလားဆို လိုချင်တယ်လို့ ပြောမယ်။ အာဏာလိုချင်တယ် ဆိုတာ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို မြန်မြန်ဆန်ဆန် တည်ဆောက်ချင်လို့ပဲ "
"အစိုးရတစ်ခုဖြစ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ လုပ်ချင်တာအားလုံး လုပ်နိုင်မယ်ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။ အားလုံးလက်တွဲပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင်နိုင်မယ်။"
"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့ စနစ်ဖြစ်နေတယ်။"
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်ဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းမှ
7 days news journal
0 ကမ္ဘာတဝန်းအပြန်အလှန်တရားဝင်ငွေလွှဲနိုင်မည်
မြန်မာနိုင်ငံရှိ မြန်မာအရှေ့တိုင်းဘဏ် MOB နှင့်အမေရိကန်နိုင်ငံတွင်အခြေစိုက်ပြီးနိုင်ငံပေါင်း ၂၀၀ ကျော်တွင် ဘဏ္ဍာရေးဝန်ဆောင်မှုပေးနေ သော Western Union Company တို့ပူပေါင်း၍ မြန်မာနိုင်ငံမှနေပြီး ကမ္ဘာနိုင်ငံပေါင်း နှစ်ရာကျော်နှင့် နိုဝင်ဘာလ၂၉ ရက်နေ့မှစတင်ကာအပြန်အလှန် ငွေလွှဲပို့နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ငွေလွှဲသူကသာ ဝန်ဆောင်ခပေးရန်လိုအပ်ပြီ ငွေထုတ်သူအနေဖြင့် ဝန်ဆောင်ခပေးရန်မလိုကြောင်း၊ ငွေလွှဲ ထုတ်ယူမည့် သူကိုယ်တိုင်မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီး ငွေပို့သူ၏အမည် ပေးပို့သည့်နိုင်ငံလွှဲငွေပမာဏနှင့် ငွေလွှဲသူ၏လျှိုဝှက်နံပါတ်တို့ကို သိရှိလျှင်ထုတ်ယူနိုင်မည် ဖြစ်ကြောင်း လွှဲငွေထုတ်ယူရာတွင်လည်းဗဟိုဘဏ်ရဲ့သက်မှတ် ပေါက်ဈေးအတိုင်း ထုတ်ပေးလျှက်ရှိကြောင်း MOB ဘဏ်လက်ထောက် အထွေထွေ မန်နေဂျာဒေါ်ဖြိုးသူထွေး၏ ပြောကြားချက် များအရသိရသည်။
ငွေလွှဲခြင်းလုပ်ငန်းများကိုမြန်မာနိုင်ငံရှိ MOB ဘဏ်ခွဲ ၁၉ခုမှလုပ်ဆောင်မည်ဖြစ်ပြီး Western Union Company အနေဖြင့်နည်းပညာပိုင်း၊ စည်းမျဉ်းစည်းကမ်းများ အခက်အခဲနှင့် ပြဿနာများအပေါ်တွင်သာ ကိုင်တွယ်ဖြေရှင်ပေး မည် ဖြစ်ကြောင်းသိရသည်။
ကျူးဘား၊ မြောက်ကိုရီးသားနှင့် အီရန်နိုင်ငံများမှလွဲ၍ ကျန်နိုင်ငံများနှင့် ငွေပို့ငွေလွှဲနိုင်ပြီးဖြစ်ကြောင်း၊ ယခုအချိန် တွင်အမေရိကန်၊ သြစတြေးလျနှင့်နော်ဝေနိုင်ငံတို့မှလွှဲသူပိုများနေပြီး ထိုင်း၊ မလေးရှား၊ ဒူဘိုင်း၊ စင်ကာပူ၊ ဂျပန်၊ ဗြိတိန်၊ နော်ဝေး၊ ကမ္ဘောဒီးယား စသောနိုင်ငံတို့နှင့်လည်း အပြန်အလှန်ငွေလည်းလှယ်မှုများရှိကြောင်းသိရသည်။
ပြည်ပရောက်နေသော မြန်မာနိုင်ငံသားများသည်ယခင်က ငွေလွှဲရာတွင် ယုံကြည်စိတ်ချရမှုနည်းသော ဟွန်ဒီလုပ်ငန်းများကို အားကိုလာခဲ့ရာမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်ယခုအခါတွင်ပုဂ္ဂလိကဘဏ် ၁၄ ခုကိုခွင့်ပြုခဲ့ပြီး ဖြစ်သည်။ အဆိုပါဘဏ်များထဲမှ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးမှုဘဏ် တို့သည် ထိုင်း၊ မလေးရှား၊ စင်ကာပူ နိုင်ငံများနှင့်သာအပြန်အလှန်ငွေလွှဲပို့နိုင်ပြီးယခုအခါတွင် မြန်မာအရှေ့တိုင်းဘဏ် MOB မှတစ်ဆင့်တစ်ကမ္ဘာလုံးသို့ အပြန်အလှန်ငွေလွှဲပို့နိုင်ပြီး ဖြစ်ကြောင်းသိရသည်။
Yangon chronicle
0 မုံရွာမြို့ သံဃာတော်များ အပါး ၅၀၀ ကျော်ခန့်လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့်သံဃာတော်များ အား အကြမ်းဖက်နှိမ်နင်းသောတရားခံကို ဖော်ထုတ်ပေးရန်တောင်းဆို
0 အမျိုးသားနေ့၌ လက်ပံတောင်းတောင် အရေးအတွက် သံဃာတော်အချို့ ဆန္ဒထုတ်ဖော်
ယနေ့ပြုလုပ်သော ရန်ကုန်မြို့ ဆန္ဒဖော်ထုတ်မှုတွင် သံဃာတော် အပါး ၄၀ ခန့်နှင့် လက်ပံတောင်း တောင် အရေးအတွက် လှုပ်ရှားနေသော ပြည်သူ ၄၀ ခန့် ပါဝင်ပူးပေါင်းခဲ့ကြောင်း သိရသည်။
“သူတို့က ဒဏ်ရာရ ကိုယ်တော်တွေကိုလည်း လုံလောက်တဲ့ ထောက်ပံ့မှု
Saturday, December 8, 2012
0 (LEADER) ခေါင်းဆောင် ဖြစ်လာဖို့ လွယ်ကောင်းလွယ်မည်.. သို့သော် ခေါင်းဆောင်အလုပ်ကို ပီပီပြင်ပြင် လုပ်နိုင်ဖို့ ခက်သည်။
နိုင်ငံတခုမှာ လူအများက ဘယ်လောက် အတိုင်းအတာထိ ကြီးမား ကျယ်ပြန့်စွာ
တူညီတဲ့ အမြော်အမြင် ရှိကြလဲ... ဘယ်လောက်ထိ သွေးစည်း ညီညွတ်နိုင်ကြသလဲ ..
ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နိုင်ကြသလဲ.. ဒါတွေကို ကျနော်တို့ ပြန်ပြီး
စိစစ်သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ဒီကိစ္စအပေါ်မှာ အမြဲတမ်း
အားမလိုအားမရ ပြောဆို ဆုံးမ ပဲ့ပြင်ပေးလေ့ရှိတာ လူတိုင်း သိကြ
လက်ခံကြပါတယ်။
ဒီကိစ္စဟာ အစိုးရအပါအဝင် ကျနော်တို့ ပြည်သူတွေအားလုံး အမြဲတမ်း အထူး
သတိထား ဖြည့်ဆည်း မြှင့်တင်သင့်တဲ့ ကိစ္စတခုလို့ ဆိုချင်ပါတယ်။ နောင်လာမယ့်
မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းရမယ့် တာဝန်လည်း ဖြစ်ပါတယ်။ အထူးသဖြင့်
တိုင်းပြည်နဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ယူရတဲ့ ခေါင်းဆောင်တွေက အချိန်အခါ
အားလျော်စွာ အားတက်သရော လုပ်ပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်။ ဒါမှလည်း
နောက်လိုက်တွေက အလေးအနက် လိုက်လုပ်လာနိုင်စရာရှိလို့ နိုင်ငံဖြစ်စေ၊
အဖွဲ့အစည်းကိုဖြစ်စေ ကောင်းတဲ့ဘက်က ပုံသွင်းယူလာနိုင်ဖို့ ရှိပါမယ်။
ဂျပန်နိုင်ငံက အဖြစ်တခု
ဥပမာ ဂျပန် ဆိုပါတော့.. ၂ဝ၁၁ မတ်လ ၁၁ ရက်နေ့က ဆုနမိ ရေလှိုင်း (magnitude
9.0) ကြောင့် လူ နှစ်သောင်းကျော် သေဆုံးပျောက်ဆုံးရပြီး ဒုက္ခ
အကြီးအကျယ်ရောက်တော့ တနိုင်ငံလုံးက မျှဝေ ခံစား
0 အာဏာပိုင်များ၏ မှားယွင်းမှုကို မပြောကြနဲ့ဆိုသည့် ချွေးသိပ်သော အတွေးအခေါ်သည်သာ တကယ့်နောက်ကြောင်းပြန်နေသော စိတ်ဓါတ်-Nay than maung
ဥပဒေချိုးဖောက်ပြီး ဆန္ဒပြခြင်းနဲ့ ထိုဆန္ဒပြခြင်းကို ဖမ်းဆီးမှုများသည် ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းလား၊ Issue ပေါ်မူတည်ပြီး နိုင်ငံရေးအရ လုပ်နေခြင်းလားဆိုသည်မှာ ဥပဒေစိုးမိုးရေးဆိုသည်ကို စိန်ခေါ်နေခြင်းဖြစ်သည်။ဒီမိုကရေစီစနစ်ကိုသွားနေသည့် ကာလတွင် ဆန္ဒပြမှုများကို စိုးရိမ်သူများရှိလာနေသည်။ဆန္ဒပြမှုများ ရှိလာခြင်းသည် နောက်ပြန်လှည့်ရန် စိန်ခေါ်နေသည်ဟု ခံစားရသူများ ရှိလာနေသည်။နောက်ပြန်လှည့်ခြင်းသည် ဆန္ဒပြမှုများနှင့် အင်အားသုံး ဖြိုခွဲမှုများ ထိပ်တိုက်တွေ့ရာ မှ ပေါ်ပေါက်လာနိုင်သောကြောင့် အင်အားသုံးဖြိုခွဲမှုသည် လစ်ဘရယ် ဒီမိုကရေစီ အခြေကျရန် အကြီးဆုံးသော အဟန့်အတားဟု မမြင်ဘဲ ဆန္ဒပြခြင်းသည် ထိုအင်အားသုံးခြင်းကို ဖိတ်ခေါ်သောကြောင့် နောက်ပြန်မလှည့်ရန် မလုပ်သင့်ဟု ဆက်ပြီး ခံစားကြခြင်းဖြစ်သည်။
ဆန္ဒပြခြင်းအတွက် ဥပဒေဘောင်အတွင်း သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လုပ်ဆောင်ခွင့်ရှိသည်။ သတ်မှတ်ထားသော စည်းကမ်းများကို ပေါ်လာသည့် issue အလိုက် ဥပဒေအရမဟုတ်ဘဲ နိုင်ငံရေးအရ ခွဲခြားသောအခါ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆန္ဒပြသူများက မလုပ်ဆောင်ကြတော့။
ထိုသို့ မလုပ်ဆောင်ကြသည့် ဆန္ဒပြမှုများရှိသော်လည်း Issue အပေါ်လိုက်ပြီး အာဏာပိုင်များက အရေးယူသည့် ပုံစံများ ကွဲပြားလာသည်။ ရခိုင်ပြည်နယ်အရေးတွင် ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ၃ကြိမ်အထိ
4 ဦးပိုင် က လျှို့ဝှက်ထားသမျှ ....ကျွဲခိုးပေါ်ပြီ
ကြေးနီစီမံကိန်းအတွက် ရယူထားသည့် မြေဧကခြောက်ထောင်အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် ကျပ် ၅ သိန်းခွဲဖြင့် ပေးလျော်ပြီးဖြစ်သည်ဟု တရုတ်သံအမတ်ကြီးပြောကြား
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ကိုင်ရန် ရယူထားသည့် မြေဧက ၆၀၀၀ အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် မြန်မာငွေကျပ် ၅ သိန်းခွဲဖြင့် အမေရိကန်ဒေါ်လာ ၅ သန်းအထိ ပေးလျော်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်းမီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့ကတွေ့ဆုံစဉ် ပြောကြားလိုက်သည်။'' ၀မ်ပေါင်ကုမ္ပဏီက ၂၀၁၀ ပြည့်နှစ်မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ တိုင်ပင်ပြီးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ရွာသားတွေ ရဲ့မြေယာကိုရယူရာမှာ မြန်မာနိုင်ငံရဲ့ ဥပဒေများနဲ့ ကိုက်ညီတဲ့ စီမံကိန်းဖြစ်ပါတယ်။ အဲဒီအချိန်က မြန်မာဥပဒေအရ မြေတစ်ဧကကို ၅၀၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ၀မ်ပေါင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာကုမ္ပဏီနဲ့ ပြည်သူရဲ့လိုအပ်ချက်ကို ညှိနှိုင်းပြီးတော့ တစ်ဧကကို ကျပ် ၅ သိန်း ၅ သောင်း လျော်ပေးခဲ့ပါတယ်'' ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ဒေသခံပြည်သူများအတွက် နေထိုင်စရာအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ ဆောက်လုပ်ပေးရန် စီစဉ်ထားရှိကြောင်း ပြောကြားခဲ့သည်။
'' လက်ရှိအချိန်ထိ ရွာသူရွာသားတွေနေဖို့ အိမ်ခြေ ၂၀၀၊ မူလတန်းကျောင်း တစ်ကျောင်း၊ ဆေးရုံ တစ်ရုံ၊ ဘုန်းကြီးကျောင်း တစ်ကျောင်း တည်ဆောက်ပေးပြီး ဖြစ်ပါတယ်'' ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။ထိုကဲ့သို့ ၀မ်ပေါင်ကုမ္ပဏီမှ ဆောင်ရွက်ပေးမှုများကို ကျေနပ်မှုမရှိပါက လက်ရှိဥပဒေနှင့်အညီ ညှိနှိုင်းတောင်းဆိုနိုင်သည်ဟု ၎င်းကဆိုသည်။
'' ဒေသခံတွေက အထင်လွဲလို့ အရင်တုန်းက အသေးစိတ်သတင်းတွေကို မသိလို့ ယခုဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် နောင်မှာ လာရောက်ရင်းနှီးမြှုပ်နှံချင်တဲ့ ကုမ္ပဏီများအတွက် ကောင်းကျိုးမရှိနိုင်ပါဘူး'' ဟု သံအမတ်ကြီးက သုံးသပ်သည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ၀မ်ပေါင်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန် ဒေါ်လာ တစ်ဘီလျံဖြစ်ပြီး လုပ်ငန်းလုပ်ကိုင်ကာလမှာ နှစ် ၃၀ ဖြစ် သည်။
''အကျိုးအမြတ်ခွဲဝေမှုမှာ ထွက်လာသမျှ ပစ္စည်းအပေါ်မှာ ခွဲဝေယူခြင်းဖြစ်ပြီး ကုန်ကျငွေကို ဖယ်ပြီး ကျန်တာကို မြန်မာအစိုးရ က ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ ၁၃ ဒသမ ၈၊ ၀မ်ပေါင်မှ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ခွဲဝေထားတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံတာက ၀မ်ပေါင်ကုမ္ပဏီပဲ ဖြစ်ပေမယ့် ၃ ဖွဲ့ခွဲဝေယူကြတာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားသွားခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီတူးဖော်မှု စီမံကိန်းကို ယူဂိုစလား ဗီးလား၊ ကနေဒါနိုင်ငံများမှ စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ တတိ ယမြောက် စီမံကိန်းလုပ်ကိုင်သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။
(EMG)
0 ခရမ်းသားများ၏ အမှန်တရားအတွက် မကြောက်တရား
မှောင်မဲနေသော ဗိုလ်ချုပ်ကြေးရုပ် မီးလင်းတော့မည်။ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်မှ့လူငယ်များမှ့ ၇.၁၂.၂၀၁၂ နေ့တွင် မီးထွန်းပါတော့မည်။လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် မီးထွန်းရန် အချိန် ၁လ ခန့်ကြာမြင့်စွာ လုပ်ဆောင်ရပါသည်။
အသက်မရှိတော့သော ကျနော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ရဲ့ ကြေးရုပ်ကို မီးလင်းစေရန် အခက်အခဲများစွာကို ကြိုးစား ကျော်ဖြတ်နေရပါသည်။
ခရမ်းမြို့၏ မြို့လယ်တွင် မားမားမတ်မတ် တည်ရှိနေသည့်ဗိုလ်ချုပ်ကြေးရုပ်ကို မီးလင်းစေဖို့ အဆင့်ဆင့်သော ဌာန ဆိုင်ရာများတွင် ခွင့်ပြုပေးရန် တင်ပြ၊ ပြောဆိုနေရသည်မှာ အချိန် ၁ လခန့်နောက်ကျခဲ့ရပါသည်။
ထို့ကြောင့်ကိုယ်မြို့၊ ကိုယ်ရွာ ဖွံ့ဖြိုးတိုးတက် စေဖို့ ကိုယ့်မြို့သားတွေမှာ တာဝန်ရှိပါတယ်။ဌာနဆိုင်ရာဆိုသူများ က ဧည့်သည်တွေပါ၊ အချိန်တန်ရင် ကိုယ်နေရာကိုယ်ပြန်ရတာတွေပါ။
ထို့ကြောင့် ဒီမိုကရေစီခရီးလမ်းမှာ ဒီလို ကိစ္စလေးတွေက အစ နောက်ပြန်ဆွဲနေသလိုမျိုး လုပ်ဆောင်နေမယ်ဆိုရင် အရမ်းကို ရုပ်ဆိုးလွန်းလှပါတယ်။
နောက်ဆုံးအနေနဲ့ ပြောလိုသည်မှာ ခွင့်ပြုမိန့်ပေးချင်ပေး၊ မပေးချင်နေ၊ကျနော်တို့ ခေတ်ဆန်းလူငယ်စာကြည့်တိုက်လူငယ်များမှ့ ၇.၁၂.၂၀၁၂ သောကြာ နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား မီးထွန်းပါမည်။
ဖမ်းတာက ဌာနဆိုင်ရာတွေ ရဲ့ အလုပ်ပါ။ ကိုယ်မြို့တိုးတက်စေဖို့က ကျနော်တို့ ခရမ်းသားတွေရဲ့ အလုပ်ပါ။
မှတ်ချက်။ စိန်ခေါ်ခြင်းမဟုတ်ပါ….မကြောက်ခြင်းဖြစ်ပါတယ်။
ခေတ်ဆန်းလူငယ်စာကြည့်တိုက်လူငယ်များ( ခရမ်းမြို့ )
ဇေယျာဦး
0 အမျိုးသားနေ့တွင် သံဃာတော်များ လက်ပံတောင်းပြဿနာအား တိကျသော အဖြေမပေးသဖြင့် လမ်းလျှောက်ဆန္ဒထုတ် ဖော်မည်
ဆန္ဒထုတ်ဖော်ခြင်းကို မပြုလုပ်ရန်အတွက် တားမြစ်ခြင်းများ ရှိသော်လည်း တိကျသော အကြောင်းပြန်ကြားခြင်း မပြု သဖြင့် ယခုကဲ့သို့ ထပ်မံပြုလုပ်ခြင်း ဖြစ်သည်ဟု ဆရာတော် ဦးသောဘိသထံမှ သိရသည်။
"ဆန္ဒဖော်ထုတ်တာတွေကို မလုပ်တော့ဖို့ ဒီနေ့ညခုနှစ်နာရီလောက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံ ပြီး ပြောတယ်။ သူတို့ အနေနဲ့ သံဃာမဟာနယကအဖွဲ့ကိုလည်း ပြောပြီးပြီ။ ဆေးဝါးကုသမှုတွေ ကိုလည်း အဆင်ပြေ အောင် လုပ်ပေးပြီးတဲ့အတွက် ဆက်မလုပ်ဖို့ ပြောပေမယ့် လက်မခံခဲ့ပါဘူး" ဟု ခေါ်ယူ တွေ့ဆုံခဲ့စဉ် ပါဝင်ခဲ့သော ဆရာတော် တစ်ပါးက မိန့်ကြားခဲ့သည်။
ထို့ကြောင့် ဒီဇင်ဘာ၈ရက်နေ နေ့လည် ၁နာရီတွင်အိမ်တော်ရာဘုရားမှ စတင်ကာ ၂၆ဘီလမ်းအတိုင်းအရှေ့သို့တက်ကာ ၈၄လမ်းမှ အနောက်သို့ပြန်ဆင်း၍ သကျသီဟဘုရားဘက်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးသန့်(မြန်မာ့ခေတ်)
0 ကျေးဇူးဂါရဝ သံဓိဋ္ဌာန်ချ အခမ်းအနား
နံနက်(၆း၃ဝ)နာရီအချိန်မှစ၍အသင်းတည်ရှိရာအမှတ်(၁၃/က)၊ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံမြို့နယ်မှ ရေဝေးသုဿန်သို့ ပေါက်တူး၊ ပေါက်ပြား၊ တံမြတ်စည်း၊ လှေခါး၊ ရေအိုးရေခွက်၊ ဂျီးချွတ်ဆေးရည်၊ ပန်းအိုး၊ ပန်းများအား သယ်ဆောင်၍ ရေဝေးသုဿန်သို့ ထွက်ခွာခဲ့ပြီး အုတ်ဂူ၏ အနီး ပတ်ဝန်းကျင်ရှိရှုတ်ထွေးနေသော မြက်ပင်များအားနှုတ်ခြင်း၊ အုတ်ဂူနှင့်သံတိုင်များအား ဆေးကြောသန့်စင် မှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် ဆီမီး၊ အမွှေးတိုင်၊ ပန်းတို့ဖြင့် ဂါရဝတရားရှေ့ထားကာ ကာယကံ၊ ဝစီကံ၊ မနောကံတို့နှင့် ပြစ်မှားခဲ့သည်ရှိပါက ခွင့်လွှတ်ပါရန် နှင့် မိမိတို့ ပြုခဲ့သမျှ (၂ဝဝ၁ ခုနှစ်မှ ယနေ့တိုင် (၁၂) နှစ်တာကာလ) အတွင်း ကုသိုလ်ကောင်းမှု အစုစုတို့ ကို အမျှပေးဝေခဲ့ပါသည်။ တလက်စတည်း ရေဝေးသုဿန်ရှိ ဆရာကြီး မင်းသိင်္ခ၏ အုတ်ဂူသို့လည်း သွားရောက်ဂါရဝပြု၍ ဆီမီး၊

















