Sunday, January 31, 2010

0 မိမိblogမှာသတင်းတခုတင်ရုံနဲ့နံမည်ကြီးfacebookတို့ twitterတို့မှာအလိုအလျှောက် သတင်းတက်အောင်

Bloggers များအတွက် ကိုယ့်ဆီကို လူတွေလာလည်အောင် လုပ်နေတာထက်
လူတွေအများကြီးရှိနေတဲ့နေရာမှာ ကိုယ်က ရောက်အောင်သွားပြီး ကိုယ်ပေးချင်တဲ့
နိုင်ငံရေးသတင်းတွေကို ဖြန့်ဝေတဲ့နည်းက ပိုကောင်းမယ်ထင်လို့ နည်းလမ်းမျှဝေလိုက်ပါတယ်။ ကိုယ့်ရဲ့
blog(ဘလောက်)မှာ သတင်းတခုတင်ရုံနဲ့ နံမည်ကြီး Social websiteများဖြစ်တဲ့ Facebookတို့
Twitterတို့မှာ သတင်းတွေ အလိုအလျောက်တင်ပြီးသားဖြစ်သွားမှာပါ။ ဥပမာ-တကူးတက သွားပြီး
သတင်းတခုချင်းဆီ အတွက် facebook. twitterတို့မှာ log in၀င်ပြီး သတင်းတခုချင်းစီ
တင်စရာမလိုတော့တဲ့နည်းပါ။

ပထမဦးဆုံးအနေနဲ့ http://www.facebook.com/နဲ့ http://twitter.com/တို့မှာ မိမိတို့နံမည်နဲ့
account registerလုပ်ဖို့လိုပါတယ်။

(၁) Blogger ကနေသတင်းတွေ Facebookထဲ auto ထည့်မယ်။

Facebook ထဲကို login ၀င်ပြီး အောက်ပုံမှာပြထားတဲ့အတိုင်းsetting ကို mouseထောက်လိုက်ရင် application settings ကိုတွေ့မှာပါ။ အဲဒါကိုနှိပ်လိုက်ပါ။

ပြီးရင်အဲဒီ Application ထဲက Notes ထဲကို သွားပါ။


ညာဘက်ခြမ်းမှာ Notes Setting ထဲမှာ Edit import settings ကိုတွေ့ရင်နှိပ်လိုက်ပါ။
အဲဒီမှာ ကိုယ့် blog ရဲ့ Feed URL ကို ရိုက်ထည့်လိုက်ရင်ပြီးသွားပါပြီ။

ဥပမာ။ ။ http://www.dawnmanhon.com/feeds/posts/default?alt=rss
http://www.dawnmanhon.com/ရဲ့နေရာမှာ ကိုယ့်ရဲ့ blog နံမည်အစားသွင်းလိုက်ပါ။

သင့်ရဲ့ blogနံမည်က http://www.example.blogspot.com/လို့ဆိုရင် http://www.example.blogspot.com/feeds/posts/default?alt=rss လို့ထည့်လိုက်ပါ။ Feed URL ဆိုတာမသိမှာဆိုးလို့ရှင်းပြရတာပါ။

မိမိရဲ့Twitterမှာ ဘလောက်သတင်းတွေ auto ၀င်အောင်လုပ်တဲ့နည်း ဆက်ရေးပါအုံးမယ်။

ဒေါင်းမာန်ဟုန်

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.