Sunday, January 31, 2010

0 ရဲချုပ်သတင်းစာရှင်းလင်းပွဲ သတင်းထောက်အများစု သတင်းယူခွင့်မရ

အံ့ဘုန်းမြတ်('ဒီဗွီဘီ)

မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ တခုကို ဒီနေ့မနက် ၁၁ နာရီမှာ ရန်ကုန်မြို့။ ဆရာဆံလမ်းက ပြည်ထဲရေး ၀န်ကြီးဌာနရုံးဟောင်းမှာ ကျင်းပသွားပါတယ်။ ဒီရှင်းလင်းပွဲမှာ လွန်ခဲ့တဲ့ရက်ပိုင်း အတွင်း မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့မှာဖော်ပြခဲ့တဲ့ အကြမ်းဖက်ဖောက်ခွဲမှုတွေနဲ့ ပတ်သက်လို့ လူ ၁၁ ဦးကို ဖမ်းဆီခဲ့တာတွေနဲ့ပတ်သက်ပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းပြောကြား သွားတာလို့ သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းဂျာနယ်တချို့နဲ့ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ နီးစပ်တဲ့ နိုင်ငံခြားသတင်းဌာနတွေနဲ့ သတင်းထောက် တွေကိုပဲ ကွက်ပြီးရွေးချယ်ဖိတ်ကြားခဲ့တာလို့လည်း သတင်းစာရှင်း လင်းပွဲ တက်ရောက်ခဲ့သူတွေက ပြောပြကြပါတယ်။

ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်တွေကတော့ ပြည်ထဲ ရေးဝန်ကြီးဌာနရဲ့ ဒီလုပ်ရပ်အပေါ် နားမလည်နိုင်အောင်ဖြစ် နေကြတယ်လို့ သတင်းထောက်တဦးက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လာမယ့်နိုဝင်ဘာမှာ လွှတ်ပေးနိုင်ခြေရှိတယ်လို့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ကျောက်ပန်းတောင်း မြို့မှာ လွန်ခဲ့တဲ့ရက်ပိုင်းက ပြောကြားခဲ့တယ်ဆိုတဲ့ကိစ၊ ဗိုလ်ချုပ်မောင်ဦးသာ အဲဒီလိုပြောခဲ့တယ်ဆိုတာ မှန်ရင်တော့ အဲဒီလုပ်ရပ်ဟာ တရားရုံးရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တဲ့ကိစ္စတို့နဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးကြမြန်းကြမှာကို မလိုလားတာကြာင့် အခုလို နိုင်ငံခြားသတင်း ထောက်အများစုကို ဖယ်ထုတ်ပြီး ချန်ထားခဲ့တာ ဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက်တွေ ဝေဖန်သုံးသပ်ပါတယ်။ ဒါအပြင် နောက်ပိုင်း ရွေးကောက်ပွဲအကြိုကာလတွေမှာ နအဖအစိုးရအနေနဲ့ ဒီလိုလုပ်ရပ်မျိုးတွေ ထပ်ရှိနေဦးမယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ဖြစ်ရပါစေ့မယ်လို့ ပြောဆိုနေတာတွေနေတာကို ယုံကြည်နိုင်ကြမှာမဟုတ်ဘူးလို့လည်း နိုင်ငံခြားသတင်း ထောက်တချို့က ပြောပါတယ်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.