Sunday, January 31, 2010

0 ကိုးကန့်တွင် တန် ၁ဝဝ ကျော်ရှိသော ကျောက်စိမ်းရိုင်းတုံးတစ်ခုကို တွေ့ရှိ

(မက်မြန်မာကုမ္ပဏီကနေ ကချင်ပြည်နယ် ဖားကန့် ဒေသကို သန်းရွှေရဲ့  ခွင့်ပြုချက်ဖြင့် နေရာအပိုင်စီးထားပြီး ကျောက်မျက်ရတနာ တူးဖေါ်ရေးလုပ်ငန်းတွေကနေ ရရှိလာတဲ့ မြန်မာနိုင်ငံရဲ့  ကျောက်စိမ်းတုံးများပုံ)။
Xinhua သတင်းအရ ကိုးကန့်တွင် တန် ၁ဝဝ ကျော်ရှိသော ကျောက်စိမ်းရိုင်းတုံးတစ်ခုကို တွေ့ရှိရကြောင်း သိရသည်။ ၎င်းးကျောက်စိမ်းရိုင်းတုံးကို Max Myanmarကုမ္ပဏီမှ တူးဖေါ်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အလျား ၂၁ မီတာ၊ အနံ ၄.၈ မီတာနှင့် အမြင့် ၁ဝ.၅ မီတာရှိကြောင်း သိရသည်။ တန်သုံးထောင်ကျော်ရှိသော ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းရိုင်းတုံးကိုလည်း ဖားကန့်မှပင် ၂ဝဝဝ ခုနှစ်တွင် တူးဖေါ်ရရှိခဲ့ကြသည်။ မြန်မာပြည်တွင် ၂၁၄၅ဝ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး ပတ္တမြား၊ ၆၃ဝဝဝ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး နီလာဂေါ်ကြိုး၊ ၃၂၉ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး ပြောင်ခေါင်းစိမ်းနှင့် ၈၄၅ ကာရက်ရှိ ကမ္ဘာ့အကြီးဆုံး ပုလဲတို့ရှိကြောင်း သိရသည်။ မြန်မာပြည်၏ ၂ဝဝ၈-၉ ဘဏ္ဍာရေးနှစ်အတွက် တရားဝင်ထုတ်ပြန်ကြေငြာချက်များအရ ပတ္တမြားတန်ချိန် ၃၂၉၂၁၊ ကျောက်မျက်မျိုးစုံ ကာရက်သန်းပေါင်း ၁၈၇၂၈ နှင့် ပုလဲ ၇၅၄ ကီလိုဂရမ် ထွက်ရှိကြောင်း သိရသည်။

မောင်သစ်စိမ်း (myanmar cupid)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.