Sunday, January 31, 2010

0 နအဖစစ်အုပ်စုဟာဒီမိုကရေစီကို ဖေါ်ဆောင်နိုင်ခြင်းရှိမရှိနဲ. ပတ်သက်ပြီးရှမ်းတိုင်းရင်းသူမနန်းဆိုင်ဟောင်ရဲ. ဆောင်းပါး

The Use of Democracy as and Adj
ဂျပန်နိုင်ငံ တိုကျိုမြို.ရှိ Daito Bunka University မှာ ပါရဂူဘွဲ.အတွက် စာတမ်းပြုစုနေသူ ရှမ်းတိုင်းရင်းသူ မနန်းဆိုင်ဟောင်ရဲ. ဆောင်းပါးကို လေ့လာဖတ်ရှုနိုင်ရန် ဖြန်.ဝေပေးလိုက်ပါတယ်၊

ဒီဆောင်းပါးကို Daito Bunka University ရဲ. 18, March, 2010 မှာ ထုတ်ဝေမယ့် Foreign Language Journal No. 39 မှာ ထည့်သွင်းဖေါ်ပြမယ့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်၊

ဒီဆောင်းပါးမှာ နအဖ စစ်အုပ်စုရဲ. ဒီမိုကရေစီနဲ. ပတ်သက်ပြီး ၄င်းတို.ရဲ. သဘောထားအမြင်တွေကို ကိုယ်စားပြုဖေါ်ပြပေးနေတဲ့ မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးများကို သုတေသနပြုလုပ်ထားပြီး အဓိကအားဖြင့် နအဖ စစ်အုပ်စုဟာ ဒီမိုကရေစီကို ဖေါ်ဆောင်နိုင်ခြင်း ရှိမရှိဆိုတာကို နိင်ငံတကာမိသားစုများအနေနဲ. ရှင်းရှင်းလင်းလင်း သိမြင်နိုင်အောင် မီးမောင်းထိုးပြထားပါတယ်၊၊

ဆောင်းပါးရှင်ဟာ မြန်မာနိုင်ငံမှာ နောက်ထပ် ရွေးကောက်ပွဲ မလိုအပ်ဘူး ဆိုတဲ့ ဆရာကြီး ဦးဝင်းတင်ရဲ. ဆောင်းပါးကိုလည်း မှီငြမ်းကိုးကားထားပြီး ပြည်ထောင်စုမြန်မာနိုင်ငံသားအားလုံးရဲ. သဘောထားတွေကို ထင်ဟပ်ပေါ်လွင်အောင် ကြိုးပမ်းရေးသားထားတာကို တွေ.ရှိရပါတယ်၊၊

ဒီဆောင်းပါးကို ထပ်ဆင့်ဖြန်.ချီပေးကြပါရန်နှင့် home page များနှင့် blogs တွေမှာလည်း လွတ်လပ်စွာ ထည့်သွင်းဖေါ်ပြနိုင်ပါကြောင်း သတင်းကောင်းပါးအပ်လိုက်ရပါတယ်ရှင်၊၊

လေးစားစွာဖြင့်
လေးလေး (တိုကျို)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.