Saturday, February 6, 2010

0 မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အကယ်ဒမီ ဆိုင်ရာ Web Portal စတင် လွှင့်တင်

Freedom News Group

မြန်မာ့ရုပ်ရှင် အကယ်ဒမီ ဆုပေးပွဲဆိုင်ရာများ သီးသန့် ကိုသာဖော်ပြမည့် http://www.academy.myanmarcgiaward.com ၀က်ဆိုက်ကို အကယ်ဒမီဆိုင်ရာ Web Portal တစ်ခုအဖြစ်စတင်လွှင့်တင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ၀က်ဆိုဒ်တွင် ယခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ကျင်းပမည့် ၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲ စာရင်းဝင်ဇာတ်ကား ၁၀ ကား၏ ဗီဒီယို နမူနာများကို လွှင့်တင်ထားပြီး ဖြစ်ကြောင်းသိရှိရသည်။ လက်ရှိ လွှင့်တင်ထားသော အဆိုပါ ၀က်ဆိုဒ်တွင် ၂၀၀၈ ခုနှစ်အတွက် ဆန်ကာတင် စာရင်းဝင် ဇာတ်ကား ၁၀ကား အကြောင်းကို အသေးစိတ်ဖော်ပြ ထားသည့် Competion Award ကဏ္ဍ ၊ ဇာတ်ကား ၁၀ ကားမှ ဓာတ်ပုံများနှင့်

ဆုပေးပွဲ အခမ်းအနားမှ ပုံများကိုဖော်ပြမည့် Gallery ကဏ္ဍ ၊ ဆုပေးပွဲတွင် ဇာတ်ကား စာရင်းကို ဖော်ပြထားသည့် Background History ကဏ္ဍ ၊ ၀က်ဆိုဒ် တွင်ဖော်ပြထားသည့် အနုပညာရှင်များထံသို့ တိုက်ရိုက် e-mail ၊ ဓာတ်ပုံ ၊ e-card နှင့် ringtone စသည်တို့ ကို ပေးပို့နိုင်မည့်SubmissionFormကဏ္ဍများပါဝင်ကြောင်းသိရှိရသည်။
” ဇာတ်ကားတွေနဲ့ ပတ်သတ်လို့ ဝက်ဆိုဒ်ကို ၀င်ကြည့်သူတွေက Comment တွေဝင်ရေးနိုင်ပါတယ်။ဒါပေမဲ့ အပြုသဘော ဝေဖန်တာတွေပဲ ဖြစ်ရမှာပါ။ ပုဂ္ဂိုလ်ရေး ဝေဖန်တာမျိုးတွေမပါအောင် စိစစ်ပြီးမှ တင်ပေးမှာပါ “ ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသွားခဲ့သည်။

အဆိုပါ ၀က်ဆိုဒ်တွင် ပါဝင်သော ကဏ္ဍ အားလုံးကိုကြည့်ရှုသူများ အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ် ပေးထားပြီး Register,Log in ပြုလုပ်ရန် မလိုအပ်ပဲ တိုက်ရိုက်အသုံးပြုနိုင်ကြောင်း နှင့် ဗီဒီယိုများကို ကြည့်ရှု ရာတွင်လည်း လျင်မြန်စွာ ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။
အဆိုပါ ၀က်ဆိုဒ်ကို MCGIA မှ တာဝန်ယူ လွှင့်တင်ပြီး TIME TO TIME ဂျာနယ် မှ သတင်းအချက်အလက် ဆိုင်ရာ media partner အဖြစ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

အဆိုပါ သတင်းအချက်အလက်များနှင့် တစ်ခြားသော IT နည်းပညာ ဆိုင်ရာသတင်း အချက်အလက်များအားလုံးကို https://www.timetotimeonline.com တွင်လည်း တိုက်ရိုက် ဖတ်ရှုနိုင်ပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.