ယနေ့ ( စက်တင်ဘာ-၁၀၊ ၂၀၁၁ )ညနေ ၄နာရီ အချိန်က အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ဘတ်ဖဲလိုးမြို့မှာ..မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ၏ ထောင်တွင်း ရပ်တည်နေထိုင်မှု့များကို သရုပ်ဖော်ပြသသည့် အခန်းနားတရပ်ကျင်းပခဲ့ပါသည်။ ဒေသဆိုင်ရာအာဏာပိုင်များနှင့် စိတ်ဝင်စားသူများတက်ရောက်အားပေးကြည့်ရှုခဲ့ပြီး..တက်ရောက်လာသူများမှ.သိလိုသည့်မေးခွန်းများကိုမေးမြန်းရာတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ ယင်းသရုပ်ဖော် တင်ဆက်သည့် အခန်းနားတင်ဆက်ရခြင်း၏ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ-အမေရိကန် )၏ ဥက္ကဌ ဖြစ်သူ ဦးမျိုးသန့်မှ ရှင်းလင်းပြောကြားရာတွင်...
“ ကျနော်တို့ ဒီအခန်းနားကိုတင်ဆက်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကတော့... မြန်မာနိုင်ငံတွင်..နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိကြောင်း...ယင်းနိုင်ငံရေးအကျဉ်းသားများမှာ နေ့စဉ်နဲ့အမျှ ဒုက္ခဆိုးများနဲ့ ရင်ဆိုင်နေရကြောင်း... ယင်းတို့လွှတ်မြောက်ရေးအတွက်... အားလုံးဝိုင်းဝန်းကူညီကြရန်...မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ အမှန်တကယ်ရှိကြောင်း ကမ္ဘာက သိရှိရန် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်