Saturday, June 23, 2012

1 ဗိုလ်ချုပ် ရပ်ခဲ့တဲ့ နေရာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လျှောက်ခဲ့တဲ့ ဒီပလက်ဖောင်း


၁၉၄၇ ခုနှစ် ၊ အောင်ဆန်းအက်တလီ စာချုပ်အတွက် ဗြိတိန် နိုင်ငံ ၊ အမှတ်.၁၀ ၊ ဒေါင်းနင်းလမ်း ကို ဗိုလ်ချုပ်အောင်ဆန်း ရောက်ခဲ့စဉ်က ဗိုလ်ချုပ်ရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တစ်နေ့မှာ ဗိုလ်ချုပ် ရပ်ခဲ့တဲ့ နေရာ.. လျှောက်ခဲ့တဲ့ ဒီပလက်ဖောင်းမှာ ထပ်တူနီးပါး လျှောက်လှမ်းပြီး.. ဂုဏ်ပြုခံ ပုဂွိုလ်တစ်ဦးအနေနဲ့.. နိုင်ငံတကာ အသိမှတ်ပြု လေးစားရသူတစ်ဦး အနေနဲ့ အထူးတလည် ကြိုဆိုခံရလိမ့်မယ် လို့ ကျွန်တော်တို့ လွတ်လပ်ရေးဖခင်ကြီး.. ဗိုလ်ချုပ်အောင်ဆန်း.. တွေးမိခဲ့ဖူးပါ့မလားနော်....။

ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူ...းထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။


Photo..Ko nay myo

1 comment:

  1. Very Good Gene! Their ancestors could be very proud of them.

    Both father and daughter has done a lot for the People in 70 Years.

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.