Tuesday, June 19, 2012

2 U2အဆိုတော်ဘိုနိုမှသူ၏ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုအိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ခေါ်ဆောင်သွား



ိုအိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့လေဆိပ်ရောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်(twitter)

ဒေါ်အောင်ဆန်းစုကြည်အားနိုင်ငံတကာလူအခွင့်အရေးဆုပေးအပ်ပွဲနှင့်U2အဖွဲ့အပါအဝင်ကမ္ဘာကျော်အဆိုတော်များ၊သရုပ်ဆောင်များမှ ဂုဏ်ပြုတင်ဆက်မည့် Electric Burmaအမည်ရှိ ဂီတပွဲတော်သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်သည်။ ဂီတပွဲတော်အပြီး ဒပ်ဗလင်ရှိ ဂုဏ်ပြုရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို အမှတ်တရစကားပြောကြားမည်ဖြစ်သည်။ ယနေ့မနက်နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forumတွင်အိုင်းရစ်အဆိုတော်ဘိုနိုတက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အားဒပ်ဗလင်မြို့သို့သွားရောက်ရန်အတွက်သူ၏ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့်ခေါ်ဆောင်သွားခဲ့ကြောင်း နော်ဝေနိုင်ငံရေးဝန်ကြီးဌာနကသတင်းတရားဝင်ထုတ်ပြန်ခဲ့သည်။

2 comments:

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.