Wednesday, June 20, 2012

0ူLondon School of Economic မှာကျင်းပတဲ့ ဆွေးနွေးပွဲမှာမထင်မှတ်ထားတဲ့ မွေးနေ့လက်ဆောင်ရလို့ အရမ်းဝမ်းသာအံ့သြသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်


photo..AP
သမိုင်းဝင်ဗိုလ်ချုပ်ရဲ့ရှားပါးပုံလေးက ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ခုနှစ်က Londonကိုရောက်တုန်းကရိုက်ထားတဲ့ပုံပါ .. ရှာဖွေဖော်ပြလိုက်ပါတယ်

ဒေါ်အောင်ဆန်းစုကြည်ကို LSE(London School of Economic) ကနေ မွေးနေ့လက်ဆောင် (၅) ခုပေးခဲ့ပါတယ်။

ပထမ တခုက ပန်းလေး၊ နောက်တခုက စာအုပ်လေး၊ နောက်တခုက LSE ဦးထုပ်လေး။ အမေက ဦးထုပ်လေး ဆောင်းပြပြီး လက်ဆောင်ပေးတာ ပြီးသွားပြီ ထင်လို့ ပြန်ထိုင်လိုက်တဲ့ အချိန်မှာ တယောက်က နောက်တခု ကျန်သေးတယ်တဲ့ မင်းအဖေ ဗိုလ်ချုပ်အောင်ဆန်း LSE ကိုလာတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံလေး... ဆိုပြီး ဗိုလ်ချုပ်ပုံလေးကို မှန်ဘောင်သွင်းထားတဲ့ လက်ဆောင်လေး အမေ့ရဲ့ အံ့သြ၀မ်းသာ သွားတဲ့ မျက်ဝန်းလေးနဲ့ အားလုံးကို ပုံလေး ထောင်ပြလိုက်တာ မြင်ရတဲ့သူတွေ ၀မ်းနည်းဝမ်းသာ ဖြစ်စေတယ်။ နောက်ဆုံး လက်ဆောင် တခုကတော့ အမေ့အတွက် မွေးနေ့ သီချင်းလေးပါ ....... (ခင်ကလျာစိုး)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.