Sunday, September 12, 2010

0 မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှ အသက်(၁၃)နှစ်အရွယ်မိန်းကလေးငယ်အား ခလ၇(၈၃)စစ်သားမှမုဒိန်းကျင့်

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် စစ်ကိုးပင်ရွာု(ဘ)ဦးဇော်ကြီး-(မိ)ဒေါ်ချို တို့၏ သမီးဖြစ်သူ မပြည့်ဇော်ချို အသက်(၁၃)နှစ်သည် (၃-၉-၂၀၁၀)နေ့က ကျေးရွာတောင်စပ်အတွင်း ဆိတ်ကျောင်းနေစဉ် မိချောင်းမြို့အခြေစိုက်တပ်ရဲတပ်-ခလ၇(၈၃)တပ်သား ..အမည်မရသေးက အလိုမတူအတင်းအဓမ္မ မုဒိန်းကျင့်ခဲ့ပါသည်။ ယခုအချိန်တွင် မပြည့်ဇော်ချိုမှာ မကွေးဆေးရုံတွင် ဆေးရုံတက်ကုသနေရပါသည်။

ခလ၇(၈၃)တပ်မှအရာရှိစစ်ဗိုလ်များကမပြည့်ဇော်ချို၏ဖခင်အားမကွေးသို့ခေါ်သွားပြီး သတင်းမပြန့်နှံ့ရန် ဖိအားပေးလုပ်ဆောင်နေကြောင်းသတင်းရရှိပါသည်။

မှတ်ချက်။ ။ ရုပ်သံဖိုင် နောက်(၂)ရက်အတွင်း အစဉ်ပြေလျှင်တင်မည်ဖြစ်ပါသည်။

သတင်း။ ။ ဦးအေးမြင့် (လမ်းပြကြယ်)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.