Wednesday, September 15, 2010

0 အန်အယ်လ်ဒီ ပါတီဟာ ရွေးကောက်ပွဲ မဝင်ဖို့ဆုံးဖြတ်ခဲ့ ပေမဲ့ ပါတီ လုပ်ငန်းတွေကိုဆက်လက်မည်

မြန်မာ နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီ တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ခွင့် မရှိတဲ့ တရားမဝင် ပါတီ အဖြစ် စက်တင်ဘာ (၁၄) ရက် နေ့က ကြေငြာလိုက်ပါတယ်။

NLD Headquartersအန်အယ်ဒီ ပါတီ ရုံးချုပ်အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတဲ့ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ကတည်းက ရပ်တည်လာခဲ့ကြတဲ့ ပါတီ ငါးခုနဲ့ ရွေးကောက်ပွဲ ဝင်မယ်လို့မှတ်ပုံ တင်ပြီးမှ ကိုယ်စားလှယ် လောင်း အမည် စာရင်းကို အချိန်မီ မတင်သွင်း နိုင်တဲ့ ပါတီ သစ် ငါးခုကိုလည်း ဆက်လက် ရပ်တည်ခွင့် မရှိ တော့ဘူးလို့ ကော်မရှင်က ကြေငြာ လိုက် ပါတယ်။အန်အယ်လ်ဒီ ပါတီဟာ ရွေးကောက်ပွဲ မဝင်ဖို့ ဆုံးဖြတ်ခဲ့ ပေမဲ့ ပါတီ လုပ်ငန်းတွေ ကိုတော့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ပါတီ ခေါင်းဆောင် တွေက ကြေငြာ ထားခဲ့ ပါတယ်။

တုံ့ပြန်မှုများ

NLD Spokesperson U Nyan Winကော်မရှင် ဟာ တရားဥပဒေ အရ အာဏာ အပ်နှင်း ခံရခြင်း မရှိဘဲ ကြေငြာချက် တာလို့ ဦးဉာဏ်ဝင်းဆိုအန်အယ်လ်ဒီ ပါတီ ကို ဖျက်သိမ်းတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာတာဟာ နည်းလမ်း မကျတဲ့ အကြောင်းနဲ့ နဂို ကတည်း က စာရင်း တင်သွင်း ထားတာ မရှိတဲ့ အတွက် ဖျက်သိမ်း စရာလည်း မလိုဘူးလို့ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက တုန့်ပြန် ပါတယ်။

အဖျက်ခံရတဲ့ တိုင်းရင်းသား ပါတီတွေ စုပေါင်းပါဝင်တဲ့ စီအာပီပီ ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မီတီကလည်း အန်အယ်ဒီက ရွေးကောက်ပွဲကိုလည်း ဝင်မှာ မဟုတ် တဲ့ အပြင် မှတ်ပုံတင် ထားတာလည်း မရှိတဲ့ အတွက် တချိန်ချိန်မှာ ဒီလို ကြေငြာနိုင်တယ် ဆိုတာ ခန့်မှန်းထားပြီး ဖြစ်တယ်လို့ အတွင်ရေးမှူး ဦးအေးသာအောင် က ပြော ပါတယ်။

နိုင်ငံရေး အရ ထိခိုက်မှု

အန်အယ်ဒီကို နိုင်ငံရေး ပါတီ အဖြစ်ကနေ ဖျက်သိမ်းလိုက်တဲ့ အတွက် နိုင်ငံရေး အဖွဲ့အပေါ် အခြေခံ ပြီး လုပ်ဆောင်နိုင်တဲ့ စည်းရုံး လှုပ်ရှားခွင့်၊ လှုံ့ဆော်ခွင့်၊ လူထုနဲ့ ထိတွေ့နိုင်မယ့် အခွင့် အလမ်းတွေကို ကန့်သတ်လိုက်တာ ဖြစ်တယ်၊ ဒါပေမဲ့ အန်အယ်ဒီဟာ အတိုက်အခံ အဖွဲ့ အစည်း တစ်ရပ် အနေနဲ့ ဒါမှ မဟုတ် အစု အရုံး တစ်ခု အနေနဲ့ တော့ ပြည်တွင်းက ပြည်သူတွေကြားမှာသာ မက နိုင်ငံတကာ အလယ်မှာ ပါ ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု က နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး ပညာရှင် ဦးမင်းဇော်ဦးက သုံးသပ်ပါတယ်။အခု လုပ်ဆောင်မှုကို မြန်မာနိုင်ငံရဲ့ အင်အား အကြီးဆုံး အတိုက် အခံ ပါတီကြီးကို လုံးဝ ချုပ်ကိုင်လိုက်တာ လို့တော့ မမြင်ဘူးလို့ သူက ဆက်ပြောပါတယ်။

မြန်မာ အစိုးရ အစိုးရိမ်ဆုံး အချိန်က အခု လောလောဆယ် အချိန်သာ ဖြစ်တဲ့ အကြောင်း၊ လာမယ့် ရွေးကောက်ပွဲမှာ သူတို့ မျှော်မှန်းထားတဲ့ အတိုင်း စစ်တပ်က ကြောထောက် နောက်ခံ ပေးထားတဲ့ ပါတီ ကို ထိခိုက်မှာမျိုးကို မလိုလားလို့ အခုလို လုပ်ဆောင်တာ ဖြစ်တယ်လို့ ဦးမင်းဇော်ဦးက မြင်ပါတယ်။လောလောဆယ်မှာ ရွေးကောက်ပွဲ ဟာ တရားမဝင်ဘူးလို့နိုင်ငံတကာက မြင်အောင် အန်အယ်လ်ဒီက လုပ်ဆောင်မှုတွေကြောင့် ကန့်သတ် တာတွေ လုပ်နေတာ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ လွန်ကာလ နိုင်ငံရေး အခင်း အကျင်း အသစ်မှာတော့ အန်အယ်ဒီ ပါတီ ဟာ ပါတီလို မဟုတ်ပေမဲ့ တခြား အသင်း အဖွဲ့အနေနဲ့စည်းရုံး လှုံဆော်မှုတွေ ကို လုပ်ဆောင် နိုင်မှာ ဖြစ်တယ်၊ အန်အယ်ဒီ ဆိုတဲ့ နာမည်နဲ့ မဟုတ်ရင်တောင် တခြား နာမည် အောက်မှာ နိုင်ငံရေး လုပ်ဆောင်မှုတွေ လုပ်လာနိုင်မယ့် အခွင့် အလမ်းတွေ ရှိပါတယ်လို့ နိုင်ငံ တကာ ပဋိပက္ခ လေ့လာရေး ပညာရှင် ဦးမင်းဇော်ဦးက ယူဆပါတယ်။
(BBC)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.