ဘာသာပြန်။ ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ၁၀နှစ်ကြာကွဲကွာနေခဲ့ရတဲ့ အင်္ဂလန်မှာအခြေစိုက်နေထိုင်နေတဲ့ ဒုတိယသားဖြစ်သူ ကင်မ် အဲရစ် နဲ့ပြန်လည်တွေ့ဆုံနိုင်ခဲ့ပါတယ်။
ကင်မ် အဲရစ်ဟာ ဒီနှစ်၁၁လပိုင်း ပထမအပတ်ကတည်းက မြန်မာနဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှာ အကြိမ်ပေါင်းများစွာ ဗီဇာလျှောက်ခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာပြီးတဲ့နောက်မှ မြန်မာဗီဇာရရှိခဲ့ရပါတယ် ။
fnn သတင်းထောက်ရဲ့ပြောဆိုချက်အရ သားဖြစ်သူ ကင်မ် အဲရစ်ဟာ မြန်မာနိုင်ငံတွင် ၂ပတ်ကြာခန့်နေထိုင်မည်ဖြစ်ပြီး သူ့ရဲ့အမေနဲ့အတူတူ မြန်မာထမင်းဟင်းစားသောက်ချင်ပြီး မိသားစုရဲ့တွေ့နေတဲ့အချိန်လေးကို အလေးထားစွာနေထိုင်သွားမယ်လို့ ကင်မ် အဲရစ်ကပြောဆိုလိုက်ပါတယ်။
သိပ်ကောင်းတယ်ဗျာ.ဒေါ်စုတို့  သားမိပြန်ဆုံကြတဲ့ ပွဲလေး .ဦးဦးဗျားဗျား..ကြည့် ခွင့် ရလိုက်တယ် ဒီဘလော့ မှာ။ ပိုမိုတင်ပြနိုင်မယ်လို့  မျှော်လင့် တယ်...။
ReplyDelete