Saturday, November 27, 2010

0 ပုံပြင်ရိုးရိုးကလေးတစ်ပုဒ် မှ ဂန္တ၀င်မှတ်တိုင်တစ်ခုသို့



ပုံပြင်ရိုးရိုးကလေးတစ်ပုဒ် မှ ဂန္တ၀င်မှတ်တိုင်တစ်ခုသို့

မုဒုံမြို့မှာ နေတဲ့ ဦးမြင့်ဦး+ဒေါ်ပြုံးကြည် တို့ရဲ့သား ကိုထက်နေလင်းဦး နှင့် ရန်ကုန်မြို့မှာ နေတဲ့ ဦးတင်ဝင်း+ဒေါ်ခင်မေညွန့် တို့ရဲ့ သမီး မကြည်သာအေးချမ်း တို့သည် နိုဝင်ဘာလ(၂၆)ရက်နေ့မှာ ချစ်ခြင်းမေတ္တာတရားကို အခြေခံပြီး လူသားဆန်စွာ အတူတူလက်တွဲ ရင်ဆိုင် ကျော်ဖြတ်သွားနိုင်မယ်လို့ မျှော်လင့်ချက်နဲ့ လူကြီးစုံရာမှာ နိုဝင်ဘာ(၂၆)ရက် သောကြာနေ့ ဆီဒိုးနားဟိုတယ်တွင် ထိမ်းမြားလက်ထပ်ခဲ့ပြီးသည့်နောက် နိုဝင်ဘာလ(၂၇) ရက်နေ့တွင် နေအိမ်သို့ မပြန်ခင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မင်္ဂလာပေါ် မင်္ဂလာထပ်သည့် အနေဖြင့် နာရေးလမ်းကြောင်းကို ကုသိုလ်ဖြစ် လာရောက်ကာ မင်္ဂလာဇနီးမောင်နှံတို့သည် နိဗ္ဗာန်ယာဉ်အား ကိုယ်တိုင် လာရောက် မောင်းနှင်ကြသည်။

အနော်မာ(၃)လမ်း၊ ၁၃-ရပ်ကွက်၊ တောင်ဥက္ကလာနေ ကွယ်လွန်သူ ဒေါ်အုံးမြင့် အသက်(၈၂)နှစ်၏ ရုပ်ခန္ဓာအား ကိုထက်နေလင်းဦး နှင့်ဇနီး မကြည်သာအေးချမ်း တို့ဇနီးမောင်နှံသည် ကိုယ်တိုင်ကိုယ်ကျ နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ပိုးကာ ရေဝေးသုဿန်သို့ မောင်းနှင်ပြီး သဂြိုလ်ပေးခဲ့ပါသည်။

ကိုထက်နေလင်းဦး နှင့်ဇနီး မကြည်သာအေးချမ်း တို့ဇနီးမောင်နှံသည်နိုဝင်ဘာ(၂၆)ရက် သောကြာနေ့ ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာပွဲ အခမ်းအနား ပြီးစီးသွားပြီးသည့်နောက် ၂၉.၁၁.၂၀၁၀(တနလာင်္နေ့) မင်းကွန်း တိပိဋကကျောင်းတိုက်၌ မင်္ဂလာဆွမ်းကျွေး အခမ်းအနားရှိသော်ငြားလည်း ယနေ့ ၂၇.၁၁.၂၀၁၀(စနေနေ့)တွင် မအားမလပ်သည့်ကြားမှ ကုသိုလ်ရေး ကိစ္စကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ပေးဆပ်သွားခြင်းသည် မင်္ဂလာဆွမ်းကျွေးဖိတ်စာတွင် ရိုက်နှိပ်ထားသော ပုံပြင်ရိုးရိုးလေးတစ်ပုဒ် မှ ဂန္တ၀င်မှတ်တိုင် တစ်ခု စိုက်ထူခဲ့နိုင်ပြီ ဖြစ်ပါသည်။

ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.