Friday, November 26, 2010

0 ၀မ်းသာကြည်နူးစွာဖြင့် . .


ဝမ်းသာကြည်နူးစွာဖြင့် . . . .

၂၅.၁၁.၂၀၁၀ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ Myanmar Solar Rays Co.,Ltd. မိသားစု (အမှတ် - ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck တန်ဖိုးငွေကျပ် ၁၁၃၀၀၀၀၀/- (တစ်ရာတစ်ဆယ့် သုံးသိန်း)တန် မော်တော်ယာဉ်တစ်စီးအား လာရောက်လှူဒါန်းသွား ပါသည်။

ယင်း လှူဒါန်းပွဲတွင် ၀ဋ်ကြွေးတော်ပြေ ရန်အောင်မြေကျောင်းတိုက် ဆရာတော် (၅) ပါး အား ပင့်ဆောင်၍ နေ့ဆွမ်းဆက်ကပ်ကာ ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပိတ်ရက်မရှိ အများပြည်သူတို့၏ နာရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများအား နေ့တဓူဝ ထမ်းဆောင်ပေးလျှက်ရှိရာ အသင်းပိုင် မော်တော်ယာဉ် (၀န်ထမ်း ကြို/ပို့) တစ်စီးဖြင့်သာ လုပ်ဆောင်နေရသည်ဖြစ်၍ ရုံးကိစ္စများ၊ အလှူငွေကိစ္စများ အခြား အခြားသော လူမှုရေးကိစ္စများအပြင် နာရေးလမ်းကြောင်းများတွင် ၀တ်ရွတ်အဖွဲ့ လိုက်လံရွတ်ဖတ်ခြင်းတို့ကို ပြုလုပ် နေရသည် ဖြစ်သောကြောင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အားနည်းချက်များ၊ နှောင့်နှေးမှုများ ကြုံတွေ့ ခဲ့ရသည်။ ယခုကဲ့သို့ Myanmar Solar Rays Co.,Ltd. မိသားစု (အမှတ် - ၄၂၊ ပါရမီလမ်း၊ (၆) ရပ်ကွက်၊ လှိုင်မြို့နယ်) မှ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် အသုံးပြုရန် TOYOTA Light Truck မော်တော်ယာဉ်တစ်စီး လှူဒါန်းခဲ့ခြင်းကြောင့် အသင်း၏ ပေးဆပ်မှုလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ကူညီမှုများ၊ ထမ်းဆောင်မှုများ ပြုလုပ်နိုင်တော့မည်ဖြစ်ပါသည်။

ထို့အတွက် အလှူရှင် ဦးဝင်းမြင့်သိန်း ၊ ဒေါ်ခင်မြတ်လှိုင် (Myanmar Solar Rays Co.,Ltd.) မိသားစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀မ်းမြောက်ဝမ်းသာစွာဖြင့် သာဓု .. သာဓု .. သာဓု ဟု ခေါ်ဆိုလိုက်ရပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပတ်သက်ဆက်စပ်သမျှ ဒေ၀တာနတ်မင်း အပေါင်း၊ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အပေါင်းနှင့် (၇) ရက်သားသမီး အသင်းသူ/သားများမှ ၀မ်းသာကြည်နူး စွာဖြင့် သာဓု အနုမောဒနာခေါ်ဆို လိုက်ပါသည်။



ပေးပို့သော ကိုကျော်ဟိန်းအားကျေးဇူးတင်ရှိပါသည်။

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.